မြစ်ရေကြီးနေဆဲဒေသများ ဩဂုတ် ၂ - ၆ ရက်နေ့ခန့်အထိ ရေများ အကျနှေးနေဦးမည်..

01/08/2024 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

🔸 အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်နားက ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းက ဆက်ပြီးရှိနေဆဲဖြစ်ကြောင်း ECMWF, GFS, ICON model တွေရဲ့ ခန့်မှန်းချက်တွေမှာတွေ့ရသလို ဒီနေ့ ၁၂: ၅၀ နာရီမှာတွေ့ရတဲ့ အနီအောက်ရောင်ခြည်(IR)ဂြိုဟ်တုပုံမှာလဲ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်၊ ကပ္ပလီပင်လယ်တွေမှာ တိမ်ထုတွေထူထပ်နေတာတွေ့ရပါတယ်။

🔸 GFH က မြစ်ရေအခြေအနေတွေကြည့်တဲ့အခါ-

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဧရာဝတီမြစ်အောက်ပိုင်း(ပြည်မြို့အောက်ဘက်)မှာ သတိပေးအဆင့်၊ စိုးရိမ်ရေမှတ်အဆင့်တွေဆက်လက်ရှိနေပြီး လှိုင်မြစ်တလျှောက်နဲ့ ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်တွေမှာလဲ ထိုနည်းလည်းကောင်းပါပဲ။

တဖက်နိုင်ငံတွေမှာတော့ မြန်မာနိုင်ငံအရှေ့ဖျား လာအိုနယ်စပ်နဲ့ ရွှေတြိဂံ‌ဒေသကိုဖြတ်ပြီး လာအိုနိုင်ငံထဲဖြတ်စီးနေတဲ့ မဲခေါင်မြစ်ရေတိုးတာက သတိပေးအဆင့်(Warning Level)ကိုရောက်နေတာကို တွေ့ရပါတယ်။

🔸 ဆက်လက်ဖြစ်ပေါ်နေနိုင်သည့်မိုးလေဝသအခြေအနေနှင့် မြစ်ရေအခြေအနေ

နောက်လာမဲ့ ၃ ရက်အတွင်း တစ်နိုင်ငံလုံးမှာ မိုးရွာနိုင်ပြီးကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း(မြိတ်မြို့နှင့်အထက်ပိုင်း)တွေမှာ မိုးများနိုင်ပါတယ်။ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းက မိုးနည်းရေရှားဒေသတွေမှာတော့ မိုးရွာနိုင်တယ်၊ မိုးရေချိန်မများနိုင်ပေမဲ့ နေရာကွက်ပြီး မိုးကြီးတာတော့ ဖြစ်နိုင်ပါတယ်။

တစ်ခုသတိထားကြရမှာက ဩဂုတ်လ ၄ ရက်မှ ၉ ရက်အထိ ပင်လယ်ဒီရေတက်ရက်ဖြစ်တာကြောင့် မိုးများချိန်နှင့်ဒီရေတက်ချိန်တိုက်ဆိုင်လျှင် မြစ်ချောင်းကမ်းဘေးရပ်ကွက်တွေ ရေကြီးရေလျှံဖြစ်လာနိုင်တာပါ။

🔸 မိုး/ဇလမှလည်း ဩဂုတ်လ ပထမ ၁၀ ရက်ပတ်အတွင်းမှာ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်အထက်ပိုင်းတွေမှာ မြစ်ရေတိုးလာနိုင်ကြောင်း ထုတ်ပြန်ကြေငြာထားပါတယ်။

🔸 ဩဂုတ်လ လဆန်းပိုင်း ၇ ရက်အတွင်း ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်နိုင်တဲ့ အခြေအနေကြိုတင်ခန့်မှန်းချက်များမရှိသေးပေမဲ့ ဩဂုတ်လ(၃၁)ရက် မိုးလယ်ရာသီကုန်ဆုံးသည်အထိ မိုးများနိုင်တဲ့အခြေအနေက ဆက်လက်ရှိနေဦးမှာဖြစ်တာကြောင့်- မြစ်ရေကြီးနေဆဲဒေသများမှာ ဩဂုတ်လဆန်း ၂ ရက်မှ ၆ ရက်နေ့ခန့်အထိတော့ မြစ်ရေများအကျနှေးနေဦးမှာဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်