အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လာမယ့် ရက်သတ္တပတ်အတွင်း ပြည်နယ်တိုင်းများအလိုက်ဖြစ်နိုင်မည့် အမြင့်ဆုံးအပူချိန်နှင့် အနိမ့်ဆုံးအပူချိန်များ

လာမယ့် ရက်သတ္တပတ်အတွင်း ပြည်နယ်တိုင်းများအလိုက်ဖြစ်နိုင်မည့် အမြင့်ဆုံးအပူချိန်နှင့် အနိမ့်ဆုံးအပူချိန်များ

ဇန်နဝါရီလ ၉ ရက် (ယနေ့) နေ့လယ် ၁ နာရီအချိန်တွင် ရရှိသည့်ဒေတာများအရ  နံနက်အစောပိုင်း ၆ နာရီ ခန့်တွင် အပူချိန်အကျဆုံး(အအေးဆုံး)ဖြစ်ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အပူချိန်အမြင့်ဆုံး (အပူဆုံး) ဖြစ်ကြောင်းတွေ့နေရပါတယ်။

ယနေ့ ဇန်နဝါရီ ၉ ရက် မှ ဇန်နဝါရီ ၁၅ ရက်အထိ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်မြောက်ပိုင်းဒေသများမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် နေ့အပူချိန်များသည် ၃၀ °C အထက်ဆက်လက်ရှိနေမှာဖြစ်ပြီး -

ညအပူချိန်များသည် ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသများမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် ၂၀ °C အောက်သို့ ကျဆင်းပြီး အအေးပိုလာနိုင်ပါသည်။

⚠️ အထူးသတိပြုရန် ⚠️ 

နံနက်အစောပိုင်းအေးနေသော်လည်း နေ့လည်ပိုင်းတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုအခြေအနေက -

🔸 မီးလောင်ခြင်းကို အားပေးနေသည့်အတွက်လည်းကောင်း၊

🔸 မီးလောင်သည့်အချိန် မီးဧရိယာကျယ်ပြန့်လျှင် ပြင်ပမှတိုးဝင်လာသည့် အားပြင်းသောလေပြင်းများကြောင့်လည်းကောင်း "မီးလောင်ရာ လေပင့်"သည့်အခြေအနေဖြစ်နိုင်တာကြောင့် မီးဘေးအန္တရာယ်ကို အထူးသတိထားကြရမှာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

soemoe

soemoe

လွန်ခဲ့သော ၁ နှစ် က

လယ်တိ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 1 ခု

နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား

ကိုနိုင်လင်း • ဖြေကြားချက် 3 ခု

ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ

U Yan • ဖြေကြားချက် 2 ခု

လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့

Aung Nay Linn • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။