ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်နိုင်သည့်လေဖိအားနည်းရပ်ဝန်းများကြောင့် မိုးရွာသွန်းမည့်အခြေအနေUpdate

13/07/2024 12:38 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီခွဲ update ECMWF, GEFS, GFS, ICON, ECMWF AIFS update အရ

သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေးမော်ဒယ်များ၏ ခန့်မှန်းချက်များမှာ ဇူလိုင် ၁၄-၁၅ ရက်နေ့များတွင်တကြိမ်၊ ဇူလိုင် ၁၈-၁၉ ရက်နေ့များတွင်တကြိမ် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်ပြင်တွေမှာ လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်နိုင်ကြောင်း တွေ့ရပါတယ်။

🔸 ဒီအခြေအနေများကြောင့် နောက်လာမဲ့ ၂၄ နာရီအတွင်း ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်တို့ မြစ်ဖျားခံရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ၊ ရခိုင်ပြည်နယ်၊  ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွေမှာ မိုးများနိုင်ပါတယ်။

🔸 နောက်လာမည့် ၃ ရက်(ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်)အတွင်းမှတော့ အလယ်ပိုင်းဒေသများ(စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း)အပါအဝင် တနိုင်ငံလုံးမှာ မိုးရွာနိုင်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာဒေသအလိုက်မိုးသည်းထန်နိုင်ပါတယ်။

🔸 နောက်လာမည့် ၅ ရက် ဇူလိုင် ၁၃ ရက်မှ ဇူလိုင် ၁၇ ရက်)အတွင်း တစ်နိုင်ငံလုံးမှာ မိုးရွာနိုင်ပြီး၊ ဒေသအလိုက် မိုးများနိုင်/မိုးသည်းထန်နိုင်တဲ့ အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။

🔸 ဧရာဝတီမြစ်တစ်လျှောက် အောက်အရပ်များအထိမြင့်တက်လာနေတဲ့ မြစ်ရေအခြေအနေနဲ့ ဇူလိုင် ၁၈-၁၉ ရက် ရေထရက် ပင်လယ်ဒီရေမြင့်တက်နိုင်သည့်ခြေအနေ၊ မိုးများလာနိုင်မည့်အခြေအနေများကြောင့် မြစ်ရေမြင့်တက်ပြီးဒေသများမှ ရေပြန်ကျချိန်နှောင့်နှေးနေနိုင်ပါတယ်။

🔸 ရေနဲ့ပတ်သက်သော သဘာဝဘေးများအတွက် မြစ်ကမ်းချောင်းကမ်းဘေး အနိမ့်ပိုင်းရပ်ကွက်များမှာနေထိုင်သူများအထူးသတိပြုနေထိုင်ကြရန်လိုအပ်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

ပြည်နယ်တိုင်းမြို့များတွင် မိုးရွာနိုင်မည့်အခြေအနေကြည့်ရန်

https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်