မုန်တိုင်းငယ်အားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပေမဲ့ မြန်မာနိုင်ငံဝေးရာကိုဦးတည်ရွေ့လျားမှာဖြစ်

26/11/2024 17:39 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ECMWF Chart(Including Cyclone Genesis) Update အရ နိုဝင်ဘာ ၂၈-၂၉-၃၀ ရက်တွေမှာ လက်ရှိအားကောင်းသော လေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)သည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေ ရာနှုန်းပြည့်ရှိနေကြောင်း တွေ့ရပါတယ်။

အိန္ဒိယမိုးလေဝသဋ္ဌာန(IMD)ကလည်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Deep Depression) သည် နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး တမီလ်နာဒူးပြည်နယ်ကမ်းခြေကိုဝင်ရောက်တိုက်ခတ်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ သတင်းထုတ်ပြန်တာတွေတွေရပါတယ်။

🔸 မုန်တိုင်းငယ်(လက်ရှိအချိန် ပြည်ပြည်ဆိုင်ရာမှ စောင့်ကြည့်ရမဲ့ System Invest-99B)အားပိုကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပေမဲ့ မြန်မာနိုင်ငံဘက်မှ ဝေးရာကိုဦးတည်ရွေ့လျားမှာဖြစ်ပြီး မြောက်ဘက်မှ လေအေးများဝင်ရောက်နေတာကြောင့် မြန်မာနိုင်ငံအပေါ်မုန်တိုင်းအရှိန်သက်ရောက်နိုင်မှုကတော့ အရင် ကြိုတင်ခန့်မှန်းချက်များအတိုင်း နည်းပါးမှာဖြစ်ပါတယ်။

💦 ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့မှာသာ မိုးအသင့်အတင့်မှ မိုးများနိုင်မှာဖြစ်ကြောင်း၊ ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့ မိုးအနည်းငယ်သာရွာသွန်းနိုင်မှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့နေရဆဲပါပဲ။

https://www.mmweather.org/divisional-cities-weather 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်