နိုဝင်ဘာ ၆၊ ၇၊ ၈ ရက်များတွင် ရေကြီးရေလျှံသတိထားရမည့် ဒေသ ၄ ခု

06/11/2024 13:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီ ၃၅ မိနစ်အချိန်ရရှိသည့်ဒေတာများအရ

၁။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက လေပွေလှိုင်းက လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး စပါးရိတ်သိမ်းချိန်မှာ အခါလွန်မိုး(ခေါ်)ဖျက်မိုး အန္တရာယ်ရှိနေတာနဲ့ ရေကြီး/မြေပြိုပြီး ဒေသတွေမှာ မိုးတွေများပြီး တောင်ပြို/မြေပြို/ရေကြီး ဆိုတဲ့ သဘာဝဘေးအန္တရာယ်တွေ ထပ်ဖြစ်လာမှာလား? ... ဆိုတဲ့ စိုးရိမ်စိတ်နဲ့ 

၂။ နိုဝင်ဘာလလယ်ပိုင်းလောက်မှာ တောင်တရုန်ပင်လယ်ဘက်ကတဆင့် ဗီယက်နမ်ကမ်းခြေကိုဦးတည်ရွေ့လျားလာမယ်လို့ တွေ့နေရတဲ့ တိုင်ဖွန်းမုန်တိုင်း YINXING ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မုန်တိုင်းအကြွင်းအကျန်တွေရောက်လာပြီး မိုးများနိုင်ဦးမလား? ဆိုတဲ့ စိုးရိမ်စိတ် ၂ ခု လတ်တလောအချိန်မှာဖြစ်နေတာ ရှိပါတယ်။

ဒီစိုးရိမ်စိတ်ဖြစ်ပေါ်နေတာတွေအတွက် ဒီနေ့မနက်ပိုင်းရပြီးသမျှ update တွေအရ -

🔸 ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်နေတဲ့ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးတွေတော့ ရွာမှာပါ။ မိုးများနိုင်/မိုးကြီးနိုင်မဲ့ ဒေသကတော့ ၄ ခု သာတွေ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်းမြောက်ပိုင်းနဲ့ ဧရာဝတီတိုင်း ၄ ခုပါပဲ။

🔸 ရှမ်းပြည်နယ်တောင်ပိုင်း - တောင်ကြီး၊ အင်းလေး၊ ဘန်းယဉ်၊ ကျိုင်းတောင်း၊ မောက်မယ် စတဲ့ဒေသတွေမှာ မိုးရေချိန် ၈၀ မီလီမီတာအထိက်(၃ လက်မ အထက်) ရွာပြီး မိုးများနိုင်ပါတယ်။ ရေကြီးခဲ့ မြေပြိုခဲ့တဲ့ဒေသတွေမှာ နိုဝင်ဘာ ၆ ရက်၊ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မိုးများနိုင်တာကြောင့် "မြေပြို/တောင်ပြို/တောင်ကျရေရုတ်တရက်ကျဆင်း" ဆိုတဲ့ ရေ+မြေ နဲ့ပတ်သက်တဲ့ သဘာဝဘေးများထပ်မံဖြစ်လာနိုင်မှာကို သတိပြုကြစေလိုပါတယ်။

🔸 ကယားပြည်နယ် - လွိုင်ကော်မြို့ဝန်းကျင်မှာ ရွာနိုင်မဲ့ မိုးရေချိန်က ၉၄.၅ မီလီမီတာ(၃.၇၂ လက်မ နှင့်အထက်) ရွာနိုင်တာကြောင့် ရေကြီးပြီးကာစ ကယားပြည်နယ်အတွက်လည်း နိုဝင်ဘာ ၆၊ ၇ နဲ့ ၈ ရက်တွေမှာ အထူးသတိထားရမှာပါ။

🔸 ပဲခူးတိုင်းမြောက်ပိုင်း - ပဲခူးရိုးမ အနောက်ဘက်ခြမ်းးက ပြည်မြို့ဝန်းကျင်နဲ့ အရှေ့ဘက်ခြမ်းက ဆွာ မြို့ဝန်းကျင်မှာ မိုးရေချိန် ၈၄ မီလီမီတာ(၃.၃ လက်မ)ခန့် ၂၄ နာရီအတွင်းရွာနိုင်တာကြောင့် မိုးများပါမယ်။ ဒီဒေသတွေမှာတော့ ရေပြည့်နေတဲ့ ဆည်/တမံများပတ်ဝန်းကျင်က သတိထားကြဖို့သာလိုမှာဖြစ်ပြီး စိုးရိမ်ရေမှတ်များအောက် အတော်ကျနေပြီဖြစ်တဲ့ ဧရာဝတီနဲ့ စစ်တောင်းမြစ်တွေမြစ်ရေကြီးမှာ ကိုတော့ စိုးရိမ်စရာ မရှိပါ။

🔸 ဧရာဝတီတိုင်း - ဒီနေ့မနက် ကြိုတင်ခန့်မှန်းမှာ ဧရာဝတီတိုင်းက မိုးရေချိန်ခန့်မှန်းချက် အများဆုံးပါ။ နိုဝင်ဘာ ၇ ရက် နဲ့ ၈ ရက် ၂ ရက်အတွင်း ၂၄ နာရီမိုးရေချိန်က ၁၁၄.၈ မီလီမီတာ(၄.၅၁ လက်မ)အထိရှိနိုင်တာတွေ့ရပါတယ်။ မိုးများမဲ့ဒေသတွေက မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း(ပင်လယ်နဲ့)နီးလေ မိုးပိုများလေဖြစ်ပါတယ်။ သတိထားရမဲ့ မြို့နယ်တွေက ဝါးခယ်မအောက်ဘက်၊ ကျုံမငေး၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်နဲ့ လပွတ္တာမြို့များဝန်းကျင်ဖြစ်ပြီး မြောက်ဘက် မအူပင်-ညောင်တုန်း ဘက်မှာတော့ မိုးရေချိန် ၈၀.၇ မီလီမီတာ(၃.၁၈ လက်မခန့်)ရွာနိုင်ပါတယ်။

၄ ရက်အတွက် မိုးလေဝသအခြေအနေများကြည့်ရန် - https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်