၃ ရက်အတွင်း မိုးသည်းထန်နိုင်မယ့် ဒေသများ
ဘင်္ဂလားပင်လယ်အော်တွင် အစပျိုးလာသည့် သိသာထင်ရှားခြင်းမရှိသေးသော လေဖိအားနည်းရပ်ဝန်းဟာ လက်ရှိအချိန်မှာ အားနည်းနေဆဲဖြစ်ပြီး(ရေပြင်ညီလေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်ခန့်သာရှိနေသေးသည်)။ တိမ်ထုစုဖွဲ့မှုသည်လည်း သိသာထင်ရှားခြင်းမရှိသေးတာကြောင့် သက်ဆိုင်ရာမိုးလေဝသဌာနများမှ တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပါ။ အိန္ဒိယမိုးလေဝသဌာနကတော့ ၂၃ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းကြေညာထားပါတယ်။
လေစီးကြောင်းများအခြေအနေကိုလေ့လာဆန်းစစ်ကြည့်တဲ့အခါ စက်တင်ဘာ ၂၂ ရက် နေ့လည် ၁၂ နာရီမှာ ECMWF, GFS နဲ့ ICON model များက ရတဲ့အချက်အလက်တွေအရ -
ပင်လယ်ရေပြင်ညီအမြင့်(MSL)မှ အမြင့်ပေ ၅၀၀၀(850hPa height)နဲ့ အမြင့်ပေ ၁၄,၀၀၀ အထိ လက်ဝဲရစ်လေစီးကြောင်းဆက်စပ်ဖြစ်ပေါ်နေပြီးဖြစ်တာကြောင့် မြောက်လတ္တီတွဒ် 14.733°N, အရှေ့လောင်ဂျီတွဒ် 87.948°E မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နေပြီလို့ ပြောလို့ ရပါပြီ။
လက်ရှိတွေ့ရတဲ့ အထက်အမြင့်လေထုလွှာအတွင်းမှ လေဖိအားနည်းဗဟိုချက်က အနောက်-အနောက်တောင်ဘက်ကိုတိမ်းစောင်းနေတာကြောင့် အနောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမှာမဟုတ်ကြောင်း ပထမဆုံးတင်ပြလိုပါတယ်။
ဒုတိယတချက်အနေနဲ့ ဒီလေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် သူ့ရဲ့ညာဘက်ခြမ်း၊ မြန်မာနိုင်ငံအတွင်းမှ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ခြမ်း)၊ ဧရာဝတီတိုင်းကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နောက်လာမဲ့ ၇၂ နာရီ(၃ ရက်အတွင်း)မိုးရေချိန် တစ်ရက်ပျမ်းမျှ ၃၀ မီလီမီတာအထက်ရွာသွန်းပြီး မိုးသည်းထန်နိုင်မဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။

ပုံမှာ ၃ ရက်အတွင်းရွာသွန်းနိုင်မဲ့မိုးရေချိန်အနည်းအများကြည့်ရန် အရောင်အညွှန်းထည့်ပေးထားပါတယ်။

ည ၂ နာရီ ၈ မိနစ်မှာတော့ လေပွေလှိုင်းနဲ့ မုန်တိုင်းအကြွင်းအကျန်တိမ်တွေက ဧရာဝတီတိုင်းအနောက်ဘက် ချောင်းသာ၊ ငွေဆာင်ကမ်းခြေများအပေါ်ကို ရောက်သွားပါပြီ။ ဒါတွေက အစပျိုးနေဆဲ လေဖိအားနည်းရပ်ဝန်းဆီရောက်သွားကြပါလိမ့်မယ်။ မြန်မာတစ်နိုင်ငံလုံးက မုတ်သုံဆုတ်ခွာချိန် အောက်တိုဘာ ၁၅ ရက်ဝန်းကျင်မှဖြစ်ပြီး မိုးလွန်ကာလက နိုဝင်ဘာ ၃၀ ရက်မှ ပြီးပါမယ်။ နှစ်အကုန် လာနီညာဖြစ်နိုင်ချေက ၇၁% အထိလျော့သွားတာကြောင့် လာနီညာသက်ရောက်မှုက အတော်နည်းသွားပါလိမ့်မယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဆက်စပ်ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ပျိုးပင် အရွက်ဝါပြီး ရွှက်ဖျားခြောက်နေခြင်းကို ဘာဓာတ်လိုအပ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?
than way • ဖြေကြားချက် 0 ခု
စပါးခင်းမှာဖြစ်နေတာလေးတွေတွေ့လို့ပါ ဘာဖြစ်တာလဲဆိုတာပြောပြပေးပါဦး
တောသားလေး • ဖြေကြားချက် 3 ခု
ဘာရောဂါလဲ ဘာဆေးဖျန်းရမလဲ ရှေ့တစ်ပတ်က hexaconazole mancozeb carberdazin ဖျန်းထားတယ်ဗျ
nay • ဖြေကြားချက် 4 ခု
ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့
တောသားလေး • ဖြေကြားချက် 2 ခု
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026