အခုဆိုရင် ပြည်သူ့အချစ်တော် မိုးနတ်သမီးလေးစုစုစံနဲ့ ပူးပေါင်းပြီး မိုးလေဝသသတင်းတွေ ပေးလာတာ ၅ ရက်ရှိသွားပါပီ။ ရက်နီး ရက်ဝေးခန့်မှန်းချက်တွေကိုကြည့်ပြီး သီးနှံတွေအတွက် စိုက်ပျိုး/ ရိတ်သိမ်း/ သိုလှောင်ခြင်းလုပ်ငန်းတွေ ပြင်ဆင်ရာမှာ ပိုပြီးအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အခုဆို မင်းဂွတ်သီးလေးကလည်း စိုက်ပျိုးရေးပညာရှင်တွေ၊ စိုက်ပျိုးရေးအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်အားထက်သန်နေတာကြောင့်
စိုက်ပျိုးရေပညာရှင်များရှင့် ရာသီဥတုမိုးလေဝသ စိုက်ပျိုးရေးနှင့်ပတ်သက်သော ဝေဖန်အကြံပြုချက်များကို မင်းဂွတ်သီးလေးရဲ့ CB သို့ ပေးပိုးပေးနိုင်ပါတယ် Friends အဖြစ်လက်ခံပြီး မြန်မာနိုင်ငံစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရန် အတူပူးပေါင်းဆောင်ရွက်သွားပါမယ်𝙎𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍 𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧
အစိမ်းရောင်လမ်းရဲ့ စာဖတ်သူတွေကရော ဘာတွေလုပ်ပေးစေချင်လဲ စိုက်ပျိုးရေးမိုးလေဝသနဲ့ပတ်သက်ပြီး ဘာတွေလေ့လာချင်ကြလဲ ပြောပြသွားပေးကြပါအူးရှင့်။ ဒါကတော့ မိုးနတ်သမီးလေးစုစုစံ ရဲ့ ဖေ့စ်ဘုတ်အကောင့်ပါရှင်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်