ကြံများအား စောင့်ဆိုင်းရောင်းချရခြင်းကြောင့် အလေးချိန် လျော့နည်းကျဆင်းဟု တောင်သူများဆို

Photo - လက်ရှိ ကြံခုတ်ရာသီ အစတွင် ကြံ တစ်တန်လျှင် စက်ရုံအရောက် ကျပ် ၄၅,၀၀၀ ခန့်ဈေးဖြင့် ရောင်းချနေသည်။ ဓာတ်ပုံ- AMIA

ကြံခုတ် ရာသီချိန်အတွင်း စက်ရုံများမှ လက်ခံဝယ်ယူနိုင်သည့် ပမာဏထက် ပိုမိုများပြားလာပါက ရက်အနည်း ငယ်စောင့်ဆိုင်း ရောင်းချရသည့်အတွက် အလေးချိန် လျော့နည်းကျဆင်းလာမှုကြောင့် နစ်နာနေရကြောင်း ကြံ စိုက်တောင်သူများက ဆိုသည်။

“ တောင်သူတွေက အပြိုင်အဆိုင် ခုတ်ယူတဲ့အခါဖြစ်ဖြစ် စက်နဲ့ ဖြတ်ယူပြီးရင် အနီးစပ်ဆုံး စက်ရုံတွေကို ရောင်းချကြတယ်။ ဒီအချိန် တန်ချိန်ပမာဏများလာရင် ကတ္တားချိန်ဖို့ အချိန်ယူရတော့ နေ့စဉ်အလိုက် လျော့ချဝယ်ယူတာ လုပ်တယ်။ ဒီအချိန် ခုတ်ကြံတွေ စုပြုံတဲ့အခါ ကတ္တားချိန်နိုင်ဖို့ စောင့်ဆိုင်းရတဲ့ ရက်ကြာလေ တန် ချိန် လျော့နည်းလေပဲ။ ကြံစိုက်တောင်သူအနေနဲ့ စက်ရုံတွေကို အဓိကရောင်းရတာဆိုတော့ စက်ရုံက ဝယ်မှ သာ စိတ်ချရမှာ။ ဒါကြောင့် သကြားကြိတ်ခွဲ စက်ရုံတွေ များများရှိဖို့ လိုအပ်တယ်”ဟု ရေတာရှည်မြို့နယ်ရှိ ကြံ စိုက်တောင်သူ တစ်ဦးဖြစ်သူ ဦးကိုလွင်က ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"တမာတစ်ခက် သွားတစ်သက်"