အရွယ်အစားကြီးမား…ဝေလငါးမန်းများ

21/09/2021 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ဝေလငါးမန်း (Whale Shark) တွေဟာ မြောက်လတ္တီတွဒ် 30 ဒီဂရီ နှင့်တောင်လတ္တီတွဒ် 35 ဒီဂရီအကြား အပူပိုင်းဇုံနှင့်နွေးထွေးတဲ့ ပင်လယ်ရေမျက်နှာပြင်မှာ နေထိုင်ကြပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာနှင့် အင်ဒိုပစိဖိတ်ပင်လယ်ပြင်မှာ အများဆုံးနေထိုင်ကျက်စားပြီး အရွယ်အကြီးဆုံးကတော့ ၂၀ မီတာအထိ ကြီးထွားနိုင်ကြပါတယ်။ အရွယ်အကြီးဆုံးအလေးချိန်က ၃၇ တန် အထိအလေးချိန်ရှိနိုင်ပါတယ်။ ပျမ်းမျှအရွယ်အစားကတော့ ၁၀ မီတာ ၀န်းကျင်လောက်ပါဘဲ။ အကောင်ပေါက်ကလေးတွေကတော့ ၂ ပေ ၀န်းကျင်အရွယ်အစားဘဲ ရှိပါတယ်။

ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းမှာ နေထိုင်တတ်ကြပေမယ့် ကမ်းဦးရေတိမ်ပိုင်းနဲ့ မြစ်၀တွေအထိ ဝင်ရောက်လာတတ်တဲ့ ရေသတ္တဝါကြီးတွေလဲဖြစ်ပါတယ်။ ရေအနက် အနည်းဆုံး ၁၂၈၆ မီတာအထိငုပ်နိုင်တယ်လို့ သုတေသနပြုချက်တွေအရ သိရှိရပြီး ရေမျက်နှာပြင်အနီးမှာသာ တွေ့ရမှုများပါတယ်။

ဝေလငါးမန်းတွေရဲ့ပုံစံက ခေါင်းကြီးပြီး ပြားပါတယ်။ နှာခေါင်းတိုတဲ့ငါးမျိုးဖြစ်ပြီး အရွယ်‌ရောက်တဲ့ ဝေလငါးမန်း ရဲ့ပါးစပ်ကိုဖြဲလိုက်မယ်ဆိုရင် ၁.၅ မီတာလောက်ကျယ်တဲ့အတွက် လူတစ်ယောက်ဟာ ခေါင်းအနည်းငယ်ငုံ့ပြီး ဝေလငါးမန်းရဲ့ ပါးစပ်ထဲကို ၀င်လို့တောင်ရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ဝေလငါးမန်းဟာ ငါးမန်းအမျိုးအစားတစ်မျိုးဖြစ်ပြီးအကောင်ကြီးပေမဲ့ လူကိုလုံး၀အန္တရာယ်မပြုတတ်ကြပါဘူး။ Whale Shark ရဲ့ပါးစပ်အတွင်းပတ်လည်မှာ သွားတန်း ၃၀၀ ခန့်ရှိပြီး အရမ်းသေးငယ်တဲ့သွားတွေဖြစ်တဲ့အတွက် အစာစားတဲ့အခါမှာတော့ အဲ့ဒီသွားတွေဟာ အသုံးမ၀င်ကြပါဘူး။

ဝေလငါးမန်းရဲ့အဓိကအစာတွေကတော့ ပုစွန်ဆိတ်ငယ်များ၊ ခရုကမာကဲ့သို့ အခွံမာရေသတ္တဝါငယ်များ၊ ကင်းမွန်များ၊ ငါးပါးနီများ၊ Zooplankton နှင့် Phytoplankton တို့ဖြစ်ကြပါတယ်။

ယခုအခါ ကမ္ဘာပေါ်မှာ Whale Shark ကို နိုင်ငံခြားခရီးသွားများအတွက် အသုံးချနေကြပြီး သြစတေးလျ Australia၊ ဖိလစ်ပိုင် Philippines နှင့် မောဒိုက် Maldives နိုင်ငံတွေမှာ Swimming with Whale Shark (ဝေလငါးတွေနဲ့အတူရေကူးခြင်း) ခရီးစဉ်တွေဟာ​ကျော်ကြားလျက်ရှိပါတယ်။ Philippines၊ Oslob မှာ ဝေလငါးနဲ့ရေအတူကူးမယ်ဆိုရင် မိနစ် ၃၀ ကို ဒေါ်လာ၂၀ ကျသင့်တယ်လို့ မှတ်သားရဖူးပါတယ်။

မြိတ်ကျွန်းစုမှာ Whale Shark ဝေလငါးမန်းကို “၀ဇီပြောက်” လို့ခေါ်ကြပြီး၊ ဧရာ၀တီကမ်းရိုးတန်းဒေသတွေမှာတော့ “ငါးမန်းဖလောင်း” လို့ခေါ်ကြပါတယ်။ မွန်ပြည်နယ်ဘက်မှာ‌တော့ "ဖားငါးမန်း” လို့ခေါ်ကြပါတယ်။ ဧရာ၀တီကမ်းရိုးတန်းမှဒေသခံအချို့ကတော့ ဝေလငါးကို ဦးရှင်ကြီးရဲ့ငါးလို့ယုံကြည်ကြကြောင်းနှင့် ကြောက်ရွံ့မှုရှိကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရသိရှိရပါတယ်။

ဒေသခံတွေကြောက်ရွံ့တာက လှေဖြင့် ခရီးသွား/ငါးဖမ်းစဉ်မှာ ဝေလငါးမန်းက လှေအောက်မှာနေပြီး ရေပေါ်သို့ပေါ်လာမှာကိုဖြစ်ပါတယ်။ (အဲ့ဒီလိုဖြစ်ရင်တော့ သေချာပေါက် လှေမှောက်နိုင်ပါတယ်။)

Shark Diving (ဝေလငါးဒိုင်ဗင်ပြုလုပ်ခြင်း) မှာ ဝေလငါးကိုကြည့်ရှု့ရင်ဗိုက်အောက်နှင့်‌ ဘေးကနေဘဲကြည့်ရှု့ရပြီး ဝေလငါးရဲ့အပေါ်ကနေ မကြည့်သင့်ကြောင်း  Whale Shark Diving ပြုလုပ်ဖူးသူတစ်ဦးပြောပြချက်ကိုလည်း မှတ်သားရဖူးပါတယ်။ ဝေလငါးဟာ လူကိုအန္တရာယ်မပြုပေမယ့် ရေမျက်နှာပြင်ပေါ်ကို ရံဖန်ရံခါတက်လေ့ရှိပြီး သူ့ရဲ့ကျောပေါ်မှာ Diver ရှိနေရင် Diver နဲ့ထိတွေ့မိချိန်မှာ Diving Gear များပြုတ်ထွက်နိုင်တဲ့အတွက် အသက်အန္တရာယ်ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ဝေလငါးကို မြိတ်ကျွန်းစုနဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာတွေ့ရှိရတတ်ပါတယ်။ မွန်ပြည်နယ်ဘက်က ကမ်းခြေတွင်လည်း တစ်ခါတစ်ရံသောင်တင်လေ့ရှိကြပါတယ်။ သတ္တဝါတွေရဲ့အမူအကျင့်အရ သူတို့နေထိုင်လို့ရမယ့် ရာသီဥတုရှိတဲ့နေရာနှင့် သူတို့ရဲ့အစားအစာပေါများတဲ့နေရာမှာသာ ကျင်လည်ကျက်စားတတ်တဲ့သဘာ၀ရှိတဲ့အတွက် မြန်မာ့ပင်လယ်ပြင်ဟာ ဝေလငါးမန်း (Whale Shark) တွေ နေထိုင်လို့ရတဲ့ ရာသီဥတုနဲ့ အစားအစာ‌ပေါများတဲ့ ဒေသတစ်ခုဖြစ်နေလိမ့်မယ်လို့ မှတ်ယူရပါလိမ့်မယ်။

Ref: - Asian Diver Magazine,volume (149)

Tourism Mergui Archipelaho

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်