သဲဆန်တဲ့မြေတွေမှာ ဘာအပင်တွေစိုက်လို့ရသလဲ?
ပုံမှန်အားဖြင့်တော့ သဲဆန်တဲ့မြေတွေဟာ ရေနဲ့ အပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထိန်းထားနိုင်စွမ်းမရှိလို့ အပင်အများစု မဖြစ်ထွန်းကြပါဘူး။ ဒါပေမဲ့ သဘာဝမြေဆွေး၊ သစ်ဆွေးတွေထည့်ပြီး အနည်းငယ်ပြုပြင်လိုက်မယ်ဆိုရင်တော့ စိုက်လို့ရတဲ့ အပင်တွေ အများကြီးရှိပါတယ်ဗျ။ နောက်တစ်ချက်က သဲဆန်တဲ့မြေမှာလည်း ကောင်းကျိုးလေးတွေရှိနေပါသေးတယ်။ တူးရလွယ်ကူပြီး ရေဝပ်တာမျိုးမရှိဘူး၊ အစိုဓာတ်ထိန်းထားနိုင်မှု အားနည်းတာကြောင့် ဘက်တီးရီးယားတွေနဲ့ မှိုရောဂါတွေ ကျရောက်မှုကို ခံနိုင်ရည်ရှိတာတွေ့ရပါတယ်ဗျ။
သဲဆန်တဲ့မြေမှာ စိုက်ပျိုးလို့ရတဲ့ အပင်တွေကတော့...
(၁) မုန်လာဉနီ
မုန်လာဉနီက ရေသောက်မြစ်ပါရှိတဲ့ သူတို့ရဲ့အမြစ်ဖွဲ့စည်းပုံကြောင့် မြေကြီးကိုအလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ အမြစ်နက်နက်ဆင်းဖို့အတွက်ဆိုရင်တော့ သဲဆန်တဲ့မြေဟာ သူတို့အတွက် ကောင်းကောင်းအထောက်အကူဖြစ်စေပါတယ်ဗျ။
(၂) အာလူး
အာလူးကလည်း အမြစ်နှင့်ဥစားသီးနှံဖြစ်တာမို့ သဲဆန်တဲ့မြေမှာ ကောင်းစွာရှင်သန်နိုင်ပါတယ်။ ဒါ့ပြင် သဲဆန်တဲ့မြေဟာ အက်ဆစ်ဓာတ်ပိုမြင့်တာမို့ အာလူးမှာ ကျရောက်တတ်တဲ့ အနာရောဂါတွေကို လျော့ချပေးပါတယ်။
(၃) ဆလပ်ရွက်
အရွက်စားသီးနှံတွေထဲမှာတော့ သဲဆန်တဲ့မြေကို ခံနိုင်ရည်အရှိဆုံးအပင်လို့ ပြောလို့ရပါတယ်ဗျ။ ဒါပေမဲ့ ရေကို နေ့စဉ်လောင်းပေးဖို့တော့ လိုပါလိမ့်မယ်။
(၄) ခရမ်းချဉ်
ခရမ်းချဉ်ဟာ နေရောင်ခြည်ကိုကြိုက်တဲ့ အပင်တွေထဲကတစ်ပင်ပါ။ ဒါ့ကြောင့်လည်း အပူဒဏ်ကိုခံနိုင်ရည်ရှိပြီး ရေထိန်းနိုင်စွမ်းညံ့တဲ့ သဲဆန်သောမြေမှာ ကောင်းစွာရှင်သန်နိုင်ပါတယ်။
(၅) ပြောင်းဖူး
ပြောင်းဖူးပင်ဟာ (heavy-feeder) လို့ခေါ်တဲ့ မြေဆီမြေဩဇာများစွာစားသုံးတဲ့ အပင်မျိုးပါ။ ဒါပေမဲ့ သူ့အတွက်လိုအပ်တဲ့ မြေဩဇာသာကျွေးပေးနိုင်ရင် သဲဆန်တဲ့မြေမှာ ဖြစ်ထွန်းနိုင်ပါတယ်။
(၆) မြေပဲ၊ ကြက်သွန်
မြေပဲ၊ ကြက်သွန်ပင်တွေကလည်း ဥစားသီးနှံတွေဖြစ်တာမို့ သဲဆန်တဲ့မြေမှာ ကောင်းစွာဖြစ်ထွန်းနိုင်ပါတယ်ဗျ။
(၇) ဖရဲ
ဖရဲပင်ဟာ အခြားသီးနှံပင်တွေနဲ့ယှဉ်ရင် သက်တမ်းပိုကြာတဲ့အပင်ဖြစ်ပေမဲ့ ရေစီးဆင်းမှုကောင်းပြီး ပူနွေးတဲ့ပတ်ဝန်းကျင်ကိုကြိုက်လို့ သဲဆန်တဲ့မြေမှာ စိုက်ပျိုးနိုင်ပါတယ်။
(၈) သခွားမွှေး
သခွားမွှေးပင်တွေက ရေစီးဆင်းမှုမြန်တဲ့မြေမျိုးကို ကြိုက်နှစ်သက်လို့ သဲဆန်တဲ့မြေဟာ သူတို့အကြိုက်ပါ။ ဒါပေမဲ့ ရေနဲ့ အာဟာရဓာတ်တွေတော့ ဖြည့်တင်းပေးဖို့ လိုပါလိမ့်မယ်။
(၉) ကညွတ်ပင်
ကညွတ်ပင်ကလည်း သဲဆန်တဲ့မြေမှာစိုက်ပျိုးနိုင်ပြီး ကျောက်မှုန့်မြေဩဇာ များများထည့်ပေးနိုင်ရင် အထွက်နှုန်းပိုကောင်းစေပါတယ်။
(၁၀) ပဲအမျိုးမျိုး
ပဲမျိုးနွယ်ဝင်အများစုကတော့ သဲဆန်တဲ့မြေမှာ ရှင်သန်နိုင်ပြီး အထွက်နှုန်းကောင်းချင်ရင်တော့ မြေဆွေးများများထည့်ပေးဖို့ လိုအပ်ပါတယ်ဗျ။
ကဲ ကိုယ့်ရဲ့မြေက သဲဆန်တဲ့မြေဖြစ်နေလို့ ဘာပင်တွေစိုက်ရမှန်းမသိဖြစ်နေရင်တော့ ဒီအပင်လေးတွေ စမ်းစိုက်ကြည့်ဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျ။
Ref; https://www.gardeningchannel.com/35-best-plants-sandy-soil/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၆ နှစ် ကကြက်ဟင်းခါး ပင်အရွက်တွေဝါနေပါတယ်ဘယ်ဆေးသုံးရမလဲ
ဆက်စပ်မေးခွန်းများ
ကျဲခင်း၁၀ရက်တွင်ပေါက်နေတဲ့မြေဇာမြက်ကိုဘယ်ပေါင်းသက်ဆေးသုံးရမလဲဆရာ။
u win zaw • ဖြေကြားချက် 1 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from ထွန်းရာဇာ
အားလုံး