ပြည်ပနိုင်ငံများမှ ဆန်အမှာများလာ၍ လာမည့် စပါးသစ်ပေါ်ချိန် ကုန်သည်များက ကြမ်းခင်းဈေး ပိုမိုပေးဝယ်ယူလာနိုင်

23/01/2018 14:12 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာ့ဆန်ကို ပြည်ပနိုင်ငံများမှ ပိုမိုဝယ်ယူလာသည့် အနေအထားအရ မကြာခင် ထွက်ပေါ်တော့မည့် စပါးအတွက် ကြမ်းခင်းဈေးနှုန်းမှာလည်း ယခင်နှစ်များထက် ပိုမိုဈေးကောင်း ပေးဝယ်လာနိုင်ကြောင်း ဆန်ကုန်သည်များက ပြောသည်။ လက်ရှိဘဏ္ဍာနှစ်တွင် ဆန်ပို့ကုန် လျာထားချက် တန်ချိန်နှစ်သန်းမှာ မကြာခင် ပြည့်မီကျော်လွန် တင်ပို့နိုင်သည့် အနေအထားရောက်ရှိလာနိုင်ပြီး ပြည်ပသို့ ဆန် တင်ပို့နိုင်မှု အများဆုံး နိုင်ငံအဖြစ် ပြန်လည်ရပ်တည်နိုင်သည့် အခြေအနေကောင်းများ ရရှိထား
ကြောင်း မန္တလေးမြို့၊ စံပြနွယ် ဆန်ပွဲရုံပိုင်ရှင် ဦးစိုင်းကျော်က ပြောသည်။“လက်ရှိ ဈေးကွက်အရတော့ ကောင်းနေတယ်။ ဆန်စက်တွေ အဆင့်မြှင့် တည်ဆောက်နိုင်ဖို့ လိုအပ်တယ်။ ဈေးကွက်ဝင်မျိုးကောင်းမျိုးသန့်တွေစိုက်ရမယ်”ဟု ၎င်းကပြောသည်။
မိုးတွင်းကာလဖြစ်နေသော်လည်း ရန်ကုန်ဆိပ်ကမ်းသို့ နိုင်ငံခြား သင်္ဘောကြီးများ ပိုမိုဆိုက်ကပ်လာကြောင်း၊ စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း သင်္ဘောခုနစ်စီး ဆိုက်ကပ်ရန်ရှိပြီး ဆန်တန်ချိန် တစ်သိန်းနီးပါး တင်ပို့ရန် ရှိနေကြောင်း ပြည်ပပို့ကုန်လုပ်ငန်းရှင် များထံမှ သိရသည်။

ထို့ကြောင့် စပါးစိုက် တောင်သူများ အနေဖြင့် အရည်အသွေး ထိန်းသိမ်းထားနိုင်သည့် စပါးမျိုးကောင်းများ စိုက်ပျိုးခြင်း၊ စပါးသစ်ပေါ်ချိန်တွင် ရောင်းချခြင်း မပြုဘဲ ဈေးကောင်းရနိုင်သည့် အချိန်မှ ထုတ်ရောင်းရန် လိုအပ်ကြောင်း သိရသည်။ ယခင်နှစ်စပါးဈေးမှာ တင်း ၁၀ဝ လျှင် ဒေသအပေါ်မူတည်၍ ကျပ်ငွေ ၃၇၀ဝဝဝ ဝန်းကျင်သာ ဈေးရှိခဲ့ခြင်းကြောင့် စပါးစိုက်တောင်သူ
များ နစ်နာခဲ့ရကြောင်း၊ ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် ဆန်ဈေးကွက် နိုင်ငံသစ်များရရှိထားခြင်းကြောင့် ဆန်ဈေးကွက်လှုပ်ခတ်နေ၍ ကုန်သည်များမှ စပါးဈေးကို ပိုမိုပေးဝယ်နိုင်မည့် အနေအထားရှိကြောင်း ကုန်သည်များက ခန့်မှန်းထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဩဂုတ်လအထိ ဆန်နှင့်ဆန်ကွဲ တင်ပို့သည့် နိုင်ငံပေါင်း ၅၃ နိုင်ငံရရှိထားသည်။ ယခင်နှစ်ကာလတူက ဆန်နှင့် ဆန်ကွဲ တင်ပို့သည့် နိုင်ငံပေါင်း ၃၁ နိုင်ငံရှိရာ ယခုနှစ်တွင် နိုင်ငံပေါင်း ၂၂ နိုင်ငံ ဈေးကွက် ပိုမိုရရှိခဲ့သည်။ယခုနှစ်တွင် ဆန်နှင့်ဆန်ကွဲ အများဆုံး တင်ပို့သည့်နိုင်ငံများမှာ တရုတ်၊ ဘယ်လ်ဂျီယံ၊ ဘင်္ဂလားဒေ့ရှ်နှင့် မက်ဒါဂါစကားနိုင်ငံတို့ဖြစ်ပြီး တရုတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည် ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့ရုံသာမက ယခုဘဏ္ဍာနှစ်အတွက်ဆန်နှင့်ဆန်ကွဲ အများဆုံး တင်ပို့ခဲ့သည့် နိုင်ငံဖြစ်လာကြောင်း သိရသည်။

“ဈေးကွက်သစ်ရထားတဲ့ နိုင်ငံတွေက ပိုပြီးတော့ ဆန်ပိုဝယ်တာတွေ့ရတယ်” ဟု ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုတွင် ယခင်နှစ်ကာလတူက တန်ချိန် ၄ ဒသမ ၇ သိန်း၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၁၆၁ သန်း ရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်ကာလတူ တင်ပို့မှုမှာ တန်ချိန် ၁၃ သိန်းခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ၃၇၅ သန်း ရရှိခဲ့သည်။ ထို့ကြောင့် ယခင်နှစ်ကာလတူ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ရှစ်သိန်းကျော်၊ တန်ဖိုးအမေရိကန်
ဒေါ်လာ ၂၁၄ သန်း ပိုမိုရရှိထားသည်။ တင်ပို့မှုအခြေအနေအရ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၂၆ ရာခိုင်နှုန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ၇၆ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ကြောင်း သိရပြီး ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် ဆန်ဈေးကွက်သစ်များ ရှာဖွေရေးအတွက် အဓိက ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ အလားတူ မြန်မာနိုင်ငံ၊ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပသို့ဆန်တင်ပို့ရောင်းချရာတွင် ဈေးကွက်ဝေစုများ ခိုင်မာစွာရရှိရေးကိုလည်းကောင်း၊ ဈေးကွက်တစ်ခုတည်းကို မှီခိုခြင်းမရှိဘဲ
ဈေးကွက် အများအပြားအား ဖြန့်ကြက် ထားနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဧပြီလအတွင်းတွင် ဆန်တင်ပို့သည့် ဈေးကွက်သစ် နိုင်ငံလေးခုကို တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ် ဩဂုတ်လအထိ ဆန်ဈေး ကွက်သစ် နိုင်ငံပေါင်း ၁၅ နိုင်ငံကို ရှာဖွေနိုင်ခဲ့ကာ ဈေးကွက်သစ်နိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲစုစုပေါင်းတင်ပို့နိုင်မှုမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉သန်း ကျော် တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း၂၀၈၃၁ တန်ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့ရောင်းချနိုင်ရန်အတွက် ဈေးကွက်သစ်များရှာဖွေရာတွင် အာဖရိကတိုက်အတွင်းရှိ နိုင်ငံများသည် မြန်မာ့ဆန်ဈေးကွက် အတွက် ပစ်မှတ်ထားရမည့်နိုင်ငံများဖြစ်လာကြောင်း၊ ယခုဘဏ္ဍာနှစ် ဩဂုတ်အထိ ဈေးကွက်သစ်ရှာဖွေနိုင်မှုကို သုံးသပ် ကြည့်ပါက အာဖရိကတိုက်အတွင်းမှ နိုင်ငံများသာဖြစ်နေကြောင်း၊ မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံအများအပြားသို့ တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းကြရာတွင် အာဖရိကဈေးကွက်သာမက အခြားသော လက်တင် အမေရိကနိုင်ငံများ၊ အာရပ်ကမ္ဘာမှ နိုင်ငံများနှင့် အာရှတိုက်အတွင်းရှိ ဆန်လိုအပ်သောနိုင်ငံများကိုပါ ဆက်လက်ရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆန်ကို လက်ရှိတင်ပို့နေသည့် ကမ္ဘာ့နိုင်ငံများစာရင်းကိုကြည့်ပါက အာရှတိုက်မှ နိုင်ငံအနည်းစုသာရှိနေသည်ကို တွေ့ရှိရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

- နီနီအောင်

မြန်မာတောင်သူကြီးများ ဂျာနယ်

အတွဲ(၁၈) အမှတ်(၂၆၈)၊ စက်တင်ဘာ ၁၈ - ၂၄၊ ၂၀၁၇ ခုနှစ်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်