'ကမ္ဘာ့ပင်လယ်ကဏန်းမြို့တော်’ ဆိုပြီး ပရိုမိုးရှင်းဆင်းမယ့် ထိုင်းတောင်ပိုင်းက ပတ္တနီစီရင်စု
ပတ္တနီစီရင်စုမှာ ‘ကမ္ဘာ့ပင်လယ်ကဏန်းမြို့တော်’ ကြီး အစပြုတော့မှာကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း ကျေနပ်အားရတဲ့ပုံ ပြပါတယ်။
ပတ္တနီကို ပင်လယ်ကဏန်းထုတ်လုပ်ရေးလုပ်ငန်းရဲ့ ဗဟိုချက်ဖြစ်လာစေဖို့ အစိုးရအဖွဲ့ဘက်ကလည်း လိုအပ်တဲ့ ထုတ်လုပ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးသွားမှာပါ။
ရေလုပ်ငန်းနဲ့ပတ်သက်လို့ သားဖောက်မွေးမြူရေးအဆောက်အဦတစ်ခု အဆင်သင့်ဖြစ်နေပြီဆိုတဲ့ တောင်ပိုင်းနယ်စပ်စီရင်စုများ အုပ်ချုပ်ရေးစင်တာရဲ့ ရှင်းလင်းတင်ပြမှုကို မကြာသေးခင်ကပဲ ဝန်ကြီး ချုပ်က လက်ခံနားထောင်ခဲ့တယ်လို့ အစိုးရရဲ့ လက်ထောက်ပြောရေးဆိုခွင်ရှိသူ ရေရှတာဒါနာဒီရစ်က ပြောပါတယ်။
ဒီအဆောက်အဦကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တရားဝင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ပတ္တနီစီရင်စုမှာရှိတဲ့ ဆောင်ကလာတက္ကသိုလ်ရဲ့ သိပ္ပံနှင့် နည်းပညာမဟာဌာနက ဦးစီးလည်ပတ် သွားမယ့် ဒီအဆောက်အဦကနေ ငါးလုပ်ငန်းတောင်သူတွေဆီ အထွက်နှုန်းတိုး နည်းပညာ အစီအစဉ် တွေနဲ့အတူ ကဏန်းသားပေါက် ၁ သိန်းထိ ၂၀၂၃ ဇန်နဝါရီလမှာ ဖြန့်ဖြူးပေးသွားဖို့ရှိပါတယ်။
ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ် နှစ်ခုလုံးကို လွှမ်းခြုံမှုရှိတဲ့ ပတ္တနီ၊ ဆောင်ကလာ၊ ကရာဘီနဲ့ ဆာတွန် စီရင်စုတွေမှာ သားဖောက်အဆောက်အဦတွေ ထပ်ပြီးတော့ဆောက်လုပ်ဖို့ကိုလည်း အာဏာပိုင်တွေက စီစဉ်နေကြပါတယ်။
ပတ္တနီစီရင်စုဟာ မလေးရှားနိုင်ငံသားတွေရဲ့ မဖြစ်မနေ လည်ပတ်စရာနေရာတစ်ခုဖြစ်လာစေဖို့ထိ ဒေသအစားအစာတွေနဲ့ ဈေးကွက်မြှင့်တင်ဆွဲဆောင်သွားဖို့လည်း သူတို့တွေက စီစဉ်နေပါတယ်။
သတ်မှတ်ရန်လည်း စီစဉ်နေကြပါသေးတယ်။ ပြည်နယ်အတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေအနေနဲ့ တံငါသည်တွေဆီကနေ ကဏန်းများကို တိုက်ရိုက်ဝယ်ယူပြီး အဓိကဟင်းလျာအနေနဲ့ ကဏန်းဟင်း တွေကို အသားပေး ဆွဲဆောင်ထားမှာ ဖြစ်ပါတယ်။
ပတ္တနီစီရင်စုကို ပင်လယ်ကဏန်းမြို့တော်အဖြစ် အစပျိုးမှုမှာ လယ်လုပ်သူ အိမ်ထောင်စု ၇၀၀ ပါဝင်တဲ့ တောင်သူအဖွဲ့ ၃၅ ဖွဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီအိမ်ထောင်စုတွေဟာဆိုရင် ပုစွန်မွေးမြူရေးကြောင့် တစ်ကြိမ်ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို အသစ်တဖန်ပြန်လည်အသုံးချရေးကမ်ပိန်းမှာ ပါဝင်နေ ကြသူတွေလည်း ဖြစ်ပါတယ်။
ဒီကြိုးပမ်းမှုထဲမှာပါဝင်မယ့် သားဖောက်ခြင်း၊ မွေးမြူခြင်းနဲ့ ဈေးကွက်ချဲ့ထွင်ခြင်းစတဲ့ ပြည့်စုံ ကျယ်ပြန့် တဲ့ ချဉ်းကပ်မှုတွေကြောင့် ဒေသခံအဖွဲ့အစည်းတွေအနေနဲ့ ဝင်ငွေပိုမိုရရှိစေနိုင်ဖို့ ယုံကြည်တယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 2 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....