အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတ်ပဲအဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ ကာကွယ်ပါ

မတ်ပဲအဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ ကာကွယ်ပါ

    ယခုလတ်တလောတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားသို့ မတ်ပဲတင်ပို့ရောင်းချနိုင်ရန် မတ်ပဲအား အားပြုစိုက်ပျိုးနေကြရပါသည်။ မတ်ပဲစိုက်ပျိုးသော တောင်သူဦးကြီးတို့အနေဖြင့် မိမိအခင်းတွင် အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါ ကျရောက်ခဲ့သည်ဆိုပါက အထွက်နှုန်းကျကာ အမြတ်မတင်ဘဲ ဝင်ငွေကျဆင်းစေနိုင်မည်ဖြစ်သည်။

ရောဂါလက္ခဏာ

    ရောဂါကျရောက်လာသည်ဆိုပါက မတ်ပဲပင်၏အရွက်များသည် အဝါရောင်ကွက်များဖြစ်ပေါ်ကာ တစ်ခင်းလုံးဝါသည်အထိ ဖျက်စီးနိုင်ပါသည်။ ရောဂါကျရောက်သော အခင်းသည် အပင်ကြီးထွားမှုနှေးခြင်း၊ အသီးတောင့်များမပြည့်မီခြင်း၊ အဖျင်းအမော်များခြင်းနှင့် ရိတ်သိမ်းရန်မကျန်ရှိသည်အထိ ဖျက်ဆီးတိုက်ခိုက်ပါသည်။

ရောဂါဖြစ်စေသော အကြောင်းအရာနှင့် ကာကွယ်နှိမ်နင်းခြင်း

    အဓိကအကြောင်းအရင်းမှာ မတ်ပဲခင်းသို့ ယင်ဖြူကျရောက်ခြင်းကြောင့်ဖြစ်သည်။ ယင်ဖြူသည် အဝါရောင်မိုစေ့ရောဂါကို သယ်ဆောင်သူဖြစ်သည်။ မတ်ပဲပင်၏ အစိတ်ပိုင်းတစ်ခုခုသို့ ယင်ဖြူထိုးစုပ်ချိန် ခြောက်စက္ကန့်ကြာလျှင် အပင်ထဲသို့ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် တစ်ကြိမ်ထိုးစုပ်သည်နှင့် အပင်ထဲသို့ရောက်ရှိပြီး ဗိုင်းရပ်စ်အရေအတွက် သောင်းသိန်းချီအောင် ပွားများနိုင်ပါသည်။ ရောဂါကျရောက်လျှင် အချိန်ပမာဏနည်းနည်းဖြင့် တစ်ခင်းလုံးဝါသည့်တိုင် ပျံ့နှံ့နိုင်သော ရောဂါမျိုးဖြစ်သည်။

ကာကွယ်နှိမ်နင်းခြင်း

    မတ်ပဲခင်းသို့ ယင်ဖြူကျရောက်သည်ကို သိရှိပြီးမှ ပိုးသတ်ဆေးဖျန်းလျှင် ယင်ဖြူရန်မှ ကာကွယ်နိုင်မည်ဖြစ်သော်လည်း အဝါရောင်မိုစေ့ဗိုင်းရပ်အား ကာကွယ်တားဆီးနိုင်မည်မဟုတ်ပါ။ ရောဂါကျရောက်ပြီးလျှင် ထိရောက်စွာကာကွယ်နှိမ်နင်းရန် မလွယ်ကူသောကြောင့် ကြိုတင်ကာကွယ်နည်းလမ်းကို အသုံးပြုရန် လိုအပ်သည်။ ယင်ဖြူကျရောက်မှုကို တားဆီးပြီး ရောဂါကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းခြင်း ၃ မျိုးရှိသည်။

(၁) ခံနိုင်ရည်ရှိသောမျိုးများ စိုက်ပျိုးခြင်း

    အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါအား ခံနိုင်ရည်ရှိသောမတ်ပဲမျိုးသည် ရေဆင်း ၇ ဟု ထုတ်ပြန်ထားသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မျိုးစေ့မလုံလောက်ခြင်းနှင့် ရေဆင်း ၇ မျိုးသည် မိမိစိုက်ပျိုးမည့်နေရပ်ဒေသနှင့် ကိုက်ညီမှုမရှိခြင်း စသည့် အခက်အခဲများကြောင့် ဤနည်းလမ်းသည် အနည်းငယ်သာ အောင်မြင်မှုရှိပါမည်။

(၂) စိုက်ချိန်မှန်မှန်စိုက်ခြင်း (သို့) စောစိုက်ခြင်း

    ဤနည်းလမ်းသည် မိုးစပါးအပြီး ဆောင်းသီးနှံ များများစိုက်ပျိုးရခြင်းဖြစ်သည့်အတွက် မိုးစပါးရိတ်သိမ်းချိန်များတွင် တစ်ချို့နေရာတွင်  အခက်အခဲဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် မိုးနည်းသည့် မိုးစပါးရိတ်သိမ်းချိန် မှန်ကန်မှုမရှိသော နေရာများတွင် အဆင်ပြေနိုင်သော်လည်း ရိတ်သိမ်းမှုအခက်အခဲရှိသော နေရာများတွင် ထိရောက်စွာ ကာကွယ်နိုင်မှုမရှိပါ။

(၃) ပိုးမွှားရောဂါကြိုတင်ကာကွယ်ခြင်း

    မတ်ပဲအဝါရောင်မိုစေ့ရောဂါမဖြစ်စေရန်အတွက် အဓိက ကာကွယ်ရန်မှာ ယင်ဖြူဖြစ်သည်။ ထို့ကြောင့်မတ်ပဲအပင်နှင့် အရွက်များသန်မာမှုရှိစေရန်နှင့် ယင်ဖြူအားကာကွယ်ရန် သဘာဝရွက်ဖျန်းမြေဩဇာများနှင့် တမာပိုးသတ်ဆေးအား ပေါင်းစပ်အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ တောင်သူဦးကြီးတို့အနေဖြင့် မိမိကြိုက်နှစ်သက်ရာ သဘာဝရွက်ဖျန်းမြေဩဇာနှင့် တမာပိုးသတ်ဆေးအား ပေါင်းစပ်ကာ အချိန်မှန်မှန်ကြိုတင်အသုံးပြုရန်လိုအပ်ပါသည်။ ကြိုတင်ပေါင်းစပ်အသုံးပြုရာတွင် မတ်ပဲပင် ၁၅ ရက်သားမှစကာ ၁၀ ရက်တစ်ကြိမ် ပုံမှန်ပက်ဖျန်းပေးခြင်းအားဖြင့် ကာကွယ်နိုင်သည်။ ပမာဏများမှာ ရွက်စိမ်းမြေဩဇာ ရေ ၄ ဂါလံတွင် ၅၀ စီစီနှင့် တမာဆေးဆီ ရေ ၄ ဂါလံတွင် ၅၀ စီစီမှ ၇၀ စီစီထိရောစပ်ကာ ပေါင်းစပ်ပက်ဖျန်းနိုင်ပါသည်။ ဆေးများပက်ဖျန်းသည့်အခါ မတ်ပဲပင်၏ အရွက်အပေါ်နှင့်အောက် ညီညွတ်မျှတစွာ ဖျန်းပေးရမည်။ အများအားဖြင့် ယင်ဖြူသည် အရွက်၏အောက်မျက်နှာပြင်တွင် ခိုအောင်းကပ်တွယ်နိုင်သောကြောင့် မတ်ပဲပင်၏ အရွက်အောက်မျက်နှာပြင် အားဆေးရည်ရရှိရန် အထူးလိုအပ်သည်။

    ကာကွယ်နှမ်နင်းခြင်း ၃ မျိုးအနက် ၃ ခုမြောက်နည်းလမ်းသည် ထိရောက်မှုရှိသော်လည်း ကျန်၂ ခုသည် ထိရောက်မှုမရှိဟု ဆိုလိုခြင်းမဟုတ်ပါ။ မိမိနေထိုင်ရာ အရပ်ဒေသအလိုက် အဆင်ပြေစေမည့် နည်းလမ်းများအား ပေါင်းစပ််အသုံးပြုခြင်းဖြင့် မတ်ပဲတွင်ကျရောက်သော အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ပြီး မတ်ပဲအထွက်တိုး၊ ဝင်ငွေတိုးကာ ကျန်းမာ ချမ်းသာပါစေဟု ဆုမွန်ကောင်းလိုက်ရပါသည်ခင်ဗျ။

Reference:

https://www.planthealthaustralia.com.au/wp-content/uploads/2014/02/Mungbean-yellow-mosaic-virus-FS.pdf

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မတ်ပဲအရွက်ဝါပြဿနာ

မတ်ပဲအရွက်ဝါပြဿနာ

Tin Win Kyaing

Tin Win Kyaing

လွန်ခဲ့သော ၄ နှစ် က

မတ်ပဲအဝါရောင်အရွက်တွေများလာတာဘာဆေးဖျန်းရမှာလဲခင်ဗျာ

ဝေယံဖြိုး

ဝေယံဖြိုး

လွန်ခဲ့သော ၅ နှစ် က

ဘယ်လိုကာကွယ်ရမလဲ

ဦးကိုလတ်

ဦးကိုလတ်

လွန်ခဲ့သော ၅ နှစ် က

ဖတ်လို့လဲမရဘူး

pp

pp

လွန်ခဲ့သော ၅ နှစ် က

လှေးပိုးကိုဘာဆေးသုံးရမလဲ

Daw Ni NiWin

Daw Ni NiWin

လွန်ခဲ့သော ၅ နှစ် က

ပုလိပ်တမာပိုးသတ်ဆေးစက်ရုံမှာဝယ်ရပါတယ်

You

ဆက်စပ်မေးခွန်းများ

ပိုးသတ်ဆေး dateကုန်ရင် အသုံးပြုရလားဆရာ

U Than Toe Aung • ဖြေကြားချက် 3 ခု

ငရုတ်ပင် အမြစ်စွဲ အကိုင်းအခက်လုပ်ပီးမှ တခင်းလုံးမဟုတ်ပဲကွက်ကြားကွက်ကြား အပင်စိမ်းညိုးပီးသေနေလို့ပါ

Aye thiri nwe • ဖြေကြားချက် 3 ခု

ပိုးသတ်ဆေးနဲ့အားဆေးအတူပတ်ရလားဆရာခဗျ

အောင်အောင် • ဖြေကြားချက် 2 ခု

မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Nyi Nyi Aung • ဖြေကြားချက် 2 ခု

မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့

Hlaing Min Tun • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။