ကိုယ်တိုင်လုပ်တဲ့ ရေခဲသေတ္တာလေး……
အစားအစာတွေကိုလည်း ကြာကြာလှောင်ထားချင်တယ်၊ မီးကလည်း မရှိတဲ့နေရာဖြစ်နေတယ်ဆိုရင် အိုးလေး (၂) လုံးနဲ့ ရေခဲသေတ္တာသေးသေးလေးလုပ်တဲ့ နည်းလေးကို ပြောပြပေးချင်ပါတယ်။ လုပ်တဲ့နည်းကတော့ အိုးလေးကို (၂) ထပ် ထပ်ပြီးတော့ အအေးခံတဲ့နည်းလမ်းဖြစ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကတော့ အိုးလေး (၂)လုံး၊ သဲရယ်၊ ရေရယ် အဲ့ဒါလောက်ပါပဲ။ ဒီနည်းလမ်းကို စဉ်းစားမိတဲ့သူကတော့ Mohammed Bah Abba ပါ၊ ခုခါမှာတော့ ပူနွေးတဲ့ ရာသီတွေမှာ နေထိုင်ကြတဲ့ တောင်သူ လယ်သမားတွေက အင်းဆက်ပိုးမွှားရန်က နေဖြစ်ဖြစ်၊ အစားအစာတွေ ကြာကြာထားခံအောင်ဖြစ်ဖြစ် အဲ့နည်းလမ်းကို သုံးလို့ရပါတယ်။
ထည့်ထားတဲ့ သဲထဲကို ရေမပြတ်အောင် ထားနိုင်ရင် အတွင်းအိုးထဲမှာ အေးမြနေမှာပဲဖြစ်ပါတယ်။ အဲ့လို အေးအေးလေးနဲ့ဆိုရင် ဟင်းသီးဟင်းရွက်တွေပဲဖြစ်ဖြစ်၊ အသားတွေပဲဖြစ်ဖြစ်၊ အသီးအနှံတွေလည်းဖြစ်ဖြစ် အပူကြောင့်ပျက်စီးတာတွေကို ကာကွယ်နိုင်ပြီပေါ့လေ။ အောက်မှာ လုပ်တဲ့နည်းပုံစံလေးကို ဆက်ကြည့်ရ အောင်။
၁။ ကဲ ဦးလေးကြီးတို့ မြန်မာမှာ အလွယ်ရနေတာက အိုး ( သဲအိုးပဲဖြစ်ဖြစ်၊ ရွံ့အိုးပဲဖြစ်ဖြစ်) အသေးတစ်လုံး အကြီးတစ်လုံး စုစုပေါင်း (၂) လုံးကိုရှာရမှာဖြစ်ပါတယ်။ တစ်လုံးထဲကိုတစ်လုံး ထည့်လို့ရတဲ့ အိုးအရွယ်အစား လေးတွေဖြစ်မယ်ဆိုရင် ပိုပြီးတော့ သင့်တော်ပါတယ်။ အိုး (၂) လုံး ထပ်တဲ့အချိန်ကျ ရင် တစ်လုံးနဲ့ တစ်လုံး ကြားထဲမှာ နေရာလပ်ရှိနေရင် ပိုပြီးတော့ ကောင်းပါတယ်။ အိုး (၂)လုံးကြား အကွာအဝေးက ၁ စင်တီမီတာ ကနေ ၃ စင်တီမီတာလောက် ခြားနေဖို့ လိုအပ်ပါတယ်။ 
၂။ တကယ်လို့များ ကိုယ်ရွေးထားတဲ့ အိုးတွေမှာ အောက်ခြေမှာဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အပေါက်တွေ ပါနေရင်တော့ အဲ့အပေါက်လေးတွေကို လုံအောင်ပိတ်ရမှာဖြစ်ပါတယ်။ အဲ့အပေါက်လေးတွေ မလုံနေဘူးဆိုရင်တော့ ကိုယ့်ရေခဲသေတ္တာလေးက အေးမှာမဟုတ်ပါဘူး။
၃။ အိုးအကြီးရဲ့ အောက်ခြေမှာ သဲကြမ်းကိုထည့်ပေးဖို့အဆင့်ပါပဲ၊ အိုးအသေးကို အိုးအကြီးထဲကိုထည့်တဲ့အခါ အိုး (၂)လုံးစလုံးရဲ့ နုတ်ခမ်းတွေ ညီနေအောင်လို့ ညှိပြီးထည့်ရမှာပါ။ (၁)လက်မလောက်ပေါ့။
၄။ ဒီအဆင့်ကတော့ အိုးအကြီးထဲကို အိုးအသေးထဲ ထည့်တဲ့အဆင့်ပါ။
၅။ အိုးအသေးနဲ့ အိုးအကြီးကြားထဲ ကနေရာလပ်တွေထဲကို သဲတွေလိုက်ဖြည့်ပေးရမှာဖြစ်ပါတယ်။ အိုးအသေး ထဲကို မဝင်အောင်သတိထားပြီးတော့ အိုးအသေးနှုတ်ခမ်းလောက်မရောက်ခင်အချိန်လေး ကျရင်တော့ ရပ်လိုက်ရမှာဖြစ်ပါတယ်။
၆။ သဲလေးတွေလည်း ဖြည့်ပြီးသွားရင်တော့ သဲတွေထဲကို ရေလောင်းထည့်တဲ့အဆင့်ဖြစ်ပါတယ်။ အဲ့အဆင့်မှာ အိုး (၂) လုံးကြားထဲက သဲတွေ ရေစိုစွတ်သွားတဲ့အထိ လောင်းပေးရမှာဖြစ်ပြီးတော့ ဖြည်းဖြည်းချင်း အိုးလေးတွေပါ အစိုပြန်လာတဲ့အထိ လောင်းပေးဖို့ဖြစ်ပါတယ်။ အိုးအသေးထဲကို ရေတွေမဝင်အောင်တော့ သတိထား ပေးပါ။
၇။ အဖုံးလေးအတွက် အဝတ်စဖြစ်ဖြစ်၊ တာဝါဖြစ်ဖြစ် ရေစိုပြီးအေးနေအောင် ရေစွတ်ပြီးတော့ အထဲက အိုးအ သေးလေးရဲ့ အဖုံးအဖြစ်ပါတယ်။ ပုဆိုးစုတ်ဖြစ်ဖြစ်၊ စွပ်ကျယ်ပဲဖြစ်ဖြစ် သုံးပေးလို့ရတာပေါ့။
၈။ အထဲက အိုးအပူချိန်လေး အေးမအေးဆိုတာကို လက်လေးနဲ့ပဲ အရင်စမ်းကြည့်ပါ။ အေးလာတယ်ဆိုရင်တော့ အိုစကေပြီပေါ့။
၉။ ကဲ ကိုယ့်ရဲရေခဲသေတ္တာကြီးကို မရွေ့ပြီးတော့ ခြောက်သွေ့ အေးမြတဲ့ နေရာ၊ လေလည်းတိုက်တဲ့နေရာ မှာ ထားဖို့ဖြစ်ပါတယ်။ သဲထဲကရေတွေက အငွေ့ပျံတဲ့အခါ လေနဲ့ တစ်ခါတည်း ပါသွားနိုင်ဖို့ လေတိုက်တဲ့နေရာမှာ ထားခိုင်းတာဖြစ်ပါတယ်။
၁၀။ ကဲနောက်ဆုံး အဆင့်ပါ။ ဘာထည့်မလဲ အသားထည့်မလား။ အသီးတွေထည့်ထားမလား၊ ထည့်လို့ရ ပါတယ်။ အသားတွေနဲ့ အသီးအရွက်တွေတော့ ရောပြီးမထည့်ဖို့တော့ အကြံပြုပါတယ်။ နောက်ပြီးတော့ ကိုယ် ထည့်ထားတဲ့သဲထဲမှာ ရေကျန်သေးလား မကျန်တော့ဘူးလားဆိုတာကို စစ်ဆေးဖို့ အရေးကြီးပါတယ်။ (၂) ခါလောက်တော့ စစ်ပေးပေါ့။
တကယ်လို့များ သူငယ်ချင်းတွေနဲ့ အပျော်ထွက်လည်ကြတယ်ဆိုရင်ပဲဖြစ်ဖြစ် ကျေးရွာတွေမှာပဲဖြစ်ဖြစ် သုံးနိုင် တဲ့ ကိုယ်တိုင်လုပ်တဲ့ ရေခဲသေတ္တာလေးအကြောင်းပဲဖြစ်ပါတယ်။ အဆင်ပြေကြပါစေဗျာ….
Htunn Win Kyaw
https://www.wikihow.com/Make-a-Pot-in-a-Pot-Refrigerator
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026