အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နှစ်သစ်ကူးပိတ်ရက်အတွင်း သီးနှံဈေးနှုန်းများ ဖော်ပြမှု ရပ်နားထားကြောင်း အသိပေးခြင်း

နှစ်သစ်ကူးပိတ်ရက်အတွင်း သီးနှံဈေးနှုန်းများ ဖော်ပြမှု ရပ်နားထားကြောင်း အသိပေးခြင်း

Green Way
Green Way • Greenovator • 10/04/2020

အစိမ်းရောင်လမ်းရဲ့ ဦးကြီးတို့ မင်္ဂလာပါရှင်

(၁၀-၄-၂၀၂၀) ရက်နေ့မှစ၍ (၁၉-၄-၂၀၂၀) ရက်နေ့အထိသည် နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်များ ဖြစ်ပါတယ်။ အစိမ်းရောင်လမ်းရဲ့ နေ့စဉ်သီးနှံဈေးနှုန်းကဏ္ဍအတွက် သီးနှံဈေးနှုန်းများပေးပို့နေတဲ့ ကုန်စည်ဒိုင်များမှ ပေးပို့နေကြဈေးနှုန်းတွေကို နှစ်သစ်ကူးပိတ်ရက်အတွင်း ရပ်နားထားမှာဖြစ်လို့ အစိမ်းရောင်လမ်းရဲ့ သီးနှံဈေးနှုန်းဖော်ပြခြင်းကိုလည်း ရပ်နားထားမှာဖြစ်ပါတယ်။ ဒါကြောင့် အစိမ်းရောင်လမ်းရဲ့ တောင်သူကြီးများအတွက် နေ့စဉ်ကြည့်ရှု့နေကြသီးနှံဈေးနှုန်းတွေကို (၂၀-၄-၂၀၂၀) ရက်နေ့မှသာ ပြန်လည်ကြည့်ရှု့လို့ရမှာဖြစ်ကြောင်း လေးစားစွာနဲ့ အသိပေးလိုက်ရပါတယ်ရှင်။ 

ယနေ့ (၁၀-၄-၂၀၂၀) သီးနှံဈေးနှုန်းအတွက် ကုန်စည်ဒိုင်တစ်ချို့ကသာ သီးနှံဈေးနှုန်းများရမည် ဖြစ်ကြောင်းလည်း ကြိုတင်အသိပေးလိုက်ရပါတယ်။

နှစ်သစ်အခါသမယမှာ ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင်။ 

အစိမ်းရောင်လမ်း

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။