အပြောများလာကြတဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း (၁)
ငါတို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံလေလို့ပြောတဲ့အခါ ဖွံ့ဖြိုးတယ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြတာလဲ? အကြီးကြီးဖြစ်လာတာလား။ အတက်အလက်တွေ ထွက်လာတာလား ။ချမ်းသာလာတာလား။ ဒီဆောင်းပါးလေးထဲမှာ လေ့လာမိသမျှ မျှဝေထားပါတယ်။
ကောင်မလေးတစ်ယောက် ငယ်ငယ်လေးနဲ့ လှလှပပထောင်ထောင်မောင်းမောင်းလေးဆို သူတော်တော်ဖွံ့ဖြိုးတာမြန်တာပဲလို့ ပြောကြတယ်ဟုတ်? ဒါဆိုရင်တော့ အော်တိုမစ်တစ်နားလည်သွားကြမှာပါ။
ဒါဆို ကျေးလက်ဒေသဖွံဖြိုးရေးဆိုတာကိုရော?
ကျေးလက်ဒေသမှာနေထိုင်တဲ့သူရဲ့ ဘဝတွေဖွံ့ဖြိုးအောင်လုပ်တာပေါ့လေ။ အင်း... ဟုတ်ပြီ။
ဖွံ့ဖြိုးတယ်ဆိုတာ ဘာကြီးလဲ?
ဒီလိုပါ။ ကျေးရွာတစ်ခုနဲ့ ဥပမာပေးပြောရရင်
• အိမ်ထောင်စုတွေ ပြောင်ပြောင်ယောင်ယောင်လေးဖြစ်လာတယ်ပေါ့။ ပြောရမယ်ဆို ဝင်ငွေလေးတွေ ကောင်းလာကြတာပေါ့နော်
• အဲ ...ဝင်ငွေကောင်းတယ်ဆိုတဲ့နေရာမှာ တစ်ယောက်ထဲက တစ်ရွာလုံးမှာ ချမ်းသာလာတာကို ပြောချင်တာမဟုတ်ပါဘူး ။ တစ်ဦးတစ်ယောက်တည်း ချမ်းသာလာတာမျိုးက ဖွံ့ဖြိုးတိုးတက်မှုမဟုတ်ပါဘူး။ လူတိုင်းစေ့က ပြေလည်လာတာမျိုး။ အရင်က တော်တော်အဆင်မပြေတဲ့ အိမ်ထောင်စုလေးတွေက ခုအချိန်မှာ အလုပ်အကိုင်နဲ့ အတည်အကျ ဝင်ငွေလေးတွေရှိလာတာမျိုး။ ဥပမာ -ဒေါ်ပုတို့မိသားစုက အရင်ကဆို သူများပေးမှကမ်းမှစားရ။ ဒီလိုနဲ့ ခုတော့ သူ့သမီးလေးက ပဲပြုတ်ပြုတ်ရောင်း။ ဒေါ်ပုလည်း ရပ်ရွာက ထောက်ပံ့ငွေလေးနည်းနည်းရတော့ သူ့အိမ်ဝန်းလေးထဲမှာ အသီးအနှံလေးနည်းနည်းစိုက်။စျေးမှာရောင်း။ ဒီလိုမျိုးအခြေအနေလေးတွေအဖြစ် ပြောင်းလဲလာကြတာ။ ရွာတစ်ရွာမှာ အိမ်ထောင်စုတွေက ချမ်းသာလွန်း၊ ဆင်းရဲလွန်းနေတာမျိုးမဟုတ်ဘဲ တစ်ရွာလုံး စားနိုင်သောက်နိုင်အခြေအနေပေါ့။ ဒီလိုအခြေအနေတွေအဖြစ် ညီညီညာညာတိုးတက်လာတာကို ဖွံဖြိုးတိုးတက်မှုလို့ ခေါ်ပါတယ်။
• နောက်တစ်ချက်က နိုင်ငံရေးအခြေအနေတွေက လွတ်လပ်စွာ ရွေးချယ်မဲပေးခွင့်ရှိတာမျိုး၊ ကုန်သွယ်မှုတွေကလည်း လွတ်လွတ်လပ်လပ်ရောင်းချနိုင်တာမျိုး။
• ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ တရားမျှတမှုတွေလည်း နေရာဒေသတိုင်းမှာ တူညီစွာရနေတာမျိုး
ဒီလိုအခြေအနေတွေနဲ့ပြည့်စုံနေတဲ့ ကျေးရွာတစ်ရွာ၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခုက ဖွံဖြိုးတိုးတက်တယ်လို့ ပြောလို့ရပါတယ်တဲ့။
ဖွံဖြိုးပြီးနိုင်ငံဆိုတာကတော့ ဒီလိုအချက်တွေ သူတို့နိုင်ငံရဲ့နေရာဒေသတိုင်းမှာ ရရှိနေပြီးကြလို့ဖြစ်ပါတယ်။
ကျွန်မတို့ အိမ်လေးထဲမှာရော ဖွံ့ဖြိုးမှုတွေရှိလား စဉ်းစားကြည့်ဖူးရဲ့လား။ ကျွန်မတို့တစ်ယောက်ချင်းစီမှာရောပေါ့။ ဖွံ့ဖြိုးမှုအရိပ်အယောင်လေးတွေ မြင်နေရတယ်ဆိုရင်တော့ ဆက်ကြိုးစားပြီး ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုလည်း မျှဝေလိုက်ပါ။
ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုအရာတွေ လိုအပ်တယ်ဆိုတာကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။ ဒီနေ့မှာတော့ ဖွံဖြိုးတိုးတက်မှုဆိုတဲ့ စကားလုံးလေးတွေရဲ့ ရည်ရွယ်ချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
မေတ္တာဖြင့်
သိမ့်ဇာ
ကျမ်းကိုး- Rural development Principles,Politics and Management book by Katar Singh ( third edition)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကဗဟုတုတအရမ်းရတယ် ကျေးဇူးအများကြီးတင်တယ်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....