မြန်မာ့ စိန်တစ်လုံးနှင့် ဖိလစ်ပင်း Carabao
ဆရာမ ဒေါက်တာ သန်းသန်းစိန် ရဲ့ Post မှာ မြန်မာ့ သရက်သီး ပွဲတော် အကြောင်း သတင်း ဓာတ်ပုံတွေ မြင်ရ ဖတ်ရတော့ ဖိလစ်ပင်း UPLB မှာ ကျောင်းတက် ခဲ့စဉ်က အချိန်တွေကို သတိရမိသွားသည်။ UP မှာလည်း သူတို့ရဲ့ ဖိလစ်ပင်း သရက်မျိုးတွေ တော်တော် များများ စားကြည့်ခဲ့ဖူးသည်။ ကျမတို့ဆီမှာလိုပဲ သူတို့သရက်မျိုးတွေက အရမ်းများပြီး သူတို့ဘာသာစကား (Tagalog) တွေနဲ့ဆိုတော့ မျိုး နာမည် အားလုံးကို မမှတ်မိနိုင်ခဲ့ပါ။
ကာရာဘာအို သရက်သီး (Carabao Mango) ကတော့ ဖိလစ်ပင်းရဲ့ နာမည်ကြီး သရက်သီး တစ်မျိုးဖြစ်သည်။ carabao ဆိုတာ ကတော့ UP မှာ ရှိစဉ်အတွင်း အမြဲကြားနေ ရတာကြောင့် အဲ့ဒီ နာမည်ကိုတော့ သေချာမှတ်နိုင်ခဲ့သည်။ carabao အကြောင်းလေးတော့ ဖိလစ်ပင်း သူငယ်ချင်းတွေ ဆီက သိခဲ့ရတာလေးတွေကို နည်းနည်းတော့ပြောပြပါရစေ။ carabao ဆိုတာ buffalo (ကျွဲ) ကို ဆိုလိုတာပါ။ ကျမတို့နိုင်ငံရဲ့ စိုက်ပျိုးရေးမှာ နွားတွေက Beneficial Animal အဖြစ် ရပ်တည် ခဲ့တာကြောင့် နွားတွေကို ကျေးဇူးရှင် တိရိစ္ဆာန်တွေ အဖြစ် သတ်မှတ်ခဲ့ သလိုပါပဲ ဖိလစ်ပင်းရဲ့ လယ်ယာစိုက်ပျိုးရေး မှာလည်း ကျွဲ (carabao) တွေက Beneficial Animal အဖြစ်ရှိခဲ့တာကြောင့် carabao ဆိုတဲ့ နာမည်တွေကို အမှတ်တရ ဂုဏ်ပြုပေးထားတာ ဖြစ်ပါတယ်။
သူတို့ဆီမှာ Carabao Milk (ကျွဲနို့) ကိုသာ ပေါပေါများများ သောက်ရမှာဖြစ်ပါတယ်။ နွားနို့ (Cow Milk)ကတော့ Vet Med မှာ ရောင်းတာ ရှိပေမယ့် ရှားပါးပြီး သောက်ချင် ရင်တော့ ရှာပေတော့ Save More တွေမှာ.. သူများနိုင်ငံက ဝင်တဲ့ Brand တွေက ပိုများပါတယ်။ UPLB မှာ ကျွဲနဲ့ ပတ်သတ်တဲ့ ရုပ်ထုတွေ ပန်းချီတွေ ကိုလည်းတွေ့နိုင်ပါတယ်။ UPLB Campus ကိုဝင်တာနဲ့ ကျွဲခေါင်း ရုပ်ထုတွေ၊ လူက ကျွဲနဲ့ စိုက်ပျိုးရေး လုပ်နေတဲ့ ရုပ်ထု မျိုးတွေကို မြင်ရမှာဖြစ်သလို UPLB Main Library အဝင်မှာလည်း ကျွဲပျံရုပ်ထု ကြီးကိုတွေ့ရ မှာဖြစ်ပါတယ်။ ကျမအနေနဲ့က မြင်းပျံ ဆင်ပျံကိုသာ မြင်ဖူးတာကြောင့် ကျွဲပျံရုပ်ထုကြီးကိုမြင်တဲ့ အချိန်မှာ ထူးဆန်းပြီး ဖိလစ်ပင်း သူငယ်ချင်းတွေကို စပ်စပ်စုစုမေးမိရာကနေ carabao ရာဇဝင်ကို သိခဲ့ရတာပါ။
အစပိုင်းမှာရေးခဲ့တဲ့ Carabao Mango အကြောင်းကို ဆက်ပြီး ပြောပြချင်ပါတယ်။ ဖိလစ်ပင်းတွေကတော့ သူတို့ရဲ့ Carabao Mango ဟာ ကမ္ဘာပေါ်မှာ အချိုဆုံးသရက်သီး ဆိုပြီး မှတ်တမ်းဝင်ထားတဲ့အကြောင်း အမြဲပြောပြီး အစဉ်ဂုဏ်ယူတတ်ကြပါတယ်။ သူတို့တွေ အမွှန်းတင်ကြလွန်းလို့ ကျမလည်း ဝယ်စားကြည့်တော့ ကျမတို့ဆီက စိန်တစ်လုံးလောက် မချိုပါဘူး။ အရသာလည်း စိန်တစ်လုံးလို မကောင်းပါဘူး။ ကျမက ငါတို့နိုင်ငံကသရက်သီးက ပိုချိုတယ်လို့ ပြောတော့ သူတို့က မယုံသကာင်္နဲ့ အထူးအဆန်းဖြစ်နေကြသည်။ သူတို့မှမစားဘူးတော့ မယုံကြတာလည်း သိပ်တော့မဆန်းလှပေ။ UP မှာ မြန်မာပြည်ကို ရောက်ဖူးပြီး မြန်မာ့စိန်တစ်လုံးကိုလည်း စားဖူးထားတဲ့ တစ်ချို့သော Professor တွေ Scientist တွေကိုယ်တိုင်ကတော့ ကျမတို့ရဲ့သရက်သီးက ပိုအရသာရှိပြီး ချိုမွှေးကြောင်း ဝန်ခံပြောကြားပါတယ်။ ဒါပေမယ့် သူတို့ရဲ့သရက်သီးက ကမ္ဘာ့မှတ်တမ်းဝင်ပြီး ကျမတို့ရဲ့သရက်သီးကတော့ သိသူရှားပါးနေခဲ့သည်မှာ မချိအောင်ခံစားရလွန်းလို့ နာစရာအသည်းတောင် မရှိတော့ပေ။ Resource တွေ ဘယ်လောက်ပေါများနေပါစေ နည်းပညာရှားပါးနေတော့လည်း အမြဲနောက်ကျနေခဲ့ရသည်။
ဖိလစ်ပင်းမှာက သရက်သီးကို (Year Round) ၁၂ ရာသီလုံး စိုက်ပျိုးထုတ်လုပ်ပြီး နိုင်ငံခြားကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ သရက်သီးတင်ပို့တဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲမှာ ဖိလစ်ပင်းက အဆင့် ၆ နေရာမှာရှိပါတယ်။ UP မှာကျောင်းတက်နေတုန်းက အသီးအနှံတော်တော်များများကို ၁၂ ရာသီလုံးမှာ ဝယ်စားလို့ရခဲ့ပါတယ်။ မြန်မာပြည်မှာကတော့ သစ်သီးတွေဆိုတာက သူ့ရာသီ သူ့အချိန်မှစားရတဲ့ ရာသီစာသီးနှံတွေပါ။ ကျမတို့ဆီမှာလည်း စိန်တစ်လုံးကို သူတို့လို Year Round စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မယ်၊ နိုင်ငံခြားတင်ပို့ဖို့ အဆင့်မီတဲ့ Postharvest တွေ၊ Packaging နည်းပညာကောင်းကောင်းတွေသာရှိခဲ့ရင် သေချာပေါက် ကမ္ဘာ့အဆင့်ရဲ့ တစ်နေရာကိုတော့ ရမှာအမှန်ပင်။ ကိုယ့်သရက်သီးလောက် မချိုပါဘဲ သူတို့ရဲ့ carabao သရက်သီးကိုစားဖြစ်တိုင်း ကမ္ဘာပေါ်မှာအချိုဆုံးတဲ့ ဆိုပြီး မခံချိမခံသာဖြစ်ရသလို နောက်တစ်ခုကတော့ IRRI (International Rice Research Institute) ကို မြင်တိုင်း ရောက်ရတိုင်း ငါတို့ရမယ့်အခွင့်အရေးကြီးဆိုပြီး တစ်ခါ ရင်နာရပြန်ပါတယ်။ ဦးနေဝင်းလက်ထက်မှာ IRRI ကို မြန်မာပြည်ပေးတော့ ငြင်းခဲ့တာကြောင့် ဖိလစ်ပင်းကရပြီး IRRI ကြောင့် ကောင်းစားနေတာကို မြင်တော့ ကျမတို့နိုင်ငံကသာ အဲ့ဒီတုန်းက မငြင်းခဲ့ရင်……။
အခုလို နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ ဟိုတုန်းက မရခဲ့တာတွေ စွန့်လွှတ်ခဲ့ရတာတွေကို တနုံ့နုံ့တွေးပြီးတော့လည်း မခံစားချင်တော့ပါ။ ကျမတို့အနေနဲ့ လိုအပ်နေတဲ့ နည်းပညာတွေကို စနစ်တကျ သင်ယူလေ့လာနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ ပို့ချနေတဲ့ Knowledge and Technological Sharing သင်တန်းတွေမှာ ကျမတို့ရဲ့ စိုက်ပျိုးရေးပညာရှင်တွေကိုလည်း ပါဝင်လေ့လာသင်ယူ တက်ရောက်ခွင့်နဲ့ ပြန်လည်အသုံးချဖို့ အခွင့်အရေးတွေ ပေါပေါများများ ရှိစေချင်မိပါတော့သည်။
All da best.
KMMK
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026