ကန်စွန်းရိုးနီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ကန်စွန်းရိုးနီ (လယ်ကန်စွန်း)-မြန်မာအမည် ကန်စွန်းရိုးနီ (လယ်ကန်စွန်း)၊ မျိုးရင်း၊ Convolvulaceae (ကန်စွန်းမျိုးရင်း)၊ ရုက္ခဗေဒအမည် Ipomaea aquatic Forsk ဟူ၍ ခေါ်ဆိုကြသည်။
ပုံသဏ္ဍန် -
အပင် တစ်နှစ် သို့မဟုတ် နှစ်ကြာခံ ရေလျှောက်ပင်ဖြစ်သည်။ ပင်စည်ရိုးနီ၍ ခေါင်းပွဖြစ်၏။ အဆစ်များမှ အမြစ်များထွက်သည်။ အဆစ်နေရာတွင် အခေါင်းပိတ်ဖြစ်သည်။
အရွက် ရွက်လွှဲထွက်သည်။ ၃-၆ လက်မရှည်သည်။ လှံစွပ်ပုံ သို့မဟုတ် သုံးထောင့်ပုံ ဖြစ်သည်။ ရွက်ထိပ်အလွန်ချွန်သည်။ ရွက်ရင်း မြှားသွားပုံရှိသည်။ အမွှေးမဲ့သည်။ ရွက်ညှာအလွန် ရှည်သည်။ ရွက်နားညီသည်။ ရွက်ပြားချော၍ ပါးလွှာသည်။ ရွက်နား ခရမ်းရောင်သမ်းသည်။
အပွင့် အပွင့်ကြီးသည်။ ခရမ်းဖျော့ရောင်ရှိ၍ ခေါင်းလောင်းပုံဖြစ်သည်။ အမွှေးမဲ့သည်။ ပွင့်တည်းဖြစ် သည်။ သီတင်းကျွတ်မှတပို့တွဲလအတွင်း ပွင့်သည်။
အသီး အချင်း ၁/၂ လက်မခန့်ရှိသည်။ အမွေးမဲ့သည်။ လုံးဝိုင်းသည်။ ရင့်မှည့်က အက်ကွဲသည်။ အစေ့ ၄ စေ့ သို့မဟုတ် ၂ စေ့ရှိ၍ ပိုးသားကဲ့သို့အမွေးများရှိသည်။ တပို့တွဲ၊ တပေါင်းလတွင် သီးမှည့်သည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ
ရေမြောင်း၊ ရေကန်များနှင့် လယ်ကွက်များတွင် အလေ့ကျ ပေါက်ရောက်၏။ စိုက်ပျိုးပင် အဖြစ်လည်း စိုက်ကြသည်။
အသုံးပြုသည့်အစိတ်အပိုင်း
အရွက်
မြန်မာနိုင်ငံဆေးကျမ်းများအလိုအရ ချို၍ အေး၏။ နို့ရည်ကိုဖြစ်စေ၏။ ရေ၌ ဖြစ်သောပိုးတို့ကို ပယ်တက်၏။ လေ၊ သလိပ်ကို ဖြစ်စေသည်။ အဆိပ်ကိုပြေစေ၏။ အရွက်ရည်သည် မီးလောင်နာ၊ ဆီးနှင့်ပက်သက်သောရောဂါနှင့် ပူလောင်ခြင်းတို့ကို ပျောက်ကင်းစေ၏။
အသုံးပြုပုံ-
အရွက်
၁။ ကန်စွန်းရွက်ရည်ကို မီးလောင်နာ၊ ရေငတ်နာ၊ ဆီးနှင့်ပက်သက်သည့် အဖျားရောဂါများ ပျောက်ရန်အတွက်လည်းကောင်း၊ အဆိပ်အတောက်ပြေစေရန် အတွက်လည်းကောင်း သုံး၏။
၂။ အရွက်ကို ဟင်းချက်စားသော် သွေးဝမ်းရောဂါပျောက်၏။
၃။ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက်၊ မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညင်နှင့်ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင် ဆီးကျဆင်း၏။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏။
၄။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျရောဂါပျောက်၏။
၅။ ကန်စွန်းရွက်ကို ထန်းလျက်၊ မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက် တည်ခြင်းနှင့်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏။
၆။ ငန်းမန်းရှိသောအနာကို ဘူးရွက်များနှင့်ရောစပ်၍ ရေစိမ်ပြီးအနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏။
ကိုးကား- မြန်မာ့ဆေးဝါးပင်များ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026