စိုက်ပျိုးရေးတွင် ပိုးသတ်ဆေးများကို အသုံးပြုခြင်း
စိုက်ပျိုးရေးမှာ ဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းဖို့ ပိုးသတ်ဆေးတွေကို တစ်ကမ္ဘာလုံး အသုံးပြုနေကြပါတယ်။ ဓါတုပိုးသတ်ဆေးတွေကို မသုံးဘဲနဲ့ ဒီနေ့ အထွက်နှုန်းနဲ့ စားနပ်ရိက္ခာဖူလုံမှုကို ခန့်မှန်းဖို့ လုံးဝခက်ခဲပါတယ်။ ဒါပေမဲ့ ပိုးသတ်ဆေးတွေကို မဆင်မခြင်သုံးစွဲတာဟာ အာရှတိုက်မှာ စပါးလိုသီးနှံတွေမှာ ဆိုးဝါးတဲ့ပြဿနာရှိပြီး ပိုးသတ်ဆေးအတွက် ကုန်ကျစရိတ်ဟာ အကျိုးအမြတ်ထက် ပိုများနေပါတယ်။ ဝါ၊ ခရမ်းချဉ် ဒါမှမဟုတ် သခွားမွှေးတို့လိုသီးနှံတွေမှာ ဓါတုပိုးသတ်ဆေးတွေကိုသုံးပြီး ဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းရာမှာ အခက်အခဲတွေရှိလာပြီး အချို့နိုင်ငံတွေမှာ ဒီသီးနှံတွေကို မစိုက်တော့ဘဲ လုံးဝစွန့်လွှတ်လာကြပါတယ်။
ပတ်ဝန်းကျင်နဲ့ လူ့ကျန်းမာရေးအပေါ် ပိုးသတ်ဆေးတွေရဲ့ စိုးရိမ်စရာကြီးထွားလာပြီး အချို့နိုင်ငံတွေမှာ ပိုးသတ်ဆေးတွေကိုလျှော့သုံးဖို့ ပြင်းထန်တဲ့ လူထုဖိအားရှိလာပြီဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ အဆင့် (၁) ပိုးသတ်ဆေးတွေကို သုံးစွဲနေဆဲ ဖြစ်ကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုးသတ်ဆေးသုံးစွဲမှုကြောင့် ပြဿနာတွေ အမြဲတမ်းရှိပါတယ်။ အလွန် ဒါမှမဟုတ် အလွန့်အလွန်အဆိပ်ပြင်းတဲ့ ဒီပိုးသတ်ဆေးတွေဟာ အဆိပ်သင့်ခြင်းတော်တော်များများကို ဖြစ်စေပါတယ်။ အချို့သတင်းရင်းမြစ်တွေအရ တစ်နှစ်ကို ပိုးသတ်ဆေးအဆိပ်သင့်မှုပြဿနာ (၂၅,၀၀၀,၀၀၀) အထိ ရှိပါတယ်။
ဒီအကြောင်းပြချက်တွေကြောင့် ဖျက်ပိုးကာကွယ်နှိမ်နင်းဖို့အတွက် အခြားနည်းလမ်းတွေကို ပိုမိုအသုံးပြုလာကြပြီး ပရော်ဖက်ရှင်နယ်စိုက်ပျိုးရေးမှာ ဓါတုပိုးသတ်ဆေးကို နောက်ဆုံး အားကိုးရာအဖြစ်သာအသုံးပြုတဲ့ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး အယူအဆကို ယခုအခါ ထည့်သွင်းစဉ်းစားလာကြပါတယ်။ ဓါတုပိုးသတ်ဆေးတွေရဲ့ အစားထိုးစရာတွေမှာ စိုက်ပျိုးနည်း၊ ခံနိုင်ရည်ရှိတဲ့မျိုးတွေကို ရွေးချယ်အသုံးပြုတာ၊ ဖျက်ပိုးတွေရဲ့ သဘာ၀ရန်သူတွေကို အခွင့်အရေးပေးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးတာနဲ့ အကျိုးပြုအင်းဆက်တွေအပါအဝင် ဇီဝပိုးသတ်ဆေးတွေကို အသုံးပြုတာတွေပါဝင်ပါတယ်။
ဒီအခြေအနေတွေအောက်မှာ ဓါတုပိုးသတ်ဆေးတွေဟာ ဒီနေ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ပိုးသတ်ဆေးဖြစ်ဖို့လိုပါတယ်။ ၄င်းတို့ဟာ လူသားတွေအတွက် အဆိပ်သင့်မှု ပိုနည်း လာပြီး ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး အယူအဆအတွင်း အသုံးဝင်တဲ့အရာတစ်ခုအဖြစ် ပိုမိုသီးသန့်ဖြစ်လာပြီး ပိုမိုအစွမ်းထက်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) လောက်က တစ်ဟက်တာကို ပိုးသတ်ဆေးအဆိပ်ရှိပစ္စည်းကို ကီလိုဂရမ် ဒါမှမဟုတ် လီတာတွေနဲ့ အသုံးပြုခဲ့ကြပေမဲ့ တူညီတဲ့ရလဒ်ကိုရဖို့ ခေတ်သစ်ပိုးသတ်ဆေးကို မီလီဂရမ် ဒါမှမဟုတ် မီလီလီတာသာ လိုအပ်ပါတယ်။
အခြားတစ်ဖက်မှာတော့ ပိုးသတ်ဆေးအသစ်တွေမှာ ညီညာပြီးထိရောက်တဲ့ အသုံးပြုမှုအတွက် ပိုမိုခေတ်မီတဲ့ နည်းပညာလိုအပ်ပါတယ်။ ဖျက်ပိုးကာကွယ်နှိမ်နင်းဖို့အတွက် ဇီဝပိုးသတ်ဆေးတွေကို ကြည့်ပါက ဧရိယာအကျယ်ကြီးမှာ စက်ဖြင့် အသုံးပြုနိုင်ဖို့အတွက် သင့်တော်တဲ့နည်းပညာ လိုအပ်ပါတယ်။
ပိုးသတ်ဆေးသုံးစွဲမှုအလေ့အထကို ထိထိရောက်ရောက်တိုးတက်စေဖို့ စံချိန်မီကောင်းမွန်တဲ့ အရည်အသွေးကောင်း ကိရိယာနဲ့ ပိုးသတ်ဆေးဖျန်းကိရိယာသုံးစွဲမှုသင်တန်း လိုအပ်ပါတယ်။
ပိုးသတ်ဆေးကို အတော်အတန်ဘေးကင်းပြီး ထိရောက်တဲ့အသုံးပြုမှုကိုဖြစ်စေတဲ့ နည်းပညာနဲ့ အဲဒီအယူအဆကို လက်တွေ့စတင်ကျင့်သုံးဖို့ လိုပါတယ်။ ဒါပေမဲ့ နိုင်ငံအသီးသီးမှာ ကျင့်သုံးနေကြတဲ့ အခြေအနေတွေကို လက်ခံရမှာ ဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေကို စတင်အသုံးပြုဖို့ရာ နည်းပညာစွမ်းရည်၊ အဖွဲ့အစည်း၊ ယဉ်ကျေးမှုနောက်ခံနဲ့ ပါဝင်တဲ့ ပြည်သူတွေရဲ့ စိတ်ရင်းစေတနာအပေါ် အများကြီးမူတည်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ အခန်းကဏ္ဍကတော့ သံစုံတီးဝိုင်းရဲ့ လမ်းညွှန်သူနဲ့ နှိုင်းယှဉ်နိုင်ပြီး ပုဂ္ဂလိကကဏ္ဍကို သံစုံတီးဝိုင်းနဲ့ နှိုင်းယှဉ်ရမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုကတော့ နည်းပညာအသေးစိတ် အများကြီးမဟုတ်ဘဲ လူတိုင်းဟာ သူတို့ရဲ့လုပ်ဆောင်မှုကို အကောင်းဆုံးလုပ်ဆောင်ဖို့ အာမခံရန် ဖြစ်ပါတယ်။ ဂီတပွဲတစ်ခုလို ပလေယာတိုင်းက တစ်ယောက်နဲ့တစ်ယောက် စည်းဝါးကိုက်ပြီး တာဝန်သိသိလုပ်ဆောင်မှသာ အစီအစဉ် အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း မီးမောင်းထိုးပြလိုက်ပါရစေ။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020