တောင်သူဦးကြီးများအတွက် SWOT Analysis
အများကြီးတော့ မပြောတော့ပါဘူး။ ဖတ်သာကြည့်လိုက်ပါတော့…
လယ်စိုက်တယ်။ ယာစိုက်တယ်ဆိုတာကလည်း စီးပွားရေးလုပ်ငန်းလုပ်နေတာပါပဲ။ အဲ့တော့ တောင်သူလယ်သမားဦးကြီးတွေဆိုတာက စီးပွားရေးလုပ်ငန်းရှင်တွေပါပဲ။ အဲ့တော့ ကိုယ့်လုပ်ငန်းက ကောင်းနေသလား ဆိုးနေသလား၊ ဘာတွေ အားသာချက်တွေရှိနေလဲ၊ ဘာတွေ အားနည်းနေလဲ၊ အားသာချက်တွေကို ပိုကောင်းအောင် ဘာတွေလုပ်နိုင်မလဲ၊ အားနည်းချက်တွေကိုရော ဘယ်လိုပြင်ဆင်မလဲဆိုတာကို တစ်ချက်ပြန်ပြန်ပြီး ကြည့်ပေးတဲ့အခါ ကိုယ့်လုပ်ငန်းဆိုတာက ပြည့်စုံတဲ့လုပ်ငန်းတစ်ခုအဖြစ်ကို ပြောင်းလဲလာပြီးတော့ စီးပွားရေးအဆင်ပြေတဲ့အခါ သာယာတဲ့ ဘဝလေးကိုလည်း ပိုင်ဆိုင်နိုင်ကြမှာပေါ့။ အဲ့တော့ ကိုယ့်လုပ်ငန်းကို ဘယ်လိုမျိုး သုံးသပ်ချက်တွေ ပြုလုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းလေးကို တင်ဆက်ပေးမှာပါ။
SWOT Analysis ဆိုတာဘာလဲ
ဆိုတော့ကာ S ဆိုတာက Strength (အားသာချက်)၊ W ဆိုတာက Weakness (အားနည်းချက်) ကိုဆိုလိုတာပါ။ အရေးကြီးပါတယ်နော်။ အဲ့(၂)ခုက ကိုယ်ပဲသိတဲ့ အတွင်းရေးတွေဖြစ်ရပါမယ်။ Internal ပါ။ ကိုယ်ပဲသိတဲ့ ကိုယ့်လုပ်ငန်းတွင်းက အားသာချက် အားနည်းချက်တွေ ဖြစ်ရပါမယ်။ နောက် (၂)ခုက O – Opportunities (အခွင့်အလမ်း) နဲ့ T- Threats (အန္တရာယ်) တွေပဲ ဖြစ်ပါတယ်။ အဲ့ (၂) ခုကိုစဉ်းစားတဲ့နေရာကတော့ အပြင်ဖက်က လာနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ အန္တရာယ်တွေကိုပဲ တွေးတောဆင်ခြင်ရမှာပဲဖြစ်ပါတယ်။ အဲ့တော့ တောင်သူတွေ လိုက်လုပ်နိုင်တဲ့ အချက်လေးတွေကို လိုက်ပြီးတော့လုပ်ကြရအောင်…..။
ကဲ ကဲ စာအုပ်လေးတစ်အုပ်ကိုယူပြီးတော့ ချရေးရအောင်။ ကိုယ့်လုပ်ငန်းကနေ ကိုယ်သိတဲ့အားသာချက်တွေကို တန်းစီပြီးရေးပါ။ အတွင်းထဲက ကိုယ်ပဲသိတဲ့အရာဖြစ်ရပါမယ်နော်။ အားနည်းချက်တွေကိုလည်းရေးပါ။ ကိုယ်သိတဲ့အရာပဲ ဖြစ်ရပါမယ်။ နောက်ပြီတော့ အပြင်ဖက်ကလာနေတဲ့ အခွင့်အရေးတွေအကြောင်းကိုလည်း ရေးပါ။ ကိုယ့်လုပ်ငန်းမှာကျရောက်နိုင်တဲ့ အန္တရာယ်တွေအကြောင်းကိုလည်း တန်းစီပြီးတော့ရေးပါ။ ဒီ(၂)ခုလုံးက အပြင်ဖက်က သူများတွေကြောင့်ဖြစ်တဲ့အရာတွေပဲ ဖြစ်ရပါမယ်နော်။ အဲ့တော့ အားသာချက်တွေအကြောင်း ရေးထားတာကတစ်ရွက်၊ အားနည်းချက်တွေကို ရေးထားတာကတစ်ရွက်၊ အခွင့်အလမ်းတွေအကြောင်းကို ရေးထားတာကတစ်ရွက်၊ အန္တရာယ်တွေအကြောင်းကို ရေးထားတာကတစ်ရွက်ဆိုတော့ စုစုပေါင်း (၄) ရွက် ဖြစ်နေရပါမယ်။
ရေးပြီးသွားရင်တော့ အောက်မှာပြထားတဲ့အတိုင်းကို ဇယားလေးဆွဲပြီး ပြောင်းလဲကြည့်ရပါမယ်။ 
ကဲ အသေးစိတ်လေးတွေ ပြန်ကြည့်ရအောင်။ အားသာချက်လို့ဆိုတဲ့နေရာမှာ မြေကောင်းတယ် ဘာစိုက်စိုက်ဖြစ်တယ်ဆိုတာပါတယ် ထားပါတော့။ အဲ့တော့ အားသာချက်ကြောင့် ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းတော့ ဘာစိုက်စိုက်ဖြစ်တယ်။ အဲ့တော့ ဈေးကြီးတဲ့သီးနှံတွေကို စိုက်လို့ရတယ်ဆိုတာက အားသာချက်။ အဲ့ကနေမှ မြေကသာတစ်ခုခုပျက်သွားတယ်ဆိုရင် ကိုယ့်အတွက်ဖြစ်လာနိုင်တာက လုံးဝကိုအန္တရာယ်ပါပဲ။
အားနည်းချက်ကနေ ပြီးတော့လည်း အခွင့်အလမ်းကို ပြောင်းလဲပေးနိုင်တာမျိုးလည်း ရှိတယ်။ အသီးတွေက ပို့ဖို့အခက်အခဲရှိတယ်ဆိုတာကိုသာ ပြောင်းလဲလိုက်ရင် ကိုယ်အတွက်က အခွင့်အရေးပါပဲ။ လုံးဝ အားသာချက်ကြီးပါပဲ။ အဲ့ဒါကိုလည်း ပြောင်းလဲပေးဖို့လိုတာကြောင့် ပြင်ဖို့အတွက်ကို ရေးထားပါဦး။ အားနည်းချက်ကနေ ကိုယ့်အတွက် အန္တရာယ်ဖြစ်လာနိုင်တာကို သတိထားရမှာမို့လည်း ရေးချထားဖို့လိုပါတယ်နော်။
အောက်မှာ နမူနာလုပ်ပြထားပါတယ်နော်။ တောင်သူဦးကြီးများ အချိန် (၁) နာရီလောက်ပေးပြီးတော့ လိုက်လုပ်ကြည့်တာနဲ့တင် တကယ်ကိုအကျိုးထူးမှာ အသေအချာပါပဲ။
အကုန်လုံးက ကိုယ့်အတွက် တကယ့်ကို အကောင်းဖက်ချည်းပဲဆွဲပြီးတော့ စီမံချက်ချထားပေးရမှာပါ။ အဲ့တော့ လိုက်လုပ်ထားရင်တော့ တကယ့်ကို အစီအစဉ်တွေရှိတဲ့ စိုက်ပျိုးစီးပွားလုပ်ငန်းရှင်တွေဖြစ်မှာ တကယ်ကိုသေချာပါတယ်။
ထွန်းဝင်းကျော်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
KO Thiha lin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026