အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လုပ်ငန်းရှင်ကြီး ဖြစ်ဖို့ - ၄

လုပ်ငန်းရှင်ကြီး ဖြစ်ဖို့ - ၄

Htunn Winn Kyaw
Htunn Winn Kyaw • 10/09/2020

     အဓိက က လုပ်ငန်းလုပ်တယ်ဆိုရင် ငွေကြေးလည်ပတ်မှုတွေဆိုတာ မဖြစ်မနေ ပါကို ပါလာရတာပါပဲ။ အမြတ်အတွက် ငွေကြေးလည်ပတ်ဖို့ လိုတာကိုး။ ခု လုပ်ငန်းရှင်ကြီး ဖြစ်ဖို့ဆိုရင် ကိုယ့်လုပ်ငန်းမှာ သုံးနေတဲ့ သွင်းအားစုတွေရဲ့ဈေးနှုန်း၊ ကိုယ့်ဆီက ထွက်တဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းသတ်မှတ်တာကို ဘယ်လိုတွေ သတ်မှတ်ထားတာလဲ၊ ဘယ်လိုတွေ သတ်မှတ်သင့်လဲ ဆိုတာကို သိကိုသိရမှာပေါ့။ အဲ့အကြောင်းကို ပြောကြရအောင်။

ဈေးနှုန်း

     ကုန်ပစ္စည်းတစ်ခုရဲ့ တန်ဖိုးနဲ့  ကျသင့်တဲ့ ဈေးနှုန်း ဆိုတာ ထပ်တူ ကျချင်မှကျတာပါ။ ဘုရားဖူးထွက်လို့ ဆိုင်မှာ ၂၀၀ တန်ရေသန့်ဘူးကို ၅၀၀ နဲ့ ဝယ်သောက်ဖူးတယ်ဟလား။ အဲ့ဒါကို ဥပမာအနေနဲ့ ကြည့်တဲ့အခါ ဈေးနှုန်း လို့ ဆိုလိုက်ရင် ဝယ်ရတဲ့ မူရင်း တန်ဖိုးဈေးရယ်၊ ပြန်ရောင်းရမဲ့ ဈေးရယ်၊ တကယ်ပြန်ရောင်းမဲ့ ဈေးရယ် ပေါင်းထားတာတွေ ဖြစ်ပါတယ်။ အရည်အတွက် အလေးချိန် နဲ့ တစ်ခြားသော အတိုင်းအတာတွေနဲ့လည်း ပတ်သက်ပြီးတော့ ပြောင်းလဲနိုင်ပါတယ်။ 

     ဈေးနှုန်းကိုသတ်မှတ်တဲ့အခါမျိုးမှာဆိုရင် လွယ်မလိုနဲ့ ခက်ခဲတာကို လက်ခံရမှာပါ။ ဘာလို့လဲဆိုတော့ စဉ်းစားရမဲ့အချက်တွေက ဈေးကွက်အနေအထား၊ ဝယ်လိုအားနဲ့ ရောင်းလိုအား၊ ရောင်းတဲ့ပုံ၊ ဝယ်တဲ့ပုံ၊ အသိုငိးအဝိုင်း စတဲ့ အချက်တွေ အများကြီး ပါနေတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒါတင်မကသေးပါဘူး။ ဝယ်သူတွေရဲ့ သူတို့ရဲ့ ဝင်ငွေအနေအထားနဲ့ သူတို့ လိုအပ်ချက် လိုအင် စတဲ့ အကြောင်းအရာတွေကိုလည်း သတိထားရမှာ ဆိုတော့ ဈေးနှုန်းတစ်ခုကို သတ်မှတ်ဖို့ဆို တကယ်ကို မလွယ်တာပါ။ 

ဈေးနှုန်း သတ်မှတ်ချက်တစ်ခုမှာ ဘာတွေပါတတ်သလဲ။

(က) ထုတ်လုပ်မှု ကုန်ကျစရိတ်

     ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်လိုက်လို့၊ ကြော်ငြာလိုက်လို့ တက်သွားတဲ့ ကုန်ကျစရိတ် စတဲ့ စရိတ်တွေဖြစ်ပါတယ်။ ပြောရရင်တော့ အမြတ်မပါသေးတဲ့ လုံးဝ အကြမ်းကုန်ကျစရိတ်တန်ဖိုးပါ။ အဲ့လိုစရိတ်က ကုန်ပစ္စည်းကိုသတ်မှတ်ရမဲ့ ‌ဈေးနှုန်းမှာ တစ်ဝက်က‌နေ တစ်ဝက်ကျော် ထိပါတတ်ပါတယ်။ ဥပမာ ၁၀) ခုထုတ်တယ်၊ (၁၀၀) ကုန်တယ် ဆိုရင် တစ်ခုကို (၁၀)ကျပ် ကျသင့်ပါတယ်။ 

(ခ) အမြတ်

     ဒါကတော့ အရေးကြီးတဲ့ အပိုင်းပါပဲ။ ဒီဟာနဲ့ လုပ်စားကြရတာကိုး။ အဲ့တော့ ကုန်ပစ္စည်း တစ်ခုကို ကိုယ်ကဝယ်လို့ ပေးလိုက်ရတာပဲဖြစ်ဖြစ်၊ ရောင်းလို့ ရလိုက်တာပဲဖြစ်ဖြစ် အမြတ်ငွေကို ပမာဏ တစ်ခုနဲ့ ပေးလိုက်ရတာချည်းပါပဲ။ 

(ဂ) အလဲအလှယ် ကြေး

     ကုန်ပစ္စည်းတိုင်းက အနာအဆာမဲ့ နှစ်ကြာရှည် မခံကြပါဘူး။ ဆိုင်တွေမှာတင်မယ် ချမယ်ဆိုရင် အကျိုးအပဲ့တွေ အနာအဆာတွေကို ပြန်လဲပေးပါလို့ပြောပါလိမ့်မယ်။ အဲ့လို နှုန်းအတွက်လည်း တွက်ချက်ပြီးတော့ ကိုယ်ရောင်းမဲ့ ဈေးနှုန်းမှာ ပေါင်းထည့်ပေးထားရပါတယ်။ 

(ဃ) အခွန်အခ နဲ့ ပေးစရာရှိတာတွေ 

      နိုင်ငံကြီးသား ပီသဖို့ ဆောင်ရတဲ့ အခွန်အခနဲ့ တစ်ခြားသော ‌အကောက်တွေကိုလည်း ထည့်ရပါတယ်။ ကိုယ်ကချည်း စိုက်ဆောင်ရအောင်လို့လည်း (၁) ခု (၂) ခု တည်း ထုတ်တာမဟုတ်တော့ ထည့်ထားမှပဲ တော်ကာကျပါမယ်။

     ဖော်ပြခဲ့တဲ့ (၄) ပိုင်းက ကိုယ်က ကုန်ပစ္စည်းတစ်ခုကို ဝယ်လိုက်တာပဲဖြစ်ဖြစ်၊ ကိုယ့်ထုတ်ကုန်ကို ဈေးနှုန်း သတ်မှတ်တော့မဲ့အခါမှာပဲဖြစ်ဖြစ် အဲ့အပိုင်း (၄) ခု ပါဝင်နေကြောင်းကို တွေးတော သုံးသပ်ရ မှာဖြစ်ပါတယ်။

     ဈေးနှုန်းမှာ ပါဝင်တဲ့ အပိုင်းကြီး (၄) ပိုင်း ပြီးပြန်တော့ ဈေးနှုန်းအပေါ်မှာ သက်ရောက်ကြတဲ့ အချက်တွေအကြောင်းကို ဆက်ပြောကြမယ်။

ဈေးနှုန်းအပေါ် သက်ရောက်စေသော အချက်များ

     အဓိက ခွဲခြမ်းလိုက်ရင် (၂) ပိုင်းရှိပါတယ်။ လုပ်ငန်း အတွင်းပိုင်းနဲ့ လုပ်ငန်းပြင်ပ အချက်တွေဖြစ်ပါတယ်။

လုပ်ငန်းအတွင်းပိုင်း ဆိုင်ရာ အချက်တွေ 

(၁) လုပ်ငန်းရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေ။

     ဒီအချက်မှာဆိုရင် ပြိုင်ဆိုင်မှုတွေ၊ အမြတ်များများ ရယူဖို့၊ များများရောင်းရဖို့လား၊ ဈေးကွက်ထဲမှာ နေရာများများယူဖို့လား၊ စတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းရဲ့ ရည်မှန်းချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်း သတ်မှတ်ချက်တွေကလည်းပြောင်းလဲနိုင်ပါတယ်။

(၂) ဈေးကွက် ထိုးဖောက်ချဲ့ထွင်တဲ့ ဗျူဟာ 

     သူတို့ ဈေးကွက်ကို ဘယ်လို ထိုးဖောက်တဲ့ နည်းလမ်းကို သုံးသလဲ ဆိုတဲ့ အချက်ပေါ်မှာလည်း မူတည်ပြီးတော့ ဈေးနှုန်းတွေက ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာပြောရရင်တော့ ဈေးက အရမ်းများအောင် ဇိမ်ခံပစ္စည်းလို ရောင်းတဲ့ နည်းမျိုး သုံးမလား။ သူများထက် နည်းတဲ့ ဈေးနဲ့ ရောင်းမဲ့ နည်းလမ်းကိုသုံးပြီး ဈေးကွက် ကို ထိုးဖောက်မှာလား။ ရာသီအလိုက် ထုတ်ကုန်အလိုက် ဈေးတွေကို ကစားတဲ့ နည်းနဲ့ ဖောက်မလား။ တစ်ခြား ပြိုင်ဖက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီးတော့ဈေးကို ပြောင်းလဲမှာလား စတဲ့ အချက်တွေပါ။

(၃) ကုန်ကျစရိတ်

     ဒါကတော့ ပြောစရာလိုပါဘူး။ လုပ်ငန်းရှင် တစ်ယောက်နဲ့တစ်ယောက်က ကုန်ကျစရိတ်ဆိုတာ မတူကြတဲ့အတွက် လုပ်အားခ ထည့်ရတဲ့ သွင်းအားစုတွေ အပေါ်မှာ မူတည်ပြီးတော့ ဈေးက ပြောင်းလဲနိုင်ပါတယ်။

 ‌    နောက်ပြီးတော့ လုပ်ငန်း တစ်ခုနဲ့ တစ်ခုမှာ မတူညီတဲ့ ‌အချက်တွေရှိပြီးတော့ အဲ့အချက်တွေက ဈေးနှုန်းကို ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ ဆိုင်တဲ့ အချက်တွေကို လုပ်ငန်းတွင်း အချက်အလက်တွေလို့ ခေါ်ပါတယ်။ 

လုပ်ငန်းပြင်ပအချက်တွေ

(၁) ဈေးကွက်အမျိုးအစား

     ကိုယ့်ပစ္စည်းတွေ ရောင်းရတဲ့ ဈေးကွက်က ဘယ်လို အမျိုးအစားမျိုးလဲ ဆိုတာ သိရပါမယ်။ ပြိုင်ဖက်မရှိ လက်ဝါးကြီး အုပ်ပြီး ရောင်းလို့ရတဲ့ ဈေးကွက်မျိုးလား၊ ပြိုင်ဖက် (၁)ယောက် (၂)ယောက်ပဲရှိတာမျိုးလား။ အများကြီးရှိတဲ့ ဈေးကွက်မျိုးလား ဆိုတဲ့ ဈေးကွက် အပေါ်မှာ စကားအများကြီးပြောပြီး ဈေးကလည်း ကွာသွားပါတယ်။

(၂) တစ်ခြားအချက်တွေ

     ပြိုင်ဖက်က အပြောင်းအလဲတွေ လုပ်ပစ်လိုက်လို့ ကိုယ့်ကပါ လိုက်ပြောင်းရတာမျိုး၊ ဝယ်သူတွေက မလှုပ်မယက်လေး လုပ်နေတာမျိုး၊ ဝယ်သူတွေရဲ့ စိတ်ကျေနပ်မှု ဆိုင်တဲ့ အချက်တွေ၊ နာမည်ကောင်းရမရ ဆိုတဲ့ အချက်တွေ ဆိုတာကလည်း ဈေးကို ပြောင်းလဲ‌စေနိုင်တဲ့ အချက်တွေပါပဲ။ 

     ဆိုတော့ကာ ရောင်းတဲ့သူပဲ ဖြစ်ဖြစ် ဝယ်တဲ့သူပဲဖြစ်ဖြစ် ကိုယ်ပေးလိုက်ရတဲ့ ဈေးနှုန်း တွေက ဘာတွေပါတယ် ဘာတွေ ပါသင့်တယ်။ ဘယ်လိုတွေကြောင့် ပြောင်းလဲနိုင်တယ် ဆိုတာကို နားလည်ရင် လုပ်ငန်းရှင်ကြီး ဖြစ်ဖို့ လမ်းစတစ်ခုပါပဲ။

အောင်မြင်ကြပါစေ

ထွန်းဝင်းကျော်

Reference

http://www.smartfarmerproject.eu/SmartFarmerPlatform/files/untis_files/SmartFarmer_Training%20Material_Module2_Unit5_Final.pdf

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

KO Thiha lin • ဖြေကြားချက် 2 ခု

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

KO Thiha lin • ဖြေကြားချက် 7 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။