အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လုပ်ငန်းရှင်ကြီးဖြစ်ဖို့ (၅)

လုပ်ငန်းရှင်ကြီးဖြစ်ဖို့ (၅)

Htunn Winn Kyaw
Htunn Winn Kyaw • 06/10/2020

     ဖြန့်ဝေတဲ့လမ်းကြောင်းနဲ့ နေရာတွေကို လုပ်ငန်းရှင်ကြီးတစ်ယောက်က သိထားပြီး ကစားနိုင်ဖို့လိုပါတယ်။ အဲ့တော့ ဒီမှာက Distribution Channels တွေဆိုတာ ဘာတွေဖြစ်မလဲဆိုတဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။  

DC (Distribution Channels) တွေရဲ့ သဘော သဘာဝ

     ဖြန့်ဖြူးရာလမ်းကြောင်းတွေဆိုတာက ကိုယ်ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းဖြစ်ဖြစ် လုပ်ငန်းဝန်ဆောင်မှုကပဲဖြစ်ဖြစ်၊ ကိုယ့်ဆီကနေ တကယ်စားသုံးတဲ့ သူတွေအထိ ဘယ်လိုသွားသလဲဆိုတာကို ညွှန်ပြပေးပါတယ်။ ဆိုတော့ သူတို့ဆီကို ဘယ်လိုရောက်နိုင်သလဲ သိရင် ကိုယ့်ကုန်ပစ္စည်းတွေကို ပိုရောက်အောင်လုပ်ပေးနိုင်တာပေါ့။

     အဲ့လိုဆိုတော့ ဒီထဲမှာ ပါဝင်လည်ပတ်ပြီး ငွေတွေ အသာလေးယူနေတဲ့ လုပ်ငန်းရှင်တွေလည်းရှိပါတယ်။ အရောင်းသမားတွေ အေဂျင်စီတွေ လက်ကားသမားတွေ လက်လီပြန်ရောင်းတဲ့သူတွေ၊ သူတို့ကျတော့ ကုန်ပစ္စည်းကိုမထုတ်ဘူး။ ဒါပေမဲ့ သူတို့က ဖြန့်ပေးတယ်ဆိုတဲ့ DC လိုင်းပေါ်ကနေပြီးတော့ ငွေတွေ ရှာနေကြပါတယ်။ 

     အဆင့်တွေ ဘယ်လောက်များများ အဓိကအနေနဲ့ကျတော့ သူတို့ သတ်မှတ်ချက်နဲ့ အဆင့် (၄) ခုပဲ ရှိပါတယ်။ Level – 0 ကတော့ ထုတ်တဲ့သူကနေ တိုက်ရိုက် စားသုံးတဲ့ သူဆီကို ရောက်တာပါ။ သူ့ကို Direct Marketing - တိုက်ရိုက်ဈေးကွက် လို့ခေါ်ကြပါတယ်။ စိုက်ပျိုးရေးဖက်ကနေ ချိတ်ပြီးတော့ ကြည့်ကြမယ်ဆိုရင်တော့ ကိုယ်စိုက်တဲ စိုက်ခင်းက အသီးအရွက်တွေကို ဖေ့ဘုတ်အကောင့်လေးဖွင့်ပြီးရောင်းမယ်။ အိမ်မှာ ခြံထွက်တွေကို စင်လေးနဲ့တင်ရောင်းတဲ့သူတွေ၊ ခြံထဲကို လာဝယ်လို့ရတယ်ဆိုပြီး လမ်းညွှန်ထားတာမျိုးလုပ်နေတယ်။ တိုက်ရိုက်ရောင်းနေတာမျိုး ဖြစ်ပါတယ်။ 

     Level - 1 မှာ ထုတ်လုပ်သူတွေဆီကနေ လက်လီသမားတွေ ပြန်ဝယ်ကြတယ်၊ အဲ့လက်လီသမားတွေကနေမှ စားသုံးသူတွေက ဝယ်ကြပါတယ်။ 

     Level – 2 ထုတ်လုပ်သူကနေ၊ လက်ကားသမား၊ လက်ကားသမားကနေ လက်လီသမား ၊ လက်လီသမားတွေဆီကမှ နောက်ဆုံး စားသုံးတဲ့သူတွေဆီကိုရောက်ပါတယ်။ 

     Level – 3 ကျတော့ ထုတ်လုပ်သူ၊ လက်ကားသမား၊ ပွဲစား၊ လက်လီသမား စတဲ့ သူတွေ ခံပြီးမှ နောက်ဆုံး စားသုံးသူတွေဆီကို ရောက်ကြတာဖြစ်ပါတယ်။ 

     အဲ့လို အဆင့်တွေရှိလေလေ ဈေးကကွာဟမှု များလေလေဖြစ်ပါတယ်။ စားတဲ့သူတွေကလည်း ဈေးများများ ပေးဝယ်ရပေမဲ့လို့ တကယ်ရောင်းလိုက်တဲ့ ထုတ်လုပ်သူတွေကလည်း ဈေးကို ရသင့်တာလောက်မရပဲ ပိုနည်းပြီးရတတ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုက ကိုယ်တွေလုပ်ကိုင်နေတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက အဆင့်တွေများတဲ့ DC ကြီးနဲ့ လည်ပတ်နေကြရတာပါပဲ။ စိုက်တယ် ထွက်လာသမျှကို ဟိုတယ်ကိုသွင်းတယ် အဲ့လိုလုပ်နေတဲ့ လုပ်ငန်းတွေက နည်းနည်းရှားနေပါသေးတယ်။ 

     သဘောသဘာဝကို နားလည်ပြီးရင်တော့ နောက်တစ်ပိုင်းက DCတွေက ဘာလုပ်ပေးသလဲဆိုတာကို ကြည့်ရအောင်

DC – Distribution Channels တွေရဲ့ လုပ်ဆောင်ချက် အသုံးဝင်မှုတွေ

     ကိုယ့်ကုန်ပစ္စည်းသွားနေတဲ့ လမ်းကြောင်းကြီးကို သိပြီးတော့ ဘာတွေသိပြီး ဘာတွေပြင်ဆင်ထားလို့ရမလဲဆိုတာကို အောက်မှာ စီပေးထားပါတယ်။ 

(၁) သတင်းအချက်လက်တွေ။ ။ လမ်းကြောင်းရှင်းအောင် ဘာတွေရှင်းထားရမလဲ၊ လမ်းကြောင်းပိုပြီး ဘယ်လိုချဲ့မလဲ၊ စားသုံးသူတွေက ဘာတွေလိုချင်သလဲ စတဲ့ အချက်အလက်တွေကို သိရမှာဖြစ်ပါတယ်။

(၂) အရောင်းမြှင့်တင်ရေး။ ။ ကုန်ပစ္စည်း အတွက် ဘယ်လမ်းကြောင်းကနေ ထုတ်လို့ကောင်းမလဲဆိုတာကို အရောင်းမြှင့်တင်ရေး  လုပ်ဖို့ လိုအပ်တာတွေ ရပါတယ်။ 

(၃) အံဝင်ကျမှု။ ။ လမ်းကြောင်းမှာ နောက်ဆုံးဖြစ်တဲ့ စားသုံးသူတွေဆီကနေ ဘယ်လိုအချက်မျိုးကိုလိုချင်တယ်ဆိုတာနဲ့ ကိုယ်က လိုက်လုပ်နိုင်ပါတယ်၊ ထုတ်လုပ်မှု ကနေ ဘယ်အဆင့်လေး တိုးလိုက်ရင် ပိုကောင်းသွားမယ်ဆိုတာမျိုး ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်။

(၄) ညှိနှိုင်းဆွေးနွေးခြင်း။ ။ နေရာဒေသတိုင်းက တူညီတဲ့ အခြေအနေ မဟုတ်တာကြောင့်မို့ ကိုယ့် DC လမ်းကြောင်းကနေ ဘယ်လို ဆွေးနွေးမှုတွေလုပ်ပေးရမလဲ၊ ဈေးတန်းလား၊ ဘယ်လို စနစ်နဲ့ဆို ပိုကောင်းမလဲ စတဲ့ လုပ်ငန်းတွေ ဆက်ပြီးလုပ်ဆောင်ပေးလို့ရပါတယ်။

(၅) အမှာစာ။ ။ တိုက်ရိုက်မှာရင် တိုက်ရိုက်ပရိုမိုးရှင်းတွေရတယ်လေ။ ကွန်ပလိန်းလည်း တိုက်ရိုက်တက်လို့ရတယ်၊ အဲ့တော့ ဘယ်ဒေသက ဘာတွေမှာတတ်တယ် ဆိုတဲ့ လမ်းကြောင်းကြီးက ရှင်းလင်း။

(၆) ငွေကြေးစီမံခန့်ခွဲမှု။ ။ အမှာစာတွေစုပြီး DC တစ်ခုတည်းက ပေါင်းပို့ရင် ကုန်ကျစရိတ် ပိုသက်သာတယ်လေ၊ 

(၇) စွန့်စားမှု။ ။ ဆိုတာကတော့ စီးပွားရေးအရ စွန့်စားရတဲ့ လုပ်ငန်းတွေအတွက် DC လမ်းကြောင်းဖောက်တာမျိုးလို လုပ်ငန်းတွေလုပ်နိုင်ဖို့ စွန့်စားကြရတာမှာ မှန်ကန်တဲ့ စွန့်စားမှုတွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်၊ 

(၈) ကုန်ပစ္စည်းဖြန့်ဝေမှု။ ။ ဘယ်လိုသွားမလဲ၊ ဘယ်လို သယ်ပိုးမလဲ၊ ဘယ်လို လှောင်ထားရမလဲ ဆိုတာကို DCတွေ ကြည့်ပြီးတော့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်ပါတယ်။ 

(၉) ငွေပေးချေခြင်း။ ။ ငွေရေးကြေးရေးကြောင့် စီးပွားရေးဆိုတာလုပ်တာလေနော်၊ အဲ့အတွက်ကြောင့်မို့ DCလိုင်း အလိုက်ကိုမှ ဘယ်လိုစနစ်က အဆင်ပြေနိုင်တယ်၊ ဘယ်လိုလာကောက်ပေးရင် ပြေနိုင်တယ်ဆိုတာကို ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်။ 

     အားရင် ကျုပ်စိုက်တဲ့ ကြက်သွန်တွေက ဘယ်ကိုရောက်လဲ ဆိုတာကို တစ်ချက်စုံစမ်းကြည့်ပါ၊ ရန်ကုန်ကိုရောက်တယ်ဆို ကြားပွဲစားမခံပဲ ကိုယ်တိုင် တိုက်ရိုက် ပို့ကြည့်ပါ၊ ကွာတာ ကွာပါတယ်၊ လမ်းကြောင်း ပွင့်လာလေလေ လုပ်စရာတွေ အများကြီးဖြစ်လာလေလေ ဆိုတာကို သိလာမှာပါ၊ နောက်တစ်ပိုင်းမှာ တွေ့ကြစို့ရဲ့

ထွန်းဝင်းကျော်

Reference

http://www.smartfarmerproject.eu/SmartFarmerPlatform/unit.php?unit_id=7

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

1
မေပြုံး

မေပြုံး

လွန်ခဲ့သော ၅ နှစ် က

စာဘယ်လို၀င်ဖတ်ရမလဲ

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

KO Thiha lin • ဖြေကြားချက် 2 ခု

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

KO Thiha lin • ဖြေကြားချက် 7 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။