လုပ်ငန်းရှင်ကြီးဖြစ်ဖို့ (၆)
အရင်တစ်ခေါက်က ဖြန့်ဝေရာ လမ်းကြောင်း Distribution Channels ဆိုတာဘာလဲ၊ သူက ဘာတွေလုပ်ပေးသလဲ ဆိုတာကို လေ့လာခဲ့ပြီးတော့ ခုတစ်ခေါက်မှာ DC လို့ အလွယ်ခေါ်တဲ့ ဖြန့်ဝေရာ လမ်းကြောင်းတွေကို ဘယ်လို ဖော်ဆောင်ရမလဲ၊ ဘယ်အချက်တွေကို မူတည်ပြီးတော့ တွေးတော ဆုံးဖြတ်ရမလဲ ဆိုတာကို ထပ်ပြီးတော့ လေ့လာကြတာပေါ့။
ရည်မှန်းချက်နဲ့ အခက်အခဲများကို ရှာဖွေဖော်ထုတ်ခြင်း
ကိုယ်တွေ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ကိုယ်တွေနဲ့ ကိုက်တဲ့ ဖြန့်ဝေလမ်းကြောင်းနဲ့ ကိုက်နေမှ ကိုယ်စီးပွားရေးဆိုတာကလည်း တိုးတက်မှာကိုး။ ဆိုတော့ လမ်းကြောင်းအစ ရတယ်ဆို ကားသွားမှာလား ဆိုင်ကယ်သွားမှာလား ကားဆိုရင်တောင် ဘာကားသွားမှာလဲ ဆိုတာမျိုးနဲ့ လမ်းဖောက်ရမှာဖြစ်ပါတယ်။ ဆိုတော့ကာ သူလည်းပဲ ရည်မှန်းချက် ရည်ရွယ်ချက်ရှိဖို့ လိုပါတယ်။ စားသုံးသူတွေက ဘယ်လိုမျိုးတွေ လိုချင်သလဲ ဘယ်လိုသွားရမလဲ ဘယ်လိုအချိန်မှာ ရောက်သင့်တာလဲဆိုတဲ့ ရေတိုရော ရေရှည်အတွက်ပါ ရည်မှန်းချက်ရှိသင့်ပါတယ်။ ပြောပြသလောက်တော့ မလွယ်ဘူးပေါ့။ ဘာလို့ မလွယ်လဲဆိုတော့ အခက်အခဲ ဆိုတာ နေရာတိုင်းမှာရှိတယ်လေ။ အဲ့အခက်အခဲတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင်။
ထုတ်ကုန်ရဲ့ သဘောသဘာဝ
ဟုတ်တာပေါ့။ ကိုယ်တွေ ကုန်ပစ္စည်းတွေဆိုရင် ပုပ်သိုးလွယ်တဲ့ပစ္စည်းတွေဖြစ်တယ်။ စားစရာသောက်စရာတွေထဲမှာတောင် တစ်ခုနဲ့တစ်ခုက သက်တမ်းချင်းမတူသလို သိုလှောင်တဲ့ နည်းတွေကလည်း မတူကြပြန်ပါဘူး။ အဲ့ဒါကိုကြည့်ပြီးတော့ ကိုယ့် လိုင်းတွေက အတိုလုပ်မလား အရှည်လုပ်လို့ရသလားဆိုတာတွေကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ပါဝင်သူတွေရဲ့ သဘော သဘာဝ
ကိုယ်ကနေ တိုက်ရိုက် စားသုံးသူတွေဆီရောက်တယ်ဆိုရင်တောင် ကိုယ်နဲ့ စားသုံးသူ က ဒီဖြန့်ဖြူးရေးလမ်းကြောင်းမှာ ပါဝင်သူတွေဖြစ်နေပါပြီ။ ကြားက လက်ကားသမား လက်လီသမား ပွဲစား စတာတွေပါလာပြန်ပြီဆို ပိုရှုပ်ပါပြီ။ သူတို့ရဲ့ သဘောထား သဘာဝကိုလည်း နားလည်မှ လိုချင်တာ မလိုချင်တာတွေ၊ တိုက်ရိုက်မလား တစ်ဆင့်ဖြန့်မလားဆိုတဲ့ ဆုံးဖြတ်ချက်တွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။
အပြိုင်အဆိုင်
ရှိတာပေါ့။ နေရာတိုင်းမှာရှိတယ်။ ဘယ်သူနဲ့မှ မပြိုင်ရင်တောင် ကိုယ် ဟာ ကိုယ်နဲ့ပြိုင်နေရတာ။ ပိုကောင်းဖို့ ပိုသက်သာဖို့ အမြတ်များဖို့ စတဲ့အချက်တွေ။ ကုန်ပစ္စည်းချင်း ပြိုင်ကြတယ်။ အလွယ်တကူ ရတာ မရတာတွေ ပြိုင်ကြရမယ်။ အဲ့လိုအချက်တွေကြောင့် ကိုယ်လုပ်ရမဲ့ လုပ်ငန်းအတွက် ဖြန့်ဝေရာလမ်းကြောင်းကို အပြောင်းအလဲတွေဖြစ်နိုင်ပါတယ်။ လမ်းကြောင်းပြောင်းလိုက်ရတာမျိုးတွေဖြစ်လာမှာပါ။
ဈေးကွက်ရဲ့ အနေအထား
ဈေးကွက်ထဲမှာဆို တရားဝင်ရောင်းဖို့ မှတ်ပုံတင်ရတယ်။ အညွှန်းစာတွေ သေချာကပ်ရတယ်။ အဲ့လိုလုပ်ငန်းစဉ်လေးတွေရှိပြီ လိုချင်ရင် နောက်ထပ် အသိအမှတ်ပြုလက်မှတ်တွေ၊ ဂုဏ်ထူးဆောင်လက်မှတ်တွေ တစ်သီကြီး ထပ်ယူလို့ရပါသေးတယ်။ စိုက်ပျိုးရေးမှာဆိုရင်တောင် အော်ဂဲနစ်လက်မှတ်တွေထုတ်ပေးတယ်လေ။ ကိုယ်က သေချာလေး အသီးတွေကို ခွဲပြီး အသေးအကြီးစီတယ်။ အစည်းညီညီစည်းတယ် အဲ့လိုမျိုး ဈေးကွက် က ကြိုက်နိုင်တဲ့ အနေအထားကို ကိုယ်က လုပ်နိုင်မှ အဆင်ပြေမှာပါ။ အဲ့တော့ ဘယ်လိုနည်းလမ်းနဲ့ သွင်းနိုင်မလဲ ဆိုတဲ့ဖြန့်ဝေရေးလမ်းကြောင်းတွေမှာလည်း ဈေးကွက်အနေအထားဆိုတာဟာ တော်တော်လေးကို အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
စဉ်းစားမိရသလောက် ဘယ်လို လမ်းကြောင်းတွေရှိမလဲဆိုတာကို ဥပမာတစ်ခုလောက်ရှာကြည်ရအောင်။ စိုက်ပျိုးရေးက ထွက်တဲ့ စားသောက်ကုန်တွေကို ရောင်းလို့ရတဲ့နေရာတွေက တောင်သူတွေဈေးကွက်ရှိတယ်။ လမ်းဘေးမှာ ဆိုင်လေးတွေရမယ်။ အင်တာနက်ပေါ်မှ ာတင်ရောင်းလို့ရမယ်။ စားသောက်ဆိုင်တွေ သွင်းလို့ရမယ်၊ ပြီးတော့ သက်မွေးကျောင်းတွေ သင်တန်းကျောင်းတွေက စားသောက်ဆိုင်တွေ သွင်းတာလိုမျိုးတွေရမယ်။ နောက် ပြီးတော့ လက်ကားသမား ပွဲရုံကို သွင်းတာလိုမျိုးတွေရမယ်။ အဲ့လို ကုန်ပစ္စည်းကို ဖြန့်ဝေတဲ့နေရာတွေအများကြီး လမ်းကြောင်းတွေ အများကြီးရှိပါတယ်။ ဆိုတော့ လမ်းကြောင်းတစ်ခုကိုရွေးတိုင်းမှာ အပေါ်က အခက်အခဲတွေ ရှိနေမှာပါပဲ။ အတားအဆီးတွေကို ဖြတ်နိုင်တယ်ဆို ကိုယ့်ပစ္စည်းက ပိုပြီးတော့ အမြတ်ပိုရနိုင်ပါတယ်။
အမြဲစီးဆင်းတဲ့ နေရာမှာ ကိုယ်ကလည်း ရပ်မနေပါနဲ့။ လိုက်ပါစီးမျောရင်းနဲ့ အားလုံး ကျန်းမာကြပါစေ။
Reference
http://www.smartfarmerproject.eu/SmartFarmerPlatform/unit.php?unit_id=7
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မေပြုံး
လွန်ခဲ့သော ၅ နှစ် ကyes
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကသပျက်အကြောင်းအထူးသိချင်ပါသည်ရှင်းလင်းပေးကြပါခမျာ
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
KO Thiha lin • ဖြေကြားချက် 2 ခု
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 7 ခု
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
U Yan • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....