ကီဝီသီးအကြောင်း သိကောင်းစရာ
အင်္ဂလိပ်အမည် - Kiwi fruit
သိပ္ပံအမည် - Actinidia deliciosa, A. arguta
ကီဝီသီးလေးတွေရဲ့ မူရင်းဒေသတွေကတော့ တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ တစ်ဆင့် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဗြိတိန်နဲ့ အမေရိကအထိ ပျံ့နှံ့လာပြီး စနစ်တကျ စိုက်ပျိုးကာ ဈေးကွက်ထဲ တင်ပို့ရောင်းချရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ ကီဝီသီးလေးတွေဟာ မျိုးစိတ်ပေါင်း ၆၀ ဝန်းကျင်အထိရှိပါတယ်။ ထို့ကြောင့် မျိုး အပေါ်မူတည်ပြီးတော့ အသီးတွေရဲ့ အရွယ်အစား၊ အရောင်၊ အမွှေးပါခြင်း၊ အသား၊ အရသာနဲ့ အရည်ရွှမ်းခြင်း တို့ကလည်း ကွဲပြားတာ ဖြစ်ပါတယ်။ ကီဝီသီးဟာဆိုရင် ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။
ကီဝီသီးပင်လေးတွေဟာဆိုရင် အပူချိန် ကောင်းကောင်း ရပြီး သမပိုင်းရာသီဥတုရှိတဲ့ နေရာမျိုးမှာ စိုက်ပျိုးနိုင်ပါတယ်။ ဆောင်းဦးရာသီမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ပိုပြီးသင့်တော်ပါတယ်။ မြေဆီသြဇာထက်သန်ပြီး ရေစိမ့်ဝင်မှုအားကောင်းတဲ့ မြေကို ကြိုက်နှစ်သက်ပါတယ်။ ကီဝီသီး အပင်လေးတွေဟာ နွယ်ပင်အမျိုးအစားဖြစ်ပြီး ၀တ်မှုန်ကူးခြင်းဟာ အလွန်အရေးကြီးပြီး လုပ်ဆောင်ရတာလည်း ခက်ခဲပါတယ်။ လေနဲ့ ဝတ်မှုံကူးနိုင်သော်လည်း မလုံလောက်တာကြောင့် မိမိစိုက်ခင်းမှာ အကျိုးပြုအင်းဆက်တွေ ဥပမာ - ပျားလေးတွေအတွက် သူတို့နေချင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးထားမယ်ဆိုရင်တော့ ဝတ်မှုံကူးခြင်းအတွက် များစွာ အထောက်အကူရမှာပဲ ဖြစ်ပါတယ်။
ကီဝီသီးပင်လေးတွေ စိုက်ပျိုးမယ်ဆိုရင်တော့ နေရာကျယ်ကျယ် လိုအပ်ပါတယ်။ တစ်ပင်နဲ့ တစ်ပင်ကို ၁၀ ပေကနေ ၁၅ ပေအထိခြားပြီး စိုက်ပျိုးပေးသင့်ပါတယ်။ အပင်လေးတွေ ကြီးထွားနေစဥ်ကာလမှာ မြေအစိုဓာတ် ကောင်းကောင်းရရှိဖို့ လိုအပ်ပါတယ်။ အပူချိန်များတဲ့ အချိန်ကာလတွေမှာ ဆိုရင်တော့ တစ်ပတ်ကို အနည်းဆုံး ရေ ၂ ကြိမ်ပေးသင့်ပါတယ်။ ကီဝီသီးပင်လေးတွေဟာဆိုရင် စစိုက်ပြီး ၃ နှစ်မှ ၄ နှစ်ဝန်းကျင်ကြာမှသာ အသီးစတင်သီးမှာ ဖြစ်ပါတယ်။ ကီဝီသီးပင်တွေမှာ ပျ၊ ခရု၊ ပက်ကျိ စတဲ့ အဖျက်ပိုးတွေလည်း ကျရောက်တတ်တာမို့ သတိပြုသင့်ပါတယ်။ အသီးတွေ သီးပြီဆိုရင် ပထမဆုံး နှင်းခဲမရိုက်ခင် နိုဝင်ဘာလ လောက်မှာ ခူးဆွတ်တာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ခူးဆွတ်ပြီး အသီးများကို ကြာရှည်စွာ သိမ်းဆည်းရန်အတွက် အပူချိန် ၅ ဒီဂရီစင်တီဂရိတ်ရှိတဲ့ အအေးခန်းတွေမှာ သိုလှောင်ထားနိုင်ပါတယ်။
အကျိုးကျေးဇူးများ
ကီဝီသီးလေးတွေမှာ ဆိုရင် ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဗီတာမင် အီးနဲ့ ပိုတက်ဆီယမ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ထို့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ကီဝီသီးမှာပါဝင်တဲ့ ဗီတာမင် စီ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် စီ ပါဝင်နေခြင်းဟာ ကိုယ်ခံအားကို ကောင်းစေပြီး အအေးမိခြင်း၊ တုပ်ကွေး စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကီဝီသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာချေစနစ်ကိုလည်း ကောင်းစေပါတယ်။ တစ်နေ့ကို ကီဝီသီးသုံးလုံး စားပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းပေးနိုင်ပြီး ရေရှည်မှာ သွေးတိုးနဲ့ ဆက်စပ်ပြီးဖြစ်တတ်တဲ့ လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။
သတိပြုရန်
ကီဝီသီးဟာ လူအများနဲ့တည့်သော်လည်း အချို့ ဓာတ်မတည့်သူတွေမှာ ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ အသက်ရှူခက်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်စေတတ်ပါတယ်။ သွေးခဲခြင်းဖြစ်စဉ်ကို နှေးစေတာမို့ တစ်ခါတစ်ရံမှာ သွေးယိုခြင်း၊ သွေးထွက်ခြင်း စတဲ့ပြဿနာတွေ ကြုံနိုင်ပါတယ်။ ဒါကြောင့် သွေး ရောဂါရှိသူတွေ ရှောင်သင့်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူဖို့ရှိရင်လည်း စားသုံးဖို့ မသင့်တော်ပါဘူးခင်ဗျ။
ဇင်ထူးနိုင်
ကိုးကားချက်
- https://en.wikipedia.org/wiki/Kiwifruit
- https://www.rhs.org.uk/advice/profile?PID=600
- https://hellosayarwon.com
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Nan Aye Aye Aung
လွန်ခဲ့သော ၂ နှစ် ကဘယ်လိုမြေအမျိုးအစားကြိုက်လဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026