အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် ကလျာဏီ

ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် ကလျာဏီ

အင်္ဂလိပ်အမည် - Sage, Common Sage, Culinary sage 

ရုက္ခဗေဒအမည် - Salvia officinalis 

ကလျာဏီဟာ နှစ်ရှည်ပင်အမျိုးအစားထဲမှာပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်အပင် တစ်မျိုးဖြစ်ပါတယ်။  ၎င်းတို့ကို ရုတ်တရက်ကြည့်လိုက်ရင် ချုံပုတ်ပင်တွေနဲ့လည်း ဆင်တူတဲ့ အနေအထားရှိပါတယ်။ အရွက်တွေမှာ နှင်း (သို့မဟုတ်) အမွှေး ကပ်နေတဲ့ ပုံစံမျိုးရှိပြီး မီးခိုးရောင် အစိမ်းရောင် စသည်ဖြင့်တွေ့ရှိနိုင်ပါတယ်။ အရွက်တွေဟာ ဘဲဥပုံစံရှိပြီး အရှည်က ၄ လက်မခန့်ထိ ရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အပင်ဆိုတဲ့အတိုင်း အရွက်တွေဟာ ခပ်ပြင်းပြင်းမွှေးကြိုင်တဲ့ ရနံ့လည်းရှိပါတယ်။ အများအားဖြင့် အရွက်တွေကို လတ်လတ်ဆတ်ဆတ် (သို့မဟုတ်) အခြောက်လှန်းပြီး ဟင်းချက်ပြုတ်ရာမှာ ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။ တချို့ကတော့ ဆေးဖက်ဝင်တယ်ဆိုပြီး အရွက်တွေကို အခြောက်လှန်းကာ လက်ဖက်ခြောက်အနေနဲ့ ထည့်သွင်းသောက်သုံးကြတာမျိုးလည်း ရှိပါတယ်။ 

ကလျာဏီကို အသုံးပြုတဲ့အခါ ၎င်းရဲ့ အလွန်မွှေးကြိုင်တဲ့ ရနံ့ကြောင့် ပမာဏ အနည်းငယ်ပဲ ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။ သို့သော်လည်း ကလျာဏီအပင်မှာ အရေးကြီးတဲ့ အာဟာရဓာတ်တွေနဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ ဒါ့အပြင် ကလျာဏီကို သဘာဝသန့်စင်ဆေးရည်၊ သဘာဝပိုးသတ်ဆေးနဲ့ မီးလောင်ဒဏ်ရာတွေမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ ၎င်းရဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

၁။ အမျိုးမျိုးသော အာဟာရဓာတ်များ ပါဝင်ခြင်း  

ကလျာဏီမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ 

 ကယ်လိုရီ၊ ပရိုတင်း၊ အဆီဓာတ်

 ဗီတာမင်ကေ၊ ဗီတာမင် B-6

 အိုင်းယွန်း၊ မဂ္ဂနီစ်၊ ကယ်လ်စီယမ် စတဲ့ဓာတ်တွေ အဓိကပါဝင်နေပြီး မဂ္ဂနီစီယမ်၊ ဇင့်၊ ကော့ပါး၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီး စတဲ့ဓာတ်တွေလည်း ပမာဏ အနည်းငယ်စီပါဝင်နေပါတယ်။ 

ဒါ့ကြောင့် ဟင်းခတ်အမွှေးအကြိုင် ကလျာဏီကို အနည်းငယ် အသုံးပြုရုံဖြင့် ကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရဓာတ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

၂။ ခံတွင်း ကျန်းမာရေးကောင်းစေခြင်း 

ကလျာဏီဟာ ပိုးတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ခံတွင်းအတွင်းမှာ သွားချေးလွှာ ဖြစ်ပေါ်စေတဲ့ ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတခုအရ ကလျာဏီကိုအသုံးပြုပြီး ပြုလုပ်ထားတဲ့ ခံတွင်းသန့်ဆေးရည်ဟာ သွားပိုးစားခြင်းနဲ့ သွားဖုံးနာခြင်းတို့လို ပြဿနာမျိုးတွေကို ထိရောက်စွာကုသပေးနိုင်ပြီး ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ကြောင်းလည်း သိရှိရပါတယ်။ 

၃။ အရိုးများ သန်မာစေခြင်း 

ကလျာဏီမှာ ဗီတာမင် ကေ ပမာဏအများအပြားပါဝင်နေခြင်းဟာ အရိုးကျန်းမာရေးအတွက် အကျိုးများစေတာ ဖြစ်ပါတယ်။ ဗီတာမင် ကေ ချို့တဲ့မှု လွန်ကဲမယ်ဆိုရင် အရိုးပါးတာမျိုးတွေနဲ့ အရိုးကျိုးတာမျိုးတွေ ဖြစ်နိုင်တာကြောင့် ကလျာဏီအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 

၄။ သွေးဆုံးကိုင်မှုကို သက်သာစေခြင်း 

အမျိုးသမီးများ သွေးဆုံးချိန်မှာ ခန္ဓာကိုယ်အတွင်း အီစထရိုဂျင် (estrogen) ပမာဏဟာ သဘာဝအတိုင်း ကျဆင်းသွားလေ့ရှိပါတယ်။ အဲ့ဒီလို ကျဆင်းသွားတဲ့အခါမှာ ပူပြင်းမှုခံစားရခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ စိတ်တိုခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အဲ့ဒီလို လက္ခဏာတွေ လျော့ပါးသက်သာသွားစေဖို့တွက် ကလျာဏီကို တိုင်းရင်းဆေးအနေနဲ့ (သို့မဟုတ်) ဖြည့်စွက်စာအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလျာဏီမှာ အီစထရိုဂျင် (estrogen) နဲ့တူတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေတာကြောင့် အထက်ဖော်ပြပါ ပြဿနာတွေကို ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ 

၅။ အသားအရည် ကောင်းမွန်စေခြင်း 

ကလျာဏီကို အသားအရည်ထိန်းသိမ်းပေးတဲ့ သဘာဝဆေးအနေနဲ့ အလှကုန်ပစ္စည်းတွေမှာ အသုံးပြုကြလေ့ရှိပါတယ်။ ကလျာဏီကို အခြောက်လှန်းပြီး လက်ဖက်ရည်မှာ ထည့်သွင်း သောက်သုံးပေးခြင်းဖြင့်လည်း ကျန်းမာနုပျိုတဲ့ အသားအရည်ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ကြောင့် အရေပြားပျက်စီးတာမျိုးတွေနဲ့ အရေပြားရောင်ရမ်းတဲ့ ပြဿနာမျိုးတွေကိုလည်း ကူညီပေးနိုင်ပါတယ်။ 

ကလျာဏီရဲ့ ကောင်းကျိုးတွေမျှဝေပြီးတဲ့နောက်မှာ အပင်စိုက်ပျိုးခြင်းနဲ့ ပတ်သက်တဲ့ အခြေခံ အချက်အလက်အချို့ကို မျှဝေပေးသွားပါမယ်။ ကလျာဏီကို များသောအားဖြင့် နွေဦးနဲ့ ဆောင်းရာသီလို ကာလမျိုးတွေမှာ စိုက်ပျိုးကြတာဖြစ်ပါတယ်။ နွေရာသီမှာတော့ ပန်းပွင့်လေ့ရှိပြီး အပြာ (သို့မဟုတ်) ခရမ်းရောင် ပန်းပွင့်များကို တွေ့ရှိနိုင်ပါတယ်။ မွှေးကြိုင်တဲ့ ရနံ့ ကောင်းကောင်းရရှိဖို့ဆိုရင် တနေ့ကို အနည်းဆုံး ၆ နာရီလောက် နေရောင်တိုက်ရိုက်ရရှိနိုင်မယ့် နေရာမျိုးမှာ စိုက်ပျိုးသင့်ပါတယ်။ အက်စစ်ဓာတ်အနည်းငယ်ဆန်တဲ့ မြေကို ကြိုက်နှစ်သက်ပြီး သဲဆန်တဲ့မြေနဲ့ နုန်းအနည်းငယ်ပါဝင်တဲ့ မြေတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ရေငတ်ဒဏ်ခံနိုင်ရည်ရှိပြီး အစိုဓာတ်အသင့်အတင့်ရှိရုံနဲ့ ကောင်းစွာရှင်သန်နိုင်ပါတယ်။ ကလျာဏီအပင်ဟာ မြေဩဇာလည်း အများကြီးကျွေးစရာ မလိုတဲ့အပင်ဖြစ်ပါတယ်။ မြေဩဇာအများအပြား ကျွေးခဲ့ရင် ၎င်းရဲ့ မွှေးကြိုင်တဲ့အနံ့ကို နည်းပါးသွားစေနိုင်တာကြောင့် သတိပြုသင့်ပါတယ်။ မြေဩဇာကျွေးတဲ့အခါ သဘာဝမြေဩဇာ ထည့်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မျိုးစေ့ကနေ စိုက်ပျိုးတဲ့အခါ ၇၅ ရက်သားခန့်မှာ အရွက်တွေကို ခူးဆွတ် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

ကိုးကားချက် 

https://www.thespruce.com/ 

https://www.healthline.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။