အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇီဝပိုးသတ်ဆေးဆိုတာ ဘာလဲ

ဇီဝပိုးသတ်ဆေးဆိုတာ ဘာလဲ

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 17/01/2020

 ကျန်းမာတော်မူကြပါစ

ကျန်းမာရေးကောင်းမှ ချမ်းသာရေးလည်း လုပ်နိုင်မှာ ဆိုတော့ အလုပ်ကလေးနည်းတုန်း ဦးနှောက်ကျန်းမာရေးအတွက် စာလေး ပေလေးလည်း စဉ်ဆက်မပြတ် ဖတ်ကြစေချင်ပါတယ်နော်။

ခုတစ်ခေါက်ဖတ်ရမှာကတော့ ဇီဝ ပိုးသတ်ဆေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဇီဝမြေသြဇာတွေ၊ ဇီဝ ပိုးသတ်ဆေးတွေ ပေါ်ပေါက်လာပြီးတော့ ခုဆိုရင် ဈေးကွက်ထဲမှာ အများကြီးတောင် ရှိနေကြပြီ။ ဇီဝပိုးသတ်ဆေး ဇီဝပိုးသတ်ဆေးလို့ ပြောနေကြပေမဲ့လို့ သေချာနားလည်အောင်လို့ ဇီဝပိုးသတ်ဆေးဆိုရင် ဘာတွေရှိသလဲ ဆိုတာကို တစ်ချက်လေ့လာကြည့်ကြတာပေါ့။ ပြီးတော့ တစ်ခြား ပိုးသတ်ဆေးတွေနဲ့ ဘယ်လိုကွာခြားသလဲ ဆိုတာကို ရောပေါ့။

ဇီဝပိုးသတ်ဆေးဆိုတာ ဘာလဲ

 ဇီဝပိုးသတ်ဆေးဆိုတာကတော့ သဘာဝကနေ ရှင်သန်နေတဲ့ သက်ရှိလေးတွေဖြစ်တဲ့ အနုဇီဝသက်ရှိတွေ လိုမျိုး၊ အပင်လေးတွေ (မှို)လေးတွေနဲ့ တိရိစ္ဆာန် လေးတွေ ပါဝင်ပြီးတော့ ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ ဆေးတွေကို ဇီဝပိုးသတ်ဆေးလို့ ခေါ်ပါတယ်။

ဇီဝပိုးသတ်ဆေး ဘယ်နှမျိုးလောက်ရှိသလဲ

အကြမ်းအားဖြင့်တော့ (၃) မျိုးရှိပါတယ်။

အနုဇီဝဆိုင်ရာ ဇီဝ ပိုးသတ်ဆေး

မိုက်ခရိုစကုတ်နဲ့ကြည့်တော့မှ မြင်ရတဲ့ အနုဇီဝသက်ရှိတွေပါဝင်တဲ့ ဆေးပါ။ အဲ့လို အနုဇီဝသက်ရှိတွေမှာ ဆိုရင်တော့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ တစ်ချို့မှိုတွေ၊ စတဲ့အကောင်လေးတွေ ဖြစ်ပါတယ်။ သူတို့ တစ်မျိုးစီမှာ အင်းဆက်ပိုးမွှားလေးတွေကို တိုက်ခိုက်နိုင်တဲ့အစွမ်း ကိုယ်စီ ရှိကြပါတယ်။ ကပ်ပါးပြုပြီး တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ ကိုက်ဖြတ်စားသောက်ရင်း တိုက်ခိုက်နိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ ဈေးကွက်ထဲမှာလည်း တွေ့နေရပါပြီ။

ဇီဝဓာတု (သို့) အပင်ထုတ် ပိုးသတ်ဆေးတွေ

အပင်တွေကလည်း သက်ရှိတွေမဟုတ်လား ဇီဝပဲလေ၊ အဲကနေ ထုတ်လုပ်ပြီးတော့ လူတွေအတွက် အသုံးချနေတဲ့ ပိုးသတ်ဆေး အုပ်စုတွေ ရှိပါတယ်။ အဲ့လို ဆေးတွေထဲမှာ အပင်ကနေ ညှစ်ထုတ်ထားတဲ့ သတ္တုရည်လိုမျိုးတွေ ပါမယ်။ ပေါင်းခံရည်တွေပါမယ်။ အင်းဆက်တွေကို ဖမ်းတဲ့ ထောင်ချောက်အဖြစ် သုံးတဲ့ဆေးတွေ၊ နောက်ထပ် မျိုးမပွားနိုင်အောင် မိတ်လိုက်ချိန်မှာ ထုတ်တဲ့ ဖီရော်မုန်းတွေကို နှောက်ယှက်နိုင်တဲ့ ဆေးတွေပါပါတယ်။

အပင်တွင်းမှာ ထည့်သွင်းတဲ့ ကာကွယ်ကုသမှုနည်းလမ်းတွေ

အပင်တွေမှာ မျိုးဗီဇတွေ ပြောင်းလဲပြီး ထုတ်ထားတဲ့ မျိုးရိုးဗီဇ ပြောင်းလဲထားတဲ့ သီးနှံတွေကလည်း ဖျက်ပိုးတွေကို ကာကွယ်တားဆီးတာဖြစ်လို့ သူ့ကိုလည်း ဇီဝပိုးသတ်ဆေးအုပ်စုထဲမှာ ထည့်ထားပါတယ်။ မျိုးဗီဇကို ပြောင်းလဲတဲ့နည်းကို သုံးပြီး ကာကွယ်ထားတာကြောင့် တိုက်ခိုက်တဲ့ ဖျက်ပိုးတွေ မကျရောက်နိုင်တဲ့အပြင်ကို ကျရောက်တဲ ပိုးတွေကိုလည်း အဆိပ်သင့်စေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းကာလတွေမှာ အဲ့လို သီးနှံမျိုးတွေကို လက်မခံကြတဲ့ နိုင်ငံတွေလည်း ရှိလာပါတယ်။

ကဲ အဲ့ဒါကတော့ ဇီဝပိုးသတ်ဆေး အုပ်စု (၃)စုပဲ ဖြစ်ပါတယ်။ အဲ့အထဲကမှ အသုံးများတာကတော အပေါ်က (၂)မျိုးပဲ ဖြစ်ပါတယ်။ အနုဇီဝတွေပါတဲ့ဆေးတွေရယ်၊ အပင်ကနေ ထုတ်တဲ့ ဇီဝဓာတုဆေးတွေရယ် ကို အသုံးအများဆုံး ဖြစ်ပါတယ်။

အဲ့ ဆေးအုပ်စု (၂)မျိုးထဲမှာ မျိုးစေ့ကို လူးနယ်ပေးတဲ့ ဆေးမျိုးတွေ ပါတယ်။ အဲ့လို ဆေးတွေက အပင်အမြစ်တွေနဲ့ အပင်ပိုင်းရဲ့ ဧရိယာပတ်ဝန်းကျင်မှာ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ပြုလုပ်ပေးပါတယ်။ အဲ့ဆေးထဲကမှ တစ်ချို့ဆေးတွေက အရွက်မျက်နှာပြင်တွေမှ ကပ်တွယ်ပြီးတော့ အပင်တွေကို ကာကွယ်မှုတွေ ပြုလုပ်ပေးပါတယ်။ အပင်အမြစ်တွေကနေတစ်ဆင့် ထိုးဖောက်ဝင်ရောက်တဲ့ အကောင်မျိုးတွေကိုရော၊ အရွက်မျက်နှာပြင်မှာ ကျရောက်ပြီး ဖျက်ဆီးတတ်တဲ့ ဖျက်ပိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဇီဝပိုးသတ်ဆေးလို့ ဆိုလိုက်ရင် ပြေးမြင်မိတာကတော့ အတိုကောက် ဘီတီ လို့ခေါ်ကြတဲ့ ဘက်ဆလပ်မျိုးစိတ် Bacillus thuringiensis ပဲဖြစ်ပါတယ်။ အဲ့အထဲကမှ ဘီတီမျိုးစိတ်တွေ မျိုးကွဲတွေကနေ ဖျက်ပိုးတွေရဲ့ သားလောင်းတွေကို အဆိပ်သင့်စေပါတယ်။

ကိုယ်တိုင်လုပ်တဲ့ ပိုးသတ်ဆေးတွေအနေနဲ့ သုံးနေကြတဲ့ ဆေးမျိုးတွေ ဖြစ်တဲ့ မုန့်ဖုတ်ဆော်ဒါလို၊ နှမ်းဆီလိုမျိုး၊ စတဲ့အရာတွေကိုလည်း ဇီဝပိုးသတ်ဆေးလို့ ခေါ်ကြပါတယ်။

ဇီဝပိုးသတ်ဆေးရဲ့ အကျိုးကျေးဇူးတွေ

ဆေးတွေ ရွေးချယ်စရာတွေ အများကြီး ရှိတာပါပဲ။ အဲ့အထဲကမှ ဇီဝပိုးသတ်ဆေးတွေကို သုံးလိုက်ရင်တော့ ဘယ်လိုဖြစ်နိုင်လို့ ရွေးချယ်သင့်လဲ ဆိုတာကို အောက်မှာ ဆက်ကြည့်လိုက်ပါဦး

- ဇီဝနည်း နဲ့မို့ သဘာဝအတိုင်း ကြေပျက်နိုင်ပါတယ်။ ဓာတ်ကြွင်းတွေ မကျန်စေပါဘူး၊

- အချိန်ကာလရှည်ကြာလာရင် ဇီဝတွေ ပွားများလာပြီး အကျိုးသက်ရောက်မှု ပိုများလာပါတယ်၊

- နည်းနည်းပဲဖျန်းရင်လည်း အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုတွေ မဖြစ်စေပါဘူး၊ ညစ်ညမ်းမှုတွေဖြစ်စေနိုင်တယ်ဆိုတာက လူလုပ် ဆေးပစ္စည်းတွေကနေ အဓိကထွက်တဲ ဆိုးကျိုးပဲ ဖြစ်ပါတယ်။

- ဈေးကလည်း ဓာတုပိုးသတ်ဆေးတွလောက် ကုန်ကျစရာတော့မရှိပါဘူး

- ဓာတုပိုးသတ်ဆေးတွေက မရည်ရွယ်တဲ့ အကောင်တွေဖြစ်တဲ့ ငှက်, ပျား နဲ့ နို့တိုက်သတ္တဝါတွေကို ထိခိုက်နိုင်ပါတယ်။ ဇီဝပိုးသတ်ဆေးတွေမှာတော့ အဲ့လိုတွေကို ရှောင်ရှားနိုင်ပါတယ်။

- သဘာဝကဖြစ်တဲ့ ဒြပ်ပေါင်းတွေဖြစ်တဲ့အတွက်ကြောင့် ရောဂါဖြစ်စပြုနေတဲ့ အပင်တွေကိုဖျန်းလိုက်ရင်တောင်မှ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေကိုနှိမ်နင်းပေးနိုင်ပြီး အပင်ဆဲလ်တွေကို နာလန်ထဖို့ မြန်လာစေပါတယ်။

အဓိကအချက်ကတော့ ဇီဝပိုးသတ်ဆေးတွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီးတော့ ပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံး ဆေးတွေဖြစ်တဲ့အတွက်ကြောင့်မို့ ထုတ်လုပ်သုံးစွဲနေကြတာဖြစ်ပါတယ်။

ထွန်းဝင်းကျော်

https://www.soiltechcorp.com/blog/biopesticides/

 

 

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။