အိမ်တွင်း အလှစိုက်အပင်တွေကို မြေဩဇာကျွေးနိုင်တဲ့ပုံစံ(၃)မျိူး
အိမ်တွင်းအလှစိုက်ပင်တွေ စိုက်ပျိုးတဲ့အခါ အများစုကတော့ မျက်စိပသာဒဖြစ်စေမယ့် ပန်းပွင့်တဲ့အပင်တွေ (Flowering Plants)၊ ချိတ်ဆွဲစိုက်ပျိုးနိုင်တဲ့ အပင်တွေ (Hanging Type Plants) နဲ့ လှပတဲ့အရွက်ရှိတဲ့ အပင်တွေ (Foliage Plant) ကို ပိုပြီး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဥပမာ - ကျားလက်ဝါးပင်၊ ရွှေလာငွေလာ၊ ကတ္တီပါရွက်လှ၊ ရွက်ပေါက်ဂမုန်း၊ မဟော်ဂနီပင်၊ အိုင်ဗီအပင် စတဲ့အပင်တွေဖြစ်ပါတယ်။
ကျွန်တော်ကတော့ အိမ်တွင်းစိုက်ပျိုးတဲ့အပင်တွေထဲမှာ ကန္တာရဆူးပင်လို့ခေါ်ကြတဲ့ ကက်တက်စ် (Cactus) အပင်တွေ၊ အင်းဆက်ဖမ်းစားတဲ့ နတ်သမီးထောင်ခြောက်အပင် (Venus Fly Trap Plant) နဲ့ သက်ရှိကျောက်တုံးလို့ခေါ်ကြတဲ့ (Lithops - Living Stones) အပင်တွေကို စိတ်ဝင်စားပြီး သဘောကျလို့ အမျိုးအစားစုံအောင် စိုက်ပျိုးဖြစ်ပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေ စိုက်ပျိုးတဲ့အခါ အဓိကကြုံတွေ့ရတဲ့ အခက်အခဲကတော့ ရေလောင်းခြင်းနဲ့ မြေဩဇာကျွေးခြင်းပဲ ဖြစ်ပါတယ်။ အလှစိုက်ပင် စိုက်ပျိုးတဲ့သူအများစုဟာ မကြာခဏ ရေလောင်းချင်တဲ့ စိတ်နေသဘောထားရှိတတ်ကြပါတယ်။ ရေလောင်းတဲ့အခါမှာ အချို့ အကြမ်းခံတဲ့အပင်တွေဆိုရင်တော့ ပြဿနာမရှိပေမယ့် အရမ်းနုနယ်တဲ့ အပင်တွေဆိုရင်တော့ မကြာခဏရေလောင်းရင် နတ်ပြည်တက်ဖို့ အလားအလာများပါတယ်။ ဒါ့ကြောင့် အပင်တွေကိုရေလောင်းရင် မြေသားခြောက်မခြောက် သေချာစစ်ဆေးပြီးမှ လောင်းဖို့ အကြံပြုလိုပါတယ်။ ယခုဆောင်းပါးမှာတော့ အိမ်တွင်းအလှစိုက်အပင်တွေ စိုက်ပျိုးတဲ့အခါ မြေဩဇာကျွေးဖို့အတွက် သိရှိထားသင့်တဲ့ အကြောင်းအရာအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
အပင်တွေကို မြေဩဇာကျွေးတဲ့အခါ အဓိကအားဖြင့် အများဆုံးလိုအပ်တဲ့ အာဟာရဓာတ် ၃ မျိုးကို ရရှိအောင် ကျွေးပေးရပါတယ်။ အားလုံးသိရှိကြတဲ့အတိုင်း နိုက်ထရိုဂျင်၊ ဖော်စဖောရပ်စ်နဲ့ ပိုတက်စီယမ်တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အနည်းလို အာဟာရဓာတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ အိုင်းယွန်း၊ ဇင့်၊ မဂ္ဂနီစီယမ်၊ ဆာလဖာ စသည်ဖြင့် ရှိပါမယ်။ အိမ်တွင်းအလှစိုက်ပင်တွေရဲ့ အားသာချက်ကတော့ အာဟာရဓာတ်ချို့တဲ့ခြင်း ပြဿနာကို ကြုံတွေ့ရခဲတာဖြစ်ပါတယ်။ များသောအားဖြင့် ရေလောင်းများတာ/ နည်းတာ၊ အလင်းရောင်ကောင်းကောင်းမရတာ၊ စိုထိုင်းဆနည်းတာ၊ နေလောင်တာ စတဲ့ပြဿနာတွေကိုပဲ ပိုတွေ့ရလေ့ရှိပါတယ်။ အိမ်တွင်းအလှစိုက်အပင်တွေကို မြေဩဇာကျွေးတဲ့အခါမှာ ယေဘူယျအားဖြင့် ပုံစံ ၃ မျိုးရှိပါတယ်။ တစ်မျိုးချင်းစီမှာ အားသာချက်တွေရှိပါတယ်။
မြေဩဇာအရည်
ဒီမှာဆိုလိုတာက ရွက်ဖျန်းမြေဩဇာကိုပြောတာမဟုတ်ပါဘူး။ အပင်စိုက်ထားတဲ့ မြေသားထဲကို ထည့်ပေးရတဲ့ မြေဩဇာအရည်ကျွေးတာကို ဆိုလိုတာဖြစ်ပါတယ်။ မြေဩဇာအရည်ကျွေးခြင်းဟာ အသုံးပြုရတာလွယ်ကူသလို အပင်တွေမှာ မြေဩဇာလောင်တာမျိုးကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် အလှစိုက်အပင်တွေကို မြေဩဇာအရည်ကျွေးတဲ့အခါ ပမာဏနည်းနည်းနဲ့ မကြာခဏအသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် မြေဩဇာအရည်ကျွေးတဲ့အခါမှာ ကြုံတွေ့ရနိုင်တဲ့ အားနည်းချက်ကတော့ မြေဆီလွှာထဲကို အလျင်အမြန်စိမ့်ဝင်သွားနိုင်ပြီး အပင်ရဲ့ အမြစ်ကမရရှိခင်မှာပဲ အာဟာရဓာတ်တွေ ဆုံးရှုံးသွားနိုင်တာပဲ ဖြစ်ပါတယ်။
မြေဩဇာအခဲ
မြေဩဇာအခဲကိုတော့ မြေမျက်နှာပြင်ပေါ်မှာ အလွယ်တကူ ကြဲပက်ပြီးထည့်ပေးနိုင်ပါတယ်။ အလှစိုက်ပင်တွေကတော့ ပန်းအိုးတွေနဲ့ စိုက်ပျိုးတာဖြစ်လို့ အမြစ်ကနေ လျင်လျင်မြန်မြန်ရရှိအောင် အပင်ခြေရင်းမှာ ပုံပေးလို့ရပါတယ်။ အိမ်တွင်းအလှစိုက်အပင်တွေကို များသောအားဖြင့် ၁၃ ပတ်လည်ကွန်ပေါင်း မြေဩဇာကျွေးရလေ့ရှိပါတယ်။ နောက်တစ်ခါ နိုက်ထရိုဂျင် (ယူရီးယား၊ ပုလဲ) မြေဩဇာနဲ့ ဆားခါးတို့ကိုလည်း အချိုးကျထည့်ပေးလို့ရပါတယ်။ မြေဩဇာတွေကို ၁ လ ၁ ကြိမ် (သို့မဟုတ်) ၂ ပတ် ၁ ကြိမ် အနည်းငယ် ခွဲပြီးထည့်ပေးနိုင်ပါတယ်။ ဒါ့အပြင် သဘာဝနည်းလမ်းအနေနဲ့ဆိုရင် ကြက်ဥခွံတို့၊ သောက်ပြီးကျန်ရှိတဲ့ ကော်ဖီအမှုန့်တို့၊ အုန်းဆံခွံတို့ စတာတွေလည်းထည့်ပေးနိုင်ပါတယ်။
အာဟာရဖြေးဖြေးချင်းထုတ်ပေးသော မြေဩဇာ
ဒီမြေဩဇာဟာ အာဟာရဓာတ်တွေကို အပင်ကနေ ရရှိအောင်ဖြေးဖြေးချင်း ထုတ်လွှတ်ပေးတာ ဖြစ်ပါတယ်။ အချိန်ကြာြမင့်စွာ ရှိနေနိုင်အောင် ပြုလုပ်ထားတဲ့ မြေဩဇာဖြစ်ပြီး ရက်သတ္တပတ်ကနေ လနဲ့ချီပြီး မြေဆီလွှာထဲမှာ ရှိနေနိုင်တဲ့အတွက် အပင်တွေအတွက် အကျိုးကျေးဇူးများစေပါတယ်။ ဒီမြေဩဇာတွေရဲ့ အပေါ်ယံအလွှာကို ပိုလီမာတစ်မျိုး (သို့မဟုတ်) သစ်စေးတစ်မျိုးမျိုးနဲ့ ဖုံးအုပ်ထားတာဖြစ်ပြီး ၎င်းတို့ဟာ ရေ၊ အပူနဲ့ အခြားသော ဒြပ်စင်တွေနဲ့ ထိတွေ့တဲ့အခါမှာ ပြိုကွဲသွားပြီး အာဟာရဓာတ်တွေကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ မြင်သာအောင် ဥပမာအနေနဲ့ပြောရရင် သစ်ခွပင်တွေမှာ မီးသွေးကို အုန်းဆံခွံတို့၊ သစ်ခေါက်တို့နဲ့ တွဲဖက်ပြီး ထည့်သွင်းပေးတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မီးသွေးမှာဆိုရင် အလွန်သေးငယ်တဲ့ အပေါက်လေးတွေ (Porous) လေးတွေပါဝင်ပြီး အဲ့ဒီအပေါက်လေးတွေဟာ ရေနဲ့ လေကို သိုလှောင်နိုင်တဲ့အပြင် ကျွေးလိုက်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူထားနိုင်ပြီး အပင်ဆီကို ဖြေးဖြေးချင်း ပြန်ထုတ်ပေးနိုင်တာမျိုး ဖြစ်ပါတယ်။
မြေဩဇာတွေကို ဘယ်အချိန်ကျွေးရမလဲ?
အေးတဲ့ရာသီဥတုမှာ မြေဩဇာကျွေးခြင်းကိုတော့ ဂရုပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတုအေးပြီး နေ့တာတိုတဲ့အချိန်ကာလတွေဟာ အပင်အများစုအတွက် အနားယူတဲ့ကာလ (dormant period) ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အဲ့ဒီကာလမှာ အပင်တွေဟာ ကြီးထွားဖို့ထက် ရှိပြီးသားစွမ်းအင်တွေကို ထိန်းသိမ်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အဲ့လိုအခြေအနေမှာ မြေဩဇာကျွေးလိုက်မယ်ဆိုရင် အနားယူတဲ့ကာလ (dormant period) ကို ချိုးဖျက်သလိုဖြစ်ပြီး အပင်တွေကို ပုံမှန်ထက်ပိုပြီး အရောင်အဆင်းဖျော့တော့ သွားစေတာမျိုး၊ အားနည်းသွားစေတာမျိုးနဲ့ ကြီးထွားမှုထိခိုက်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆောင်းရာသီမှာဆိုရင် မြေဩဇာကျွေးခြင်းကို အနားပေးထားတာ ပိုကောင်းပါတယ်။ ဆောင်းရာသီပြီးလို့ ပူနွေးတဲ့ရာသီ ပြန်ရောက်ပြီဆိုရင်တော့ ပုံမှန်အတိုင်း ၂ ပတ် ၁ ကြိမ် (သို့မဟုတ်) ၁ လ ၁ ကြိမ် မြေဩဇာကျွေး လို့ရပါတယ်။
နောက်တစ်ချက်က အိမ်တွင်းအလှစိုက်ပင်တွေ စိုက်ပျိုးတဲ့အခါ ယေဘူယျအားဖြင့် ၁ နှစ်လျှင် ၁ ကြိမ် မြေအသစ်လဲပေးနိုင်တာ အကောင်းဆုံးပါပဲ။ အဲ့ဒီလို မြေအသစ်လဲတာမျိုး (သို့မဟုတ်) အိုးအသစ်လဲပေးတာမျိုး လုပ်ပေးပြီးရင် ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ မြေဩဇာမကျွေးဘဲ ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေအသစ်လဲပြီး အပင်ကိုရွှေ့ပြောင်းစိုက်ပျိုးတဲ့အခါ အမြစ်တွေမှာ နာသွားတာမျိုး၊ ထိခိုက်သွားတာမျိုးတွေ ရှိနိုင်တဲ့အတွက် အာဟာရကျွေးတဲ့အခါ အမြစ်က ရယူနိုင်မှာ မဟုတ်တဲ့ အတွက် ဖြစ်ပါတယ်။ ဒါ့ကြောင့် ရွှေ့ပြောင်းစိုက်ပျိုးပြီးရင် မြေဩဇာကို ချက်ချင်မကျွေးဘဲနဲ့ ရက်အနည်းငယ် စောင့်ပေးဖို့လိုအပ်ပါတယ်။
ဆောင်းရာသီမှာ အပင်တွေကို မြေဩဇာကျွေးတာ ရပ်ထားသင့်တယ်လို့ အထက်မှာမျှဝေခဲ့ပြီးပါပြီ။ အဲ့ဒီကာလမှာဆိုရင် ပုံမှန်အတိုင်း ရေလောင်းပေးတာ၊ အပင်တွေကို သန့်ရှင်းရေးလုပ်တာ (အထူးသဖြင့် အရွက်ကိုအဓိထားစိုက်ပျိုးတဲ့အပင်တွေ)၊ ပိုးနဲ့ ရောဂါကျရောက်မှု ရှိ/ မရှိ ပုံမှန်စစ်ဆေးတာ၊ ခြောက်သွေ့ပြီး ပျက်စီးနေတဲ့ အပင်အစိတ်အပိုင်းတွေကို ပုံမှန်ဖယ်ရှားပေးတာ စတဲ့ ပြုစုစောင့်ရှောက်မှုတွေကိုတော့ ပုံမှန် ပြုလုပ်သင့်ပါကြောင်း…
Ref; https://www.picturethisai.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026