နွေစပါးသီးထပ်အဖြစ် စိုက်ပျိုးရန်သင့်တော်သည့် သက်တမ်းတို၍ အထွက်နှုန်းကောင်းသော ရွှေရီတိုးစပါး
စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR- ရေဆင်း)၊ ဇီဝနည်းပညာ သုတေသနဌာနစုအနေဖြင့် အပင်တစ်သျှူးနည်းပညာ၊ မော်လီကျူလာနည်းပညာနှင့် အပင်တစ်သျှူးနှင့် မော်လီကျူလာနည်းပညာ ပေါင်းစပ်သုတေသနပြု စမ်းသပ်ခြင်းများအသုံးပြု၍ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့် စပါးမျိုးများ၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် စပါးမျိုးများ၊ အရည်အသွေးကောင်းနှင့် အထွက်ကောင်း စပါးမျိုးများ၊ သက်တမ်းတို စပါးမျိုးများကို ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။
ဇီဝနည်းပညာ သုတေသနဌာနစုအနေဖြင့် မြန်မာနိုင်ငံ စပါးစိုက်ပျိုးမြေများတွင် အများဆုံးစိုက်ပျိုးသည့် မနောသုခ စပါးမျိုးအား နွေစပါးသီးထပ် စိုက်ပျိုးကြသည့် တောင်သူလယ်သမားများအတွက် ရည်ရွယ်၍ မနောသုခနှင့် အထွက်နှုန်း၊ ဆန်အရည်အသွေး၊ စားသုံးမှုတူညီပြီး သက်တမ်းတိုသည့် စပါးမျိုးရရှိရန်အတွက် မနောသုခစပါးမျိုးအား အဖိုဝတ်မှုန်အိတ် မွေးမြူနည်း (Rice Anther Culture) ကို အသုံးပြုမွေးမြူခြင်း သုတေသနလုပ်ငန်းကို ၂၀၁၅- ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ ရရှိလာသည့် မနောသုခ (Double Haploid, DH) မျိုးလိုင်းများထဲမှ ဗီဇတည်ငြိမ်ပြီး၊ မိဘ မနောသုခမျိုးထက် သက်တမ်းတိုသည့် မျိုးလိုင်းများအား ရွေးချယ်၍ အထွက်နှုန်းတည်ငြိမ်မှု၊ ရေ၊ မြေ၊ ဒေသ အခြေအနေပေါ်မူတည် ဖြစ်ထွန်းနိုင်မှု၊ ဗီဇနှင့် ပတ်ဝန်းကျင်တို့ အပြန်အလှန် တုံ့ပြန်မှုတွင် အထွက်နှင့် အထွက်မိတ်ဖက်များကို ဒေသစံထားမျိုးများနှင့် နှိုင်းယှဉ်ခြင်းများ အဆင့်ဆင့်စမ်းသပ်စစ်ဆေးပြီး၊ အကောင်းဆုံး မျိုးလိုင်းတစ်လိုင်းဖြစ်သည့် မနောသုခ (MDH 9-1-17) မျိုးလိုင်းသစ်ကို ရွေးချယ်ခဲ့ပါသည်။
အဆိုပါ အဆင့်ဆင့် ရွေးချယ်ရရှိလာသော အလားအလာကောင်းသည့် မနောသုခ (MDH 9-1-17) မျိုးလိုင်းအား ၂၀၁၆ ခုနှစ်၊ မိုးရာသီနှင့် ၂၀၁၇ ခုနှစ်၊ နွေရာသီတို့တွင် ရေဆင်း၊ ကျောက်တံတားနှင့် ကျိုင်းတုံဒေသတို့၌ တောင်သူများ ပူးပေါင်းပါဝင်သည့် သရုပ်ပြစမ်းသပ်ကွက်များ စမ်းသပ်ဆောင် ရွက်ခဲ့ပြီး၊ သက်တမ်းတိုခြင်း၊ အထွက်နှုန်းတည်ငြိမ်ခြင်း၊ တောင်သူများ ကြိုက်နှစ်သက်ခြင်း၊ ဆန်အရည်အသွေးနှင့် စားသုံးမှုကောင်းခြင်းစသည့် လက္ခဏာများ တွေ့ရှိခဲ့ရခြင်းကြောင့်၊ မနောသုခ အဖိုဝတ်မှုန်အိတ် မွေးမြူနည်းဖြင့် ရရှိလာသည့် မနောသုခ (MDH 9-1-17) မျိုးလိုင်းသစ်အား၊ ရွှေရီတိုးစပါးမျိုးအဖြစ် အမည်ပေးကာ မျိုးသစ်အဖြစ် အသိအမှတ်ပြုရန် ၂၀၁၉ ခုနှစ်၊ မတ်လက မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ (TSC) သို့ မှတ်ပုံတင် လျောက်ထားပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဇီဝနည်းပညာသုတေသနဌာနစု၏ တောင်သူအကျိုးပြု သုတေသနရလဒ်အဖြစ် တင်ပြအပ်ပါသည်။
ရွှေရီတိုးစပါး၏ အရည်အချင်းလက္ခဏာများ
အသက်ရက်- ၁၁၅ ရက်
အပင်အမြင့်- ၈၉.၆ စင်တီမီတာ
အောင်စေ့ရာခိုင်နှုန်း- ၉၃.၇၇%
အစေ့(၁၀၀၀) အလေးချိန်- ၁၆.၃၀ ဂရမ်
အမိုင်းလို့စ်ရာခိုင်နှုန်း - ၂၆.၇၄%
ဆန်ရည်ဆန်သား- ကြည်
ဆန်ထွက်ရာခိုင်နှုန်း- ၇၃%
အထွက်နှုန်း - ၉၅- ၁၀၀ တင်း/ဧက
စိုက်ပျိုးသင့်သော ဒေသများ- မိုးရေသောက်၊ ဆည်ရေသောက် ဒေသများ
ထူးခြားချက်- အသက်လျင်ခြင်း၊ အထွက်ကောင်းခြင်း၊ ဆန်သားကြည်ခြင်း၊ စားသုံးရာတွင် နူးညံ့ခြင်း၊ နွေစပါးအဖြစ်စိုက်ပျိုးနိုင်ခြင်း။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန(DAR)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးမျိုးများ
ချမ်းပြည့်အောင်
လွန်ခဲ့သော ၅ နှစ် ကစပါးနမူနာပုံပြကြည့်ပေးပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....