ပိုးသတ်ဆေးကို စနစ်တကျဘယ်လိုကိုင်တွယ်အသုံးပြုမလဲ
ပိုးသတ်ဆေးကိုအသုံးပြုတဲ့အခါ အသုံးပြုသူအပြင် ပတ်ဝန်းကျင်အတွက်ပါ လုံခြုံစိတ်ချရအောင် အသုံးပြုဖို့လိုပါတယ်။ ဆေးအလိုက်အသုံးပြုနည်းတွေကတော့ ကွာပါတယ်။ ဒါကြောင့် ဆေးအသုံးပြုတဲ့အခါမှာ ဆေးဗူးပေါ်မှာပါတဲ့ လမ်းညွှန်ချက်တွေကို စနစ်တကျလေ့လာဖတ်ရှုဖို့လိုအပါတယ်။ ဒါတွေအပြင် လုံခြုံစိတ်ချရဖို့အတွက် အောက်ကအချက်လေးကိုလည်း လေ့လာဖိုတင်ပြပေးလိုက်ပါတယ်။
- ဆေးမဖျော်ခင် မဖျန်းခင်မှာ ကလေးများ၊ တိရိစ္ဆာန်များနှင့် ဆေးဖျန်းရာမှာ မလိုအပ်တဲ့ ပစ္စည်းတွေကို အနီးနားမှာမရှိအောင် သတိပြုပေးပါ။
- ကိုယ့်အတွက် လုံခြုံတဲ့အဝတ်အစားတွေကို သေချာဝတ်ဆင်ထားပေးပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ လည်ရှည်ဖိနပ်၊ ဦးထုပ် စတာမျိုးတွေကို ဝတ်ဆင်ထားပေးပါ။
- ဆေးတွေကို ဖျော်တဲ့အခါမှာ ကွင်းပြင် ဒါမှမဟုတ် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ဖျော်စပ်ပါ။
- ပိုးသတ်ဆေးကို မပိုအောင်၊ သွန်ပစ်စရာမလိုအောင် လိုအပ်သလောက်ပဲ ဖျော်ပေးပါ။
- ဆေးတွေဖိတ်ကျတဲ့အခါ ဖြေရှင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပေးပါ။ ဥပမာ လျံကျလာတဲ့အခါ သုတ်နိုင်အောင် အဝတ်စုတ်၊ မြေကြီးပေါ်ကျရင် ဖုံးနိုင်အောင် လွှစာမှုန့်လိုမျိုး ဘေးမှာရှိနေရင် ကောင်းပါတယ်။
- ဆေးပုလင်းပေါ်မှာပါတဲ့ ရှေးဦးပြုစုခြင်းကိုလည်း ကြိုဖတ်ထားပါ။
- ဆေးလိပ်၊ မီးခြစ်၊ ရေဗူး စတဲ့ ကိုယ့်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဆေးနဲ့ မထိတွေ့အောင် ဖယ်ထားပေးပါ။
- ဆေးဖြန်းပြီးပါက ကွမ်းယာ၊ ဆေးလိပ်၊ အစာမစားခင် လက်၊ ခန္ဓာကိုယ်ကို သန့်စင်ပြီးမှ စားသောက်ပါ။
ကိုးကား - National Pesticide Information Center
ပိုးသတ်ဆေးသုံးတော့မယ်ဆိုရင် ဒါတွေကို သတိရပါ ဆောင်းပါးကိုလည်း လေ့လာစေချင်ပါတယ်။
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Thein Soe Min
အားလုံး
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026