သီးပင်အကြောင်း သိကောင်းစရာ
အင်္ဂလိပ်အမည် - Wood-apple (သို့မဟုတ် ) Elephant-apple
သိပ္ပံ အမည် - Limonia acidissima
သနပ်ခါးပင်နဲ့ ဆင်တူရိုးမှားရှိတဲ့ သီးပင်ကို သိကြလားခင်ဗျ။ သီးပင်ဟာဆိုရင် သနပ်ခါး၊ ဥသျှစ်၊ သံပုရာ၊ ရှောက် စတဲ့ အပင်တွေနဲ့ မျိုးရင်းတူပါတယ်။ သီးပင်ရဲ့ မူရင်းဒေသတွေကတော့ အိန္ဒိယနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ၎င်းဒေသများမှတစ်ဆင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ပြန့်နှံ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ မိုးနည်းတဲ့ မြေပြန့်ဒေသတွေမှာ အသီးစားပင်အနေနဲ့ စိုက်ပျိုးကြပါတယ်။ စာရေးသူ အလုပ်ကိစ္စနဲ့ ခရီးသွားရင်း စဥ့်ကိုင်မြို့နယ်ထဲက နဘဲပင်ကျေးရွာမှာ တွေ့ခဲ့ဖူးပါတယ်။
သီးပင်ဟာဆိုရင် သနပ်ခါးပင်နဲ့ ဆင်တူသော်လည်း အပင်အရွယ်အစားပိုကြီးပြီး စိမ်းလန်းစိုပြေတာ တွေ့ရပါတယ်။ ပင်စည်ဟာ ဖြောင့်မတ်ကာ ပင်စည်လုံးပတ် ၂ ပေမှ ၄ ပေအထိရှိတတ်ပြီး အမြင့်အားဖြင့် ပေ ၃၀ မှ ၄၀ အထိ မြင့်ပါတယ်။ အပင်ရဲ့ ကိုင်းတက်တွေမှာ ဆူးတွေလည်း ပါရှိပါတယ်။ အရွက်အနေအထားဟာဆိုရင် ရွက်လက်တစ်ခုမှာ ဆိုင်၍ထွက်ကြသော ရွက်လွှာ ၁ စုံမှ ၄ စုံအထိပါရှိတတ်၍ ထိပ်တွင်ရွက်မြွှာလည်း ပါရှိသောကြောင့် ရွက်ပေါင်းဖြစ်ပါသည်။ အသီးဟာဆိုရင်တော့ အ၀ိုင်းပုံစံရှိပြီး အကျယ်အားဖြင့် ၂ လက်မမှ ၅ လက်မအထိရှိပါတယ်။ အသီးမှည့်ချိန်တွင် အနံ့မွှေးပြီး အတွင်းမှအသား ညိုမဲလာမှာ ဖြစ်ပါတယ်။
သီးပင်ရဲ့ အသီးကို အရွယ်အစားကြီး၍ ချိုသောမျိုးနှင့် အရွယ်အစားသေး၍ ချဥ်သောမျိုးဟူပြီး ၂ မျိုးခွဲခြားနိုင်ပါတယ်။ သီးသီးဟာ ဥသျှစ်သီးအငယ်စား၊ သို့မဟုတ် ပန်းသီးအရွယ်ခန့်ရှိပါတယ်။ အတွင်းသားဟာ ပျော့၍ အစေ့များပါတယ်။ သီးပင်ဟာဆိုရင် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၅၀၀ ကျော်ရှိတဲ့ဒေသတွေမှာ ပေါက်ရောက် ဖြစ် ထွန်းပါတယ်။ သီးပင်ဟာ ရာသီဥတုနဲ့ မြေအမျိုးအစားကို ရွေးသောအပင်မဟုတ်သည့်အတွက် နေရာဒေသ တော် တော်များများတွင် စိုက်ပျိုးနိုင်ပါတယ်။ ကိုင်းဖြတ်စိုက်ခြင်းဖြင့်လည်း ပေါက်ရောက်ရှင်သန်နိုင်တဲ့ အပင်ဖြစ်ပါတယ်။
အသုံးပြုပုံ
သီးပင်ရဲ့ အရွက်ဟာ အနံ့ရှိပြီး ၎င်းမှနံ့သာဆီကို ထုတ်ယူရရှိနိုင်ပါတယ်။ ပင်စည်နှင့် အကိုင်းအခက်များမှ အစေးတစ်မျိုးလည်းထွက်ပါတယ်။ ၎င်းအစေးဟာ မိုးရာသီ ကုန်ဆုံးချိန်တွင် ပို၍ထွက်ပါတယ်။ ထိုအစေးကို ရေနှင့်ရောပါက အရည်ပျော်ဝင်၍ အာရဗစ် (ထနောင်းစေး) ကော်ထက် မညံ့ကြောင်းတွေ့ရပါတယ်။ အချို့သောနိုင်ငံတွေမှာ မင်ပြုလုပ်ရာမှာလည်း အသုံးပြုကြသလို ဆိုးဆေးတွေမှာလည်း ထည့်သွင်းအသုံးပြုကြောင်း သိရပါတယ်။
သီးပင်ရဲ့အခေါက်ဟာ သနပ်ခါးခေါက်နှင့်တူ၍ သနပ်ခါးကဲ့သို့ သွေး၍လိမ်းကြပါတယ်။ သွေး၍ရရှိသော အနှစ်၏ အရောင်ဟာ သနပ်ခါးကဲ့သို့ လှပသော အဝါရောင်မဟုတ်ဘဲ ဝါညစ်ညစ်ဖြစ်ပါတယ်။
ဝမ်းကိုက် ဝမ်းလျှောရောဂါများအတွက် ဥသျှစ်သီးအစား သီးသီးကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ သွားဖုံးရောဂါ၊ လည်ချောင်းရောဂါ၊ ဆီးချိုရောဂါနဲ့ ဝမ်းချုပ်ခြင်းများအတွက်လည်း အသုံးပြုနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် မြွေဆိပ်ဖြေဆေးမှာပါ အသုံးပြုကြတယ်လို့လည်း သိရပါတယ်။ သီးသီးမှာဆိုရင် အသားဓာတ်၊ သတ္တုဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ဖော့စဖောရပ်၊ သံဓာတ်၊ ဗီတာမင်ဓာတ် အစရှိတဲ့ အာဟာရဓာတ်များစွာလည်း ပါဝင်တာကြောင့် ခြုံငုံပြီး ကြည့်လိုက်မယ်ဆိုရင် ကျန်မာရေးအတွက် အထောက်အကူပြုနိုင်တဲ့ အသီးတစ်မျိုး ဖြစ်ပါကြောင်း။
ဇင်ထူးနိုင်
ကိုးကားချက်
https://hort.purdue.edu/newcrop/morton/wood-apple.html
https://my.wikipedia.org
finedininglovers.com
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026