မျိုးစေ့များ၏ သက်တမ်းနှင့် သိုလှောင်ရာတွင် ရှိရမည့်အနေအထား
သက်တမ်းတို မျိုးစေ့များ (၁ နှစ်မှ ၂ နှစ်)
ရုံးပတီသီး၊ နံနံပင်၊ မုန်လာဥအဝါ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ပြောင်းချို
သက်တမ်းအလယ်အလတ်ရှိသော မျိုးစေ့များ (၃ နှစ်မှ ၄ နှစ်)
ပဲအမျိုးမျိုး၊ သကြားမုန်လာ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ နိုကိုဥ၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ခရမ်းသီး၊ ကြက်သွန်မြိတ်၊ ရွှေဖရုံသီး၊ ဟင်းနုနွယ်၊ ခရမ်ချဥ်၊ ဖရဲသီး၊ တရုတ်မုန်လာ၊ သခွားမွှေးသီး
သက်တမ်းရှည် မျိုးစေ့များ (၅ နှစ်မှ ၆ နှစ်)
သခွာသီး၊ မုန်လာဥဖြူ၊ ဆလတ်ရွက်
မျိုးစေ့တွေကို သိုလှောင်ရာမှာ အဓိကကျတဲ့ အခြေအနေက အေးမြခြောက်သွေ့ခြင်း (Cool and Dry) အခြေအနေ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သိုလှောင်ထားတဲ့ မျိုးစေ့တွေရဲ့ အနီးတဝိုက်မှာ အစိုဓာတ်ရှိမနေစေဖို့ ဖြစ်ပါတယ်။ နောက်ပြီး သိုလှောင်ရာမှာ အလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကိုလည်း သတိပြုရမှာဖြစ်ပါတယ်။ မျိုးစေ့တွေကို သိုလှောင်ရာမှာ မိမိအသုံးပြု (အကုန်ကျခံ) နိုင်တဲ့အပေါ် မူတည်ပြီး အရည်အသွေးကောင်းတဲ့ အလုံပိတ်ဘူးတွေ၊ အိတ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ထို့အပြင် ဆီလီကာဂျယ် (သို့မဟုတ်) အောက်စီဂျင်စုပ်ယူတဲ့ပစ္စည်းတွေ ထည့်သွင်းပေးခြင်းဖြင့် မျိုးစေ့တွေရဲ့ သက်တမ်းကို ကြာရှည်ခံစေနိုင်ပါတယ်။
မျိုးစေ့တွေကို စနစ်တကျသိုလှောင်ရာမှာ ရှိသင့်တဲ့ အသင့်တော်ဆုံး အပူချိန်ကတော့ ၂ - ၄ ဒီဂရီစင်တီဂရိတ် အတွင်းပဲ ဖြစ်ပါတယ်။ မျိုးစေ့သိုလှောင်တဲ့အခါ သင့်တော်တဲ့ အပူချိန်မှာမထားရှိနိုင်ပါက အစေ့အတွင်းမှာရှိနေတဲ့ သန္ဓေသားလောင်း (Embryo) ကို ထိခိုက်သေဆုံး စေနိုင်ပါတယ်။ သိုလှောင်ရာမှာ ရှိသင့်တဲ့ အသင့်တော်ဆုံး စိုထိုင်းဆကတော့ ၄၀ ရာခိုင်နှုန်းအောက် ဖြစ်ပါတယ်။ မြင့်မားတဲ့ အပူချိန်နဲ့ မြင့်မားတဲ့ စိုထိုင်းဆ ရှိတဲ့ အခြေအနေမှာ မျိုးစေ့တွေကို သိုလှောင်သိမ်းဆည်းခြင်းဟာ မျိုးညှောင့်ပေါက်နိုင်မှုနဲ့ အပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုကို လျော့ကျစေနိုင်ပါတယ်။

မျိုးစေ့တွေကို ကာလတိုသိုလှောင်မယ်ဆိုပါက အပူချိန် ၁၅ ဒီဂရီစင်တီဂရိတ်မှာ ထားသင့်ပါတယ်။ ၂၀ ဒီဂရီစင်တီဂရိတ်အထက်နဲ့ ၁ ဒီဂရီစင်တီဂရိတ် အောက်မှာ သိမ်းဆည်းတားမျိုးကို ရှောင်ရှားသင့်ပြီး စိုထိုင်းဆ (Relative himidity) အနေနဲ့ကတော့ ၄၀ ရာခိုင်နှုန်းက သင့်တော်ပါတယ်။
ကာလကြာရှည် သိုလှောင်မယ်ဆိုပါက အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ် အထက်နဲ့ စိုထိုင်းဆ ၆၀ ရာခိုင်နှုန်း အထက် မဖြစ်စေဖို့ သတိပြုရပါမယ်။ ဟင်းသီးဟင်းရွက် မျိုးစေ့တွေကို ကာလကြာရှည်သိုလှောင်မယ်ဆိုပါက ၂ - ၄ ဒီဂရီစင်တီဂရိတ်အတွင်းနဲ့ စိုထိုင်းဆ ၄၀ ရာခိုင်နှုန်းအောက်မှာ ထားရှိရမှာ ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ တစ်ချက်ကတော့ မျိုးစေ့တွေရဲ့ အစိုဓာတ်ဖြစ်ပါတယ်။ မျိုးစေ့မှာပါရှိတဲ့ အစိုဓာတ်ပမာဏဟာ မျိုးစေ့အရည်အသွေးနဲ့ ကြာရှည်စွာ သိုလှောင်နိုင်မှုအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်တာဖြစ်ပါတယ်။ ယေဘူယျအားဖြင့် မျိုးစေ့တွေကို အစိုဓာတ် (moisture) ၄ - ၆ ရာခိုင်နှုန်းအထိရောက်အောင် အခြောက်ခံပြီးမှ သိုလှောင်သိမ်ဆည်းခြင်းဟာ ပျက်စီးယိုယွင်းမှုများကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဥပမာ အနေနဲ့ စပါးမှာဆိုရင် မျိုးစေ့အတွင်းမှာ အစိုဓာတ်ပါဝင်မှုအရ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေကို မျှဝေပေးသွားပါမယ်။
- အစိုဓာတ် ၄၅ - ၆၅ ရာခိုင်နှုန်း > မျိုးစေ့များ အပင်ပေါက်နိုင်ခြင်း
- အစိုဓာတ် ၁၈ - ၂၀ ရာခိုင်နှုန်း > အပူထွက်ပေါ်လာပြီး မျိုးစေ့များ ပျက်စီးနိုင်ခြင်း
- အစိုဓာတ် ၁၂ - ၁၄ ရာခိုင်နှုန်း > မျိုးအဖြစ် သိုလှောင်နိုင်သော်လည်း မှိုများပေါက်ဖွားနိုင်ခြင်း
- အစိုဓာတ် ၈ - ၉ ရာခိုင်နှုန်း > ကြာရှည်စွာ သိုလှောင်နိုင်ခြင်း
- အစိုဓာတ် ၄ - ၈ ရာခိုင်နှုန်း > လေအလုံပိတ် စနစ်ဖြင့် သိုလှောင်နိုင်ခြင်း
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မင်းသန့်ဇော်
လွန်ခဲ့သော ၂ နှစ် ကbd gb gb g .gbdg. bdb bbdmbgmmbgmgb gbs s bmgnmgsfn b vb n vgs s mb g sb vb ssn bss mgbsb gbsn fdbmmbggbbb bb nd b b biidddd
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026