မျိုးစေ့များရဲ့ ရှင်သန်နိုင်စွမ်းနဲ့ သိုလှောင်သိမ်းဆည်းခြင်း
ကိုယ်ပိုင်စိုက်ခင်းမှ ရရှိသောမျိုးစေ့များကိုဖြစ်စေ နောက်တစ်ရာသီမှာ စိုက်ပျိုးရန်အတွက် အရည်အသွေးကောင်း မျိုးစေ့များကို ဝယ်ယူထားသည်ဖြစ်စေ တတ်နိုင်သမျှ စနစ်တကျ သိုလှောင်သိမ်းဆည်းထားနိုင်ဖို့က အလွန်အရေးကြီးပါတယ်။
မျိုးစေ့သိုလှောင်သိမ်းဆည်းခြင်းဆိုတာ ရိတ်သိမ်းပြီးနောက် ရရှိလာတဲ့မျိုးစေ့တွေကို ထိန်းသိမ်းခြင်း နေရာမှစတင်ကာ မျိုးစေ့များကို ပြန်လည်စိုက်ပျိုးပြီးတဲ့အထိ ကာလကိုဆိုလိုပါတယ်။ မျိုးစေ့များကို အချိန်တိုသိုလှောင်သည်ဖြစ်စေ ကာလကြာရှည်သိုလှောင်သည်ဖြစ်စေ စနစ်တကျ သိုလှောင်သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။
ဘာကြောင့် သိုလှောင်သိမ်းဆည်းကြတာလဲ?
မျိုးစေ့များကို သိုလှောင်သိမ်းဆည်းရခြင်းရဲ့ ရည်ရွယ်ချက်ဟာ စတင်ရိတ်သိမ်းလိုက်ချိန်မှ ပြန်လည်စိုက်ပျိုးချိန်အထိ မျိုးစေ့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဇီဝကမ္မအခြေအနေတွေကို ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။ မျိုးစေ့တွေကို သိုလှောင်သိမ်းဆည်းရာမှာ ယိုယွင်းပျက်စီးမှုကို ဖြစ်ပေါ်စေတဲ့ အကြီးမားဆုံးရန်သူတွေက အပူချိန်မြင့်မားခြင်းနဲ့ အစိုဓာတ်မြင့်မားခြင်းတို့ ဖြစ်တာကြောင့် အပူချိန်နဲ့ အစိုဓာတ်ကို ကောင်းစွာသတိပြုဖို့ လိုအပ်ပါတယ်။ နောက်ပြီး မျိုးစေ့တွေကို သိုလှောင်သိမ်းဆည်းထားချိန်မှာ အင်းဆက်အဖျက်ပိုးမွှားနဲ့ ရောဂါကျရောက်မှုများကိုလည်း ကာကွယ်ထားရမှာ ဖြစ်ပါတယ်။
မျိုးစေ့တွေကို စနစ်တကျနဲ့ သိုလှောင်သိမ်းဆည်းထားမယ်ဆိုရင်
- သီးနှံအထွက်နှုန်း ကောင်းစေခြင်း
- ကျန်းမာသန်စွမ်းသော အပင်များ ရရှိစေခြင်းနဲ့
- ပိုးမွှားရောဂါကျရောက်မှု နည်းပါးခြင်း
- သိုလှောင်ရာတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော မျိုးစေ့ဆောင်ရောဂါများ ကျရောက်မှုကို လျော့နည်းစေခြင်း စတဲ့ ကောင်းကျိုးတွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

သိုလှောင်မှုအပေါ်သက်ရောက်မှုရှိသော အချက်များ
အဓိက သက်ရောက်မှုရှိနေတာတွေက အပူချိန်၊ အစိုဓာတ်၊ မျိုးစေ့ရင့်မှည့်မှု၊ မျိုးစေ့သက်တမ်း၊ အောက်စီဂျင်နဲ့ အခြားသက်ရောက်မှုတွေဖြစ်ပြီး အောက်ဖော်ပြပါ အချက်များ ပါဝင်ပါတယ်။
- ကောင်းစွာရင့်မှည့်တဲ့ မျိုးစေ့တွေဟာ မရင့်မှည့်သေးဘဲ စုဆောင်းထားတဲ့ မျိုးစေ့များထက် ရှင်သန်နိုင်စွမ်းကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်ပါတယ်။ အဲ့တာကြောင့်ပဲ ကနဦး ရှင်သန်နိုင်စွမ်းမြင့်မားတဲ့ မျိုးစေ့တွေဟာ ရှင်သန်နိုင်စွမ်း နည်းပါးတဲ့ မျိုးစေ့များထက် ပိုမိုကောင်းမွန်စွာ သိမ်းဆည်းထားနိုင်တာ ဖြစ်ပါတယ်။
- မာကြောပြီး ရေစိမ့် မဝင်နိုင်တဲ့ မျိုးစေ့တွေဟာ ပျော့ပျောင်းပြီး ရေစိမ့်ဝင်နိုင်တဲ့ အစေ့ခွံပါရှိသော မျိုးစေ့များထက် ရှင်သန်နိုင်စွမ်းပိုကောင်းပါတယ်။
- မျိုးစေ့တွေဟာ သက်ရှိတွေဖြစ်တာကြောင့် ကိုင်တွယ်ရာမှာလည်း သတိပြုသင့်ပါတယ်။ ထိခိုက်ပျက်စီးမှု မရှိတဲ့မျိုးစေ့တွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးထားတဲ့ မျိုးစေ့တွေထက် ရှင်သန်စွမ်းကို ပိုမိုထိန်းသိမ်းထားနိုင်ပါတယ်။
- အစိုဓာတ်ပါဝင်မှု နည်းပြီး အပူချိန်လျှော့ချထားတဲ့ အခြေအနေမှာဆိုရင် မျိုးစေ့တွေရဲ့ ရှင်သန်နိုင်သောကာလဟာလည်း ကြာရှည်မှာ ဖြစ်ပါတယ်။
မျိုးစေ့ရှင်သန်နိုင်စွမ်း (Seed Viability)
မျိုးစေ့တွေရဲ့သက်တမ်းဟာ အချိန်ကြာလာတာနဲ့အမျှ ၎င်းတို့ရဲ့ အပင်ပေါက်တဲ့နှုန်းဟာလည်း သဘာဝအတိုင်း ကျဆင်းလာမှာ ဖြစ်ပါတယ်။ မျိုးစေ့အားလုံးနီးပါးဟာ သာမန်အခြေအနေမှာ စနစ်တကျ သိုလှောင်သိမ်းဆည်းထားမယ်ဆိုရင် ယေဘူယျအားဖြင့် အနည်းဆုံး ၁ နှစ်အထိတော့ ရှင်သန်နိုင်စွမ်းရှိကြပါတယ်။ ဒါ့ကြောင့် မျိုးစေ့ကို သိုလှောင်ထားတဲ့ အခြေအနေနဲ့ မျိုးစေ့ အမျိုးအစားပေါ် မူတည်ပြီးတော့ ရှင်သန်နိုင်စွမ်းရှိတဲ့ကာလတွေ ကွာခြားနိုင်တာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win.naing
လွန်ခဲ့သော ၂ နှစ် ကနေပူထဲမှာဘယ်နစ်ရက်လှန်းရတာလဲ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....