အီးအမ်အသုံးပြုရာတွင် သတိပြုရမည့်အချက် (၁၀) ချက်
အီးအမ်ဆိုတာကို တောင်သူအများစုကတော့ သိနေကြပြီးဖြစ်ပါတယ်။ ထပ်ပြောရရင် အီးအမ်ဆိုတာကတော့ အကျိုးပြု အဏုဇီဝသက်ရှိလေးတွေပါဝင်တဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပြီး သီးနှံပင်တွေကိုကြီးထွားစေခြင်း၊ ပိုးရောဂါနဲ့ ရာသီဥတုဒဏ်ကို အသင့်တင့် ခံနိုင်ရည်ရှိခြင်း၊ အထွက်နှုန်းကောင်းစေခြင်း၊ သီးနှံအရည်သွေးကောင်းစေခြင်းတို့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုပါ လျော့နည်းစေတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲမှာဆိုရင်လည်း အီးအမ်ဖျော်ရည်ကိုအသုံးပြုပြီး သဘာဝမြေသြဇာပြုလုပ်တဲ့နည်း၊ သဘာဝပိုးသတ်ဆေး၊ မြေဆွေးပုံပြုလုပ်နည်း၊ ခရုအမိုင်နိုအက်ဆစ်ပြုလုပ်နည်း စသည်ဖြင့် နည်းပညာများစွာကို မျှဝေပြီးသားဖြစ်တာကြောင့် အီးအမ်ဖျော်ရည်အသုံးပြုတဲ့အခါမှာ လေလွင့်ဆုံးရှုံးမှုနည်းနည်းနဲ့ အကျိုးရှိရှိအသုံးပြုနိုင်ရန်အတွက် သတိပြုရမယ့်အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ အီးအမ်ဆိုတာဟာ ဖျော်ရည်သက်သက်မဟုတ်ဘဲ သက်ရှိလေးတွေပါဝင်နေတာဖြစ်လို့ အသုံးမပြုခင် သိမ်းဆည်းထားမယ်ဆိုရင် အလင်းရောင်တိုက်ရိုက်မကျဘဲ အေးမြခြောက်သွေ့တဲ့နေရာမျိုး (အေး/ မှောင်/ ခြောက်) မှာ သိမ်းရပါမယ်။
၂။ ငြိမ်သက်နေတဲ့ အဏုဇီဝသက်ရှိလေးတွေဟာ လေ၊ အပူ၊ အလင်းရောင် စတာတွေနဲ့ ထိတွေ့တဲ့အခါ စတင်လှုပ်ရှားလာပြီး အချင်းချင်းပေါင်းစပ်ဖွဲ့စည်းမှုကြောင့် အီးအမ်ရဲ့အာနိသင်ဟာ လျော့နည်းသွား၊ ပျက်ပြယ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေရာကနေ သယ်ယူတဲ့ အခါမှာလည်း စနစ်တကျသယ်ယူဖို့လိုအပ်ပါတယ်။
၃။ အီးအမ်အသုံးပြုခြင်းဟာ သက်ရှိလေးတွေကို အသုံးပြုရတာဖြစ်လို့ စပြီးအသုံးပြုမယ်ဆိုရင် သိနားလည်တဲ့ပညာရှင်တွေကို မေးမြန်းပြီး ညွှန်ကြားချက်တွေအတိုင်း စနစ်တကျအသုံးပြုဖို့ လိုအပ်ပါတယ်။
၄။ အီးအမ်ဟာ အကျိုးပြုအဏုဇီဝသက်ရှိဖျော်ရည်ဖြစ်တာကြောင့် ဓာတုမြေသြဇာတွေလို၊ ဓာတုပိုးသတ်ဆေးတွေလို အာနိသင်ချက်ချင်းပြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းဖို့ အသုံးပြုချင်ရင်တော့ ကြိုတင်ပက်ဖျန်းထားဖို့ လိုအပ်ပါမယ်။ ပိုးရောဂါကျရောက်မှ အသုံးပြုမယ်ဆိုရင်တော့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။
၅။ အီးအမ်ဖျော်ရည်ကို နေမပူတဲ့အချိန်မှာ အသုံးပြုသင့်ပါတယ်။ မနက်အစော၊ ညနေပိုင်းနဲ့ မိုးအုံ့တဲ့အချိန်မျိုးတွေမှာဖျန်းတာ ပိုပြီးထိရောက်ပါတယ်။
၆။ အီးအမ်ဖျော်ရည်ဖျန်းပြီးပါက စိုက်ခင်းထဲမှရေကို တစ်ပတ်ခန့်ကြာသည်အထိ မထုတ်ရန် သတိပြုပါ။
၇။ အီးအမ်ဖျော်ရည်အသုံးပြုရန် ရောစပ်သောရေမှာ သန့်ရှင်းတဲ့ရေဖြစ်ရန် လိုအပ်ပါတယ်။ ပူနေတဲ့ရေ၊ မသန့်ရှင်းတဲ့ရေများကို အသုံးမပြုသင့်ပါ။
၈။ အီးအမ်ဖျော်ရည်တွင် ပင်မအီးအမ်၊ အီးအမ်အပြင်း၊ အသင့်သုံးအီးအမ် စသည်ဖြင့်ရှိရာ အသင့်သုံးအီးအမ်သည် စိုက်ခင်းတွင် တိုက်ရိုက်သုံးနိုင်သော အီးအမ်ဖြစ်ပြီး ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ၇ ရက်မှ ၁၅ ရက်အထိ တာရှည်ခံနိုင်တာကြောင့် အသင့်သုံးအီးအမ်ဖျော်စပ်ပြီးပါက ၁ ပတ်အတွင်း အသုံးပြုနိုင်လျှင် အာနိသင်ပိုထိရောက်ပါတယ်။ အသင့်သုံးအီးအမ်ကို ရေနှင့်ရောစပ်ပြီးပါက ၂၄ နာရီအတွင်း ကုန်အောင်အသုံးပြုသင့်ပါတယ်။
၉။ စိုက်ခင်းများတွင် မှိုသတ်ဆေးဖျန်းထားပါက ၁ ပတ်ကြာပြီးမှသာ အီးအမ်ဖျန်းသင့်ပါတယ်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဖျန်းထားပါက အချိန်ခြားပြီးမှ အီးအမ်ကို သုံးသင့်ပါတယ်။
၁၀။ အိမ်မှာသိမ်းဆည်းထားတဲ့ အီးအမ်ဖျော်ရည်ဟာ အချဥ်နံ့မဟုတ်ဘဲ အပုပ်နံ့ရနေပါက အသုံးမပြုသင့်ပါ။ အီးအမ်ဖျော်ရည်ဟာ ဝါညိုရောင်ရှိနေမှသာ အသုံးပြုရန်သင့်တော်ပါတယ်။
ကိုးကားချက်
- အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာ - ပါမောက္ခဒေါက်တာမြင့်လွင်
- www.emvereniging.nl
Than Htike
လွန်ခဲ့သော ၂ လ ကအီးအမ်ပြင်းပြုလုပ်ပုံ ရှင်းပြပေးပါ
Than Htike
လွန်ခဲ့သော ၂ လ ကအီးအမ်ဖျော်ရည်ပျင်းနဲ့ပင်မအီးအမ် အသင့်သုံးအီးအမ်ကို ကွဲကွဲပြားပြားသိအောင်ရှင်းပြပေးပါ ဆရာတို့
Myint Lay
လွန်ခဲ့သော ၄ နှစ် ကအီးအမ်ပြုလုပ်နည်း
ဦးခင်ရှိန်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
ဇောိ
လွန်ခဲ့သော ၄ နှစ် ကအီးအမ်ပြုလုပ်နည်း
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026