အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေသြဇာကျွေးတဲ့အခါ အော်ဂဲနစ်နဲ့ ဓာတု ဘာကိုရွေးရမလဲ

မြေသြဇာကျွေးတဲ့အခါ အော်ဂဲနစ်နဲ့ ဓာတု ဘာကိုရွေးရမလဲ

    ကိုယ့်စိုက်ခင်းကအပင်တွေကို မြေသြဇာကျွေးဖို့စဥ်းစားတဲ့အခါ သဘာဝအော်ဂဲနစ်မြေသြဇာနဲ့ ဓာတုမြေသြဇာ ၂ မျိုးထဲက ဘာရွေးရမှန်းမသိ ဖြစ်ဖူးပါသလား။ ဒီမြေသြဇာ ၂ ခုရဲ့ အားသာချက် အားနည်းချက်တွေကိုရော နှိုင်းယှဥ်ဖူးပါသလား။ အော်ဂဲနစ်မြေသြဇာဆိုတာ သဘာဝပတ်ဝန်းကျင်ကနေရရှိတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး ဓာတုဓာတ်မြေသြဇာမှာတော့ ဓာတုပစ္စည်းများပါဝင်ပြီး ဓာတ်ခွဲခန်းတွေ စက်ရုံတွေမှာ ဖန်တီးပြုလုပ်ထားတယ်ဆိုတာ ယေဘူယျအားဖြင့် တောင်သူဦးကြီးတွေ သိကြပါလိမ့်မယ်။ 

    အော်ဂဲနစ်မြေသြဇာဟာဆိုရင် မြေဆီလွှာရဲ့ကျန်းမာရေးအတွက် ရေရှည်ကောင်းမွန်စေပြီး ရေညစ်ညမ်းမှုနဲ့ အဏုဇီဝသက်ရှိများရဲ့ရှင်သန်မှုကို ထောက်ပံ့ပေးနိုင်ပါတယ်။ သို့သော် မြေဆီလွှာရဲ့ ပြဿနာများကို မြန်မြန်ဖြေရှင်းနိုင်ဖို့ လိုအပ်လာပြီဆိုပါက ဓာတုမြေသြဇာဟာ ပိုကောင်းတဲ့ အဖြေတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒီမြေသြဇာ ၂ ခုရဲ့ အားသာချက်တွေ အားနည်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

၁။ အော်ဂဲနစ်မြေသြဇာ

အားသာချက်များ 

- မြေဆီလွှာမှ ရေကိုကောင်းစွာထိန်းထားနိုင်ခြင်း 

- ဓာတုပစ္စည်းများ ရေသို့အလွယ်တကူစိမ့်မဝင်နိုင်ခြင်း 

- မြေဆီလွှာတွင် အကျိုးပြုမှိုနှင့် ဘက်တီးရီးယားများ တိုးပွားလာစေခြင်း 

- မြေဆီလွှာတွင် လေဝင်လေထွက်ကောင်းစေခြင်း 

- မြေဆီအရည်အသွေးကောင်းမွန်ပြီး ရေရှည်အတွက် အကျိုးရှိခြင်း

- သီးနှံများ ကြာရှည်ခံခြင်း 

အားနည်းချက်များ 

- အပင်များတွင် အာနိသင်ပြရန် အချိန်ကြာခြင်း 

- အလွယ်တကူဝယ်ယူ မရနိုင်ခြင်း 

- အသင့်သုံးဝယ်ယူပါက ဈေးကြီးခြင်း 

- ကြိုတင်အသုံးပြုရခြင်း 

၂။ ဓာတု ဓာတ်မြေသြဇာ

အားသာချက်များ 

- အသုံးပြုပြီးနောက် အာနိသင်မြန်မြန်ပြခြင်း 

- နီးစပ်ရာ စိုက်ပျိုးရေးဆေးဆိုင်များတွင် အလွယ်တကူရရှိနိုင်ခြင်း 

- ထုတ်ကုန်ပစ္စည်း အစုံအလင်ရှိသောကြောင့် အပင်အတွက် လိုအပ်သော အာဟာရဓာတ်ကိုလိုက်၍ ရွေးချယ်ဝယ်ယူနိုင်ခြင်း 

အားနည်းချက်များ 

- ရေရှည်တွင် မြေဆီလွှာပျက်စီးစေခြင်း 

- ရေအရင်းအမြစ်များအား ထိခိုက်စေခြင်း 

- အကျိုးပြုဘက်တီးရီးယားများနှင့် အင်းဆက်များအား သေစေနိုင်ခြင်း  

- လူတို့၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ခြင်း 

     အားသာချက် အားနည်းချက်တွေသိထားပီးဆိုတော့ ဘာကိုရွေးချယ်သင့်လဲ စဉ်းစားနိုင်တာပေါ့။

 

Source - https://www.trees.com/gardening-and-landscaping/organic-fertilizers 

1
လှအေး

လှအေး

လွန်ခဲ့သော ၅ နှစ် က

သဘာဝမြေအောဇာကိုစျေးကွက်အတွင်းအမျးအပြားထုပ်ပိုးရောင်းချပေးမည်ဆိုပါကတောင်သူအားလုံးအဆင်ပြေကြမည်ဖြစ်ပါကြောင်းဆွေးနွေးပါသည်

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။