ဥရောပက ရုရှားစစ်ကြောင့် တောင်အမေရိက အီကွေဒေါမှာ ငှက်ပျောတွေ အလကားပေးပစ်နေရ
ပို့စရာဈေးကွက် မရှိတော့တဲ့အဆုံး ဆီဂန်နိုဆိုလာနိုတစ်ယောက် အလေးချိန် ပေါင် ၄၅၀၀၀ လောက်ရှိတဲ့ သူ့ငှက်ပျောတွေကို အီကွေဒေါနိုင်ငံတောင်ပိုင်း ငှက်ပျောစိုက်ဒေသကြီးရဲ့ ဟိုင်းဝေးလမ်းမကြီးတစ်ခုပေါ် ပုံထားလိုက်တော့တယ်။
"အလကားပေးပါသည်" ဆိုတဲ့ စာတန်းတစ်ခုကိုလည်း အသက် ၅၉ နှစ်အရွယ် မစ္စတာဆိုလာနိုက ငှက်ပျောခိုင်တွေပေါ်မှာ ကပ်ထားပါတယ်။
သူနဲ့အတူ အီကွေဒေါက ဘဝတူငှက်ပျောတောင်သူ ထောင်ပေါင်းများစွာရဲ့ အကျပ်အတည်းမှာ အပြစ်ဆိုရမယ့်အရာကတော့ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုပါပဲ။
ရုရှားဟာ အီကွေဒေါရဲ့ ပြည်ပပို့ကုန် ငှက်ပျောကို တတိယအများဆုံး အဓိကဝယ်လက်နိုင်ငံပါ။ အီကွေဒေါက ပြီးခဲ့တဲ့နှစ်မှာ ငှက်ပျောနဲ့ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၃.၅ ဘီလျံ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ယခုအခါ မော်စကိုအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ဥရောပဆိပ်ကမ်းတွေ တစ်ဆို့မှု ဖြစ်တာတွေ ပေါင်းလိုက်တဲ့အခါ သင်္ဘောကုမ္ပဏီတွေဟာ ရုရှားဆီ ကုန်စည်တင်ပို့မှုကို ရပ်တန့်ခဲ့ရပါတယ်။ အီကွေဒေါငှက်ပျောအများစုလည်း ပို့စရာဈေးကွက် ပျောက်သွားပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ငှက်ပျောသီးတွေ အလျှံပယ်ပေါလာတော့ ဈေးတွေ ထိုးကျသွားပြီး တောင်သူအများစုဟာ ငှက်ပျောသီးတွေကို ပုပ်ချင်ပုပ်ပါစေ စိုက်ခင်းထဲမှာပဲ ပစ်ထားကြရပါတော့တယ်။ ဈေးက နည်းလွန်းနေတော့ စိုက်စရိတ်ကိုတောင် မကာမိပါဘူး။

အီကွေဒါဟာ တောင်အမေရိကတိုက်က နိုင်ငံငယ်လေးဖြစ်ပြီး ရုရှားနဲ့ဆိုရင် တည့်တည့်ဆိုရင်တောင် ကီလိုမီတာ ၁၁၀၀၀ ကျော်ကွာဝေးပါတယ်။ ခုတော့ အဲ့ဒီဥရောပတိုက်ရဲ့ ရုရှားစစ်ဟာ အီကွေဒေါက ငှက်ပျောတောင်သူတွေကို တိုက်ရိုက်ထိ နေတာပါ။
မစ္စတာဆိုလာနိုကတော့ အယ်ကွာဘိုမြို့အနီး ဟိုင်းဝေးလမ်းတစ်ခုပေါ်ကို ငှက်ပျောသီးတွေနဲ့ ပိတ်၊ လမ်းသွားလမ်းလာတွေကို အလကားပေးရင်း ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ “အနိမ့်ဆုံးဈေးများ မလိုလားပါ" တဲ့။ ဒီစာကို လမ်းမမှာ ပစ်ထားတဲ့ ငှက်ပျောခိုင်တွေပေါ်က ဆိုင်းဘုတ်တွေပေါ်မှာ ခပ်သော့သော့ လက်ရေးနဲ့ ရေးထိုးလိုက်တာပါ။
ရုရှားက ယူကရိန်းကို မကျူးကျော်သေးခင် ပြီးခဲ့တဲ့လတုန်းကတော့ သူဟာ ပေါင် ၄၀ ငှက်ပျောသေတ္တာတစ်လုံးကို ၆.၂၅ ဒေါ်လာနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေ ပျက်ကုန်ပြီး အီကွေဒေါအစိုးရကလည်း ဖောက်သည်အစားထိုး ရှာမပေးနိုင်တဲ့အခါ မစ္စတာဆိုလာနိုဟာ ပြည်တွင်းဈေးကွက်မှာတင် ရောင်းချရပြီး ငါးပုံတစ်ပုံလောက်သာ ဈေးရပါတော့တယ်။
"သေတ္တာတစ်လုံးကို ၁.၂၅ ဒေါ်လာနဲ့ ရောင်းနေမယ့်အစား အလကားသာ ပေးလိုက်ချင်တော့တယ်။ အခြေအနေက တော်တော်ကြီးကို ဆိုးနေပြီ။ ဈေးကလည်း လုံးဝ ကျနေပြီ" လို့ သူက ပြောပါတယ်။
ရုရှားရဲ့ ဝယ်ယူမှုအပေါ် မှီခိုနေကြတဲ့ ကမ္ဘာအနှံ့က နိုင်ငံတွေ၊ ကုမ္ပဏီတွေလည်း ဒီအကျိုးဆက်ကို ခံစားကြရပါတယ်။ ကနေဒါမှာဆိုရင် Bombardier Inc. လေယာဉ်ကုမ္ပဏီဟာ ရုရှားဆီ လုပ်ငန်းသုံးဂျက်လေယာဉ်တွေ ရောင်းချနေတာ ရပ်ခဲ့ရတယ်။ တောင်အာဖရိကနိုင်ငံမှာဆိုရင် ဝိုင်နဲ့ ရှောက်၊ လိမ္မော်တင်ပို့သူတွေဟာ ရုရှားဆီ ကုန်မပို့နိုင်တော့ဘူး။
ဒါပေမဲ့ နိုင်ငံရဲ့ အထူးထုတ်ကုန်ကို ရုရှားဆီ ရာခိုင်နှုန်းအများစု တင်ပို့နေတဲ့ အီကွေဒေါလို နိုင်ငံငယ်လေးတွေကတော့ ထိခိုက်ခံရမှု အများဆုံး ဖြစ်ပါတယ်။
နီဗားရားပြည်နယ် အရွယ်အစားရှိပြီး လူဦးရေ ၁၇ သန်းကျော် နေထိုင်တဲ့ အီကွေဒေါဟာ ငှက်ပျောတင်ပို့မှု ၂၀ ရာခိုင်နှုန်းကျော်ကို ရုရှားဆီ ပေးပို့နေတာပါ။ အခြားထိပ်တန်းပို့ကုန်နှစ်မျိုးဖြစ်တဲ့ ပန်းနဲ့ ပုစွန်ကိုလည်း ရုရှားဆီပဲ အဓိက ပေးပို့နေတာပါ။
"ပန်းဈေးက ၁၅ ရာခိုင်နှုန်းလောက် ကျသွားတယ်။ ဒီတော့ ဒီလုပ်ငန်းကို စွန့်ခွာတဲ့သူတွေ ရှိလာမှာပဲ။ ဟိုးအဝေးကြီးမှာ ဖြစ်တဲ့ပြဿနာဟာ ဒီက မိသားစုလုပ်ငန်းတွေကိုပါ လာပြီး ထိခိုက်တယ်" လို့ အသက် ၅၃ နှစ်အရွယ် ပန်းစိုက်ပျိုးသူ ဂူလာမိုဂက်ဇ်မန်းက ပြောပါတယ်။
အီကွေဒေါနိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး ဂျူလီယိုဂရာဒိုက ပို့ကုန်လုပ်ငန်းတွေဟာ ရုရှားဆီ တင်ပို့လိုက်တဲ့ ငှက်ပျောနဲ့ ပန်း သင်္ဘောတွေကို ဥရောပနဲ့ အမေရိကားဈေးကွက်တွေဆီ လမ်းကြောင်း အလွယ်တကူ ပြောင်းနိုင်မှာ မဟုတ်ကြောင်း ပြောထားပါတယ်။
အီကွေဒေါရဲ့ တောင်ပေါ်ပန်းစိုက်ဒေသက တောင်သူ မစ္စတာဂက်ဇ်မန်းဟာ သူ့တွစ်တာအကောင့်ကနေ ယူကရိန်းသတင်းတွေကို တစ်နေကုန် စောင့်ကြည့်နေဖြစ်တယ်လို့ ပြောပါတယ်။ ရုရှားဟာ ပြည်ပကနေ တင်သွင်းတဲ့ နှင်းဆီအနက် ၆၀ ရာခိုင်နှုန်းကို အီကွေဒေါဆီက မှာယူပြီး ယူကရိန်းနဲ့ ဘီလာရုဇ်တို့ကလည်း အီကွေဒေါဆီက ပန်းမန်ကို အားပြုနေရပါတယ်။
ပုံမှန်အားဖြင့် မစ္စတာဂက်ဇ်မန်းရဲ့ ရိုးတံရှည်နှင်းဆီ ၆၀ ရာခိုင်နှုန်းကို ရုရှားဆီ တင်ပို့တာပါ။
ရုရှားဈေးကွက် ပျက်သွားတဲ့အခါ သူ့လုပ်သား ၅၅ ယောက်ကို အလုပ်ရပ်ဆိုင်းခဲ့ရပါတယ်။ အခုတော့ သူ့ရဲ့ ၁၂ ဧက ပန်းစိုက်ခင်းထဲမှာ အလုပ်ဆက်မြဲနေတဲ့ လုပ်သားတွေကို နှင်းဆီရိုးတံတွေ ဖြတ်ခိုင်းနေရပါတယ်။ ရုရှားက ရိုးတံရှည်ကို ကြိုက်ပေမဲ့ ယခု ပြောင်းလဲတင်ပို့မယ့် အမေရိကားဈေးကွက်ကတော့ ရိုးတံတိုနှင်းဆီကို ပိုမိုနှစ်ခြိုက်တာပါ။ နှင်းဆီရိုးတံတွေကို ဖြတ်လိုက်ရတာကြောင့် တစ်ပွင့်စီဟာ စင့် ၂၀ လောက် ဈေးလျော့သွားပါတယ်။
ငှက်ပျောလုပ်ငန်းကတော့ ပိုကြီးမားပြီး အီကွေဒေါအတွက် ပိုအရေးပါပါတယ်။ ဒီလုပ်ငန်းက လုပ်သား သုံးသိန်းလောက်ကို တိုက်ရိုက်အလုပ်ပေးထားပြီး အခြားလုပ်သား သန်းချီအပေါ်လည်း သက်ရောက်မှုရှိတယ်လို့ အီကွေဒေါငှက်ပျောထုတ်လုပ်သူများအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ တောင်သူလည်းဖြစ်သူ ဖရန်ကလင် တောရက်စ် က ပြောပါတယ်။
ငှက်ပျောလုပ်ငန်းဟာ အီကွေဒေါစီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ ကပ်ရောဂါဘေးကနေ နာလံထူလာတာတောင် မကြာသေးကြောင်း မစ္စတာတောရက်စ် က ပြောပါတယ်။ "ကပ်ရောဂါနဲ့ စစ်ပွဲကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးကို အဓိကခံရတာက ထုတ်လုပ်သူတွေပါ" လို့ သူက ပြောပါတယ်။
မစ္စတာတောရက်စ်နဲ့ အခြား ငှက်ပျောလုပ်ငန်းကိုယ်စားလှယ်တွေက အစိုးရအနေနဲ့ ဈေးတက်နေတဲ့ လောင်စာဆီ တင်ပို့ရာက ရတဲ့ငွေပိုငွေလျှံကို သုံးပြီး ငှက်ပျောကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူပေးဖို့ တိုက်တွန်းကြပါတယ်။
အစိုးရက တောင်းဆိုချက်ကို မလိုက်လျောပေးဘူးဆိုရင် စိုက်ခြံတွေ ပိတ်သိမ်းရနိုင်ပြီး လူထုအုံကြွမှုတွေ ဖြစ်လာမယ်လို့ မစ္စတာတောရက်စ်က ခန့်မှန်းပါတယ်။
နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး မစ္စတာပရာဒိုကတော့ ပိုလျှံငှက်ပျောတွေ ဝယ်ပေးရမယ်ဆိုတဲ့စိတ်ကူးကို အစိုးရက ပယ်ချကြောင်း ပြောပါတယ်။
"ဒီလိုလုပ်လိုက်ရင် ဖြေရှင်းရခက်တဲ့ အစဉ်အလာတစ်ခု ဖြစ်သွားမယ်။ ငှက်ပျောကို ဝယ်ရင် ပန်း၊ ကိုကိုးစေ့စတဲ့ ကဏ္ဍအသီးသီးကိုလည်း ဝယ်ပေးရလိမ့်မယ်။ စစ်ပွဲဟာ ဘယ်လောက်ထိ ကြာမလဲ၊ ပိုဆိုးလာဦးမှာလား ဆိုတာလည်း မသိရသေးဘူး" လို့ သူက ပြောပါတယ်။
အဲဒီအစား နိုင်ငံတော်အနေနဲ့ တောင်သူတွေအတွက် ချေးငွေ ချပေးဖို့ လုပ်ဆောင်နေသလို ပြည်တွင်းစားသောက်ကုန်လုပ်ငန်းတွေက ငှက်ပျောကို အထူးဈေးနဲ့ ဝယ်ယူလာအောင် နည်းလမ်းရှာဖွေသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။ အခြားနိုင်ငံတွေမှာ ဈေးကွက်သစ်ပွင့်လာအောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
ဒီအချိန်မှာ အီကွေဒေါရဲ့ တောင်ဘက်ဖျားဒေသက ငှက်ပျောတောင်သူကြီး မစ္စတာဆိုလာနိုဟာ သူ့လုပ်သား ၁၁ ယောက်ရဲ့ လုပ်ခလစာ လျှော့ချရေး ညှိနှိုင်းနေပါတယ်။
"စိတ်ထိခိုက်ရပါတယ်ဗျာ။ သူတို့က အိမ်ထောင်ဦးစီးတွေဗျ။ ကျွန်တော်ကလည်း သူတို့ကို မိသားစု ဝမ်းဝအောင် ကျွေးမွေးနိုင်စေချင်တယ်" လို့ သူက ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Bananas Bound for Russia Have Nowhere to Go - WSJ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023