ပဲမျိုးစုံနှင့် ပြောင်းဈေး အတက်အကျနှင့် ရှေ့အလားအလာ
ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ပဲတီစိမ်း၊ ပဲလွမ်း၊ ပြောင်း တွေဟာ ဈေးတွေတက်လာပြီး မတ်ပဲကတော့ ဈေးအနည်းငယ်ငြိမ်သွားပေမယ့် အတက်တော့နည်းနည်းရှိပါတယ်။ သိသိသာသာဈေးတက်ခဲ့တဲ့ စင်းငုံကတော့ ဒီတစ်ပတ်ထဲ အနည်းငယ်ပြန်ကျသွားပါတယ်။

မတ်ပဲ
ဆက်တိုက်မြင့်တက်နေတဲ့ မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက နည်းနည်းပြန်အေးသွားပါတယ်။ တစ်တန်ကို ၁၈ သိန်း ၅ သောင်းပတ်ချာလည်(ဒီနေ့ ၁၈၆၀၀၀၀) အရောင်းအဝယ်ရှိနေပြီး ငွေကြေးလဲလှယ်နှုန်းဈေးတွေမြင့်တက်နေမှုကြောင့် အရောင်းအဝယ်အေးသွားတာလို့ ကုန်သည်တွေက ဆိုပါတယ်။
ကုန်သည်တွေအနေနဲ့ ငွေကြေးကျပ်တည်းမှုတွေကြောင့် စောင့်ကြည့်နေရတဲ့အခြေအနေ ရှိနေတယ်လို့လည်း သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ မတ်ပဲအများဆုံးထွက်ရှိတဲ့ဒေသက မိုးများမှုကြောင့် အထွက်နှုန်းလျော့နည်းမယ်လို့ ထုတ်ပြန်ထားလို့ မတ်ပဲဈေးက ဆက်ပြီး မြင့်တက်နိုင်ခြေရှိတယ်လို့လည်း ကုန်သည်တွေက ဆိုပါတယ်။
ယနေ့ ရန်ကုန်ဘုရင့်နောင်ဈေးကွက် မတ်ပဲဈေးနှုန်းများမှာတော့ FAQ/RC (တစ်တန်) - ၁၈၆၀၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ ကွာဟမှု အများကြီးမရှိပါဘူး။ အနည်းငယ်တော့ တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပိဿာ ၆၀ တစ်အိတ်ကို ၁၈၀၀၀၀ အထက် ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာတော့ မတ်ပဲက တစ်တင်း (ပိဿာ ၂၀) ကို ၆၀၀၀၀ ကနေ ၆၁၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဆက်တိုက်မြင့်တက်နေရာကနေ အနည်းငယ် ပြန်ကျသွားပါတယ်။ ပစ္စည်းလက်ကျန်လည်း မရှိတဲ့အခြေအနေမှာ အရောင်းအဝယ်ကလည်း အေးနေပြီး ဈေးကမြင့်တက်နေတာဖြစ်လို့ ဈေးပြန်ထိန်းတာဖြစ်တယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။
ဒီနေ့ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၉၄၀၀၀၀ ပေါက်ဈေးရှိနေပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၈၇၀၀၀ ကနေ ၁၈၈၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃၀၀၀ လောက်တက်လာပါ တယ်။
နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မြင်းခြံနဲ့ မုံရွာတို့မှာတော့ တစ်တင်းကို ၆၀၀၀၀ ကနေ ၆၁၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၅၀၀ လောက် ဈေးကျဆင်းပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ တရုတ်ကို အဓိက တင်ပို့နေတာဖြစ်ပြီးတော့ လက်ရှိ တရုတ်ငွေဈေးမြင့်တက်နေမှုနဲ့ အတူ ဈေးတွေလည်းဆက်တိုက်မြင့်တက်နေပါတယ်။ တစ်ပတ်အတွင်းအနေနဲ့ဆိုရင်တော့ ပဲတီစိမ်းက အတက်အကျ အပြောင်းအလဲ အနည်းငယ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။
ပြောင်း
ပြောင်းဈေးကတော့ ဆက်တိုက်ပြန်တက်နေပါတယ်။ ငွေလဲလှယ်နှုန်းဈေးမြင့်တက်နေမှုနဲ့အတူ ထိုင်း နိုင်ငံကို ယခုလကုန်အထိ အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းမှုကလည်း ရှိနေတဲ့အတွက် ဈေးက တက်နေ တာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပြောင်းဆန်က တစ်ပိဿာကို ၉၄၀ ကနေ ၉၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း တစ်အိတ်ကို ၄၈၀၀၀ ကနေ ၄၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြားပြောင်းနီ၊ ရှမ်းပြောင်း၊ ဗမာပြောင်းများလည်း တစ်အိတ်ကို ၂၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲလွမ်း
ပဲလွမ်းကတော့ ပစ္စည်းလက်ကျန် လျော့နည်းနေပြီး ပြည်ပတင်ပို့မှုလည်း ရှိနေတဲ့အတွက် ဈေးက ဆက်တိုက်တက်နေပါတယ်။ အချို့ဒေသတွေမှာတော့ လက်ကျန်မရှိတော့လို့ အရောင်းအဝယ် မရှိဘူးလို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲလွမ်းဖြူ(ပဲခူး၊)ကတော့ တစ်ပိဿာကို ၂၄၁၅ ကနေ ၂၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်၊ ပဲလွမ်းဖြူ(မြစ်ဝကျွန်းပေါ်)ကတော့ တစ်ပိဿာကို ၂၂၁၅ ကနေ ၂၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။
ပဲလွမ်းနီကတော့ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၃၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲလွမ်းပြာက တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၅၀၀၀ ေပါက်ဈေးရှိပြီး ပဲလွမ်းဖြူကတော့တစ်အိတ်ကို ၁၁၀၀၀၀ ကနေ ၁၂၅၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Khin Soe Aye
လွန်ခဲ့သော ၄ နှစ် ကပြောင်းပိသာချိန်၃၀ဘယ်လောက်လဲ
ကိုထွန်းလွင်
လွန်ခဲ့သော ၄ နှစ် ကပြန်လည်ဖြေကြားပေးဖို့ မေတ်တာရပ်ခံပါတယ်ခင်ဗျ
ကိုထွန်းလွင်
လွန်ခဲ့သော ၄ နှစ် ကပြောင်းဈေးအလားအလာ ကိုသိချင်ပါတယ် cp ပြောင်းစိုက်ပျိုးနေတဲ့ တောင်သူတွေကိုစားမေးပေးတာပါခင်ဗျ
ကိုထွန်းလွင်
လွန်ခဲ့သော ၄ နှစ် ကဒီနှစ်အခြေနေတွေအရဆို အရင်းနှီးတွေများလို့ ဈေးကောင်းရမှအစဥ်ပြေကြမှဗျ တောင်သးတွေအနေနဲ့က
ကိုထွန်းလွင်
လွန်ခဲ့သော ၄ နှစ် ကဒီနှစ်ပြောင်းဈေး ဘယ်လို အခြေနေရှိလဲဗျ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026