မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲတီစိမ်း ဈေးအားလုံး သိသိသာသာမြင့်တက်
ပြီးခဲ့တဲ့အပတ်ဈေးအပိတ် ဇန်နဝါရီ ၂၇ ရက်နဲ့ယှဉ်ရင် ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်မှာတော့ မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲတီစိမ်းတွေဟာ ဈေးကွက်အားလုံးမှာ ဈေးတွေ သိသိသာသာမြင့်တက်လာပါတယ်။
ဇန်နဝါရီ ၂၃ ရက်တုန်းက ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ တစ်တန်ကို ၁၆၅၇၀၀၀ ကျပ် (တစ်တင်း ၅၃၂၈၀ ကျပ်) သာ ဈေးရှိခဲ့တဲ့ မတ်ပဲ(FAQ/RC – 2022) ဟာ ဒီနေ့မှာတော့ တစ်တန်ကို ၁၈၈၀၀၀၀ ကျပ် (တစ်တင်း ၆၀၄၅၀ ကျပ်) ထိဖြစ်လာတာမလို့ ၁၀ ရက်အတွင်း တစ်တန်ကို ကျပ် ၂၂၀၀၀၀ ကျော် ဈေးမြင့်တက်သွားတာပါ။
မတ်ပဲ(SQ/RC – 2022) ကလည်း ဇန်နဝါရီ ၂၃ ရက်တုန်းက တစ်တန်ကို ၁၈၈၇၅၀၀ကျပ် (တစ်တင်း ၆၀၆၉၀ ကျပ်) သာ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ တစ်တန်ကို ၂၀၃၃၀၀၀ ကျပ် (တစ်တင်း ၆၅၃၇၀ ကျပ်) ထိဖြစ်သွားပြီး သူလည်း ၁၀ ရက်အတွင်း တစ်တန်ကို ကျပ် ၁၄၅၀၀၀ ကျော် ဈေးမြင့်တက်သွားတာဖြစ်ပါတယ်။
အခြားဈေးကွက်တွေဖြစ်တဲ့ မန္တလေး၊ အောင်လံ၊ ပေါင်းတည် ဈေးကွက်တွေအားလုံးမှာလည်း ဈေးတွေတက်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်ဈေးအပိတ် ဇန်နဝါရီ ၂၇ ရက်နဲ့ယှဉ်ရင်ကို ဈေးတွေ ဆက်တိုက်မြင့်တက်လာတာဖြစ်ပါတယ်။
ပဲစင်းငုံနီဟာလည်း မတ်ပဲနဲ့အပြိုင် ဇန်နဝါရီ ၂၃ ရက်နောက်ပိုင်း ဈေးတွေပြန်တက်နေတာဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်တုန်းက ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ တစ်တန်ကို ၁၈၁၁၀၀၀ ကျပ် (တစ်တင်း ၅၈၂၃၀ ကျပ်) သာရှိရာကနေ ဒီနေ့မှာတော့ တစ်တန်ကို ၁၉၅၇၅၀၀ (တစ်တင်း ၆၂၉၄၀ ကျပ်) ဖြစ်လာလို့ ၁၀ ရက်အတွင်း တစ်တန်ကို ၁၄၆၅၀၀ ကျပ် မြင့်တက်သွားတာဖြစ်ပါတယ်။
မန္တလေး၊ ပခုက္ကူ၊ ပြည် ဈေးကွက်အားလုံးမှာလည်း ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တောင် အတော်လေးမြင့်တက်လာတာဖြစ်ပါတယ်။
ပဲတီစိမ်းဈေးတွေဟာလည်း ဆက်တိုက်အတက်ပြနေပြီး အမျိုးအစားကိုလိုက်လို့ တစ်တင်းကို ကျပ် ၅၀၀၀၀ ကျော် ၆၀၀၀၀ နီးပါးကနေ ၇၀၀၀၀ ကျော်ထိ ဈေးတွေဖြစ်လာတာတွေ့ရပါတယ်။ (ရန်ကုန်ဈေးကွက်ဟာ ၁ ပိဿာဈေးနှုန်းတွေဖြစ်ပြီး ၁ တင်းဈေးနှုန်းသိချင်ရင်တော့ ၂၀ နဲ့ မြှောက်ကြည့်လို့ရပါတယ်။ မန္တလေးဈေးကွက်ကတော့ ၃ တင်းဝင်တစ်အိတ် ဈေးနှုန်းတွေဖြစ်ပါတယ်)
ဈေးတွေဘယ်လောက်ထိ တက်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားမှာ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ ( ဇယားမှာတော့ ပြီးခဲ့တဲ့ အပတ်သောကြာနေ့ (၂၇.၁.၂၀၂၃) ဈေးတွေနဲ့ပဲ နှိုင်းယှဉ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။)

ပြည်ပပို့ကုန်ပဲဈေးကွက်မှာ အိန္ဒိယရဲ့ပဲလိုအပ်ချက်ကြောင့် ဝယ်ယူမှုတွေမြင့်တက်နေတာ၊ ငွေလဲဈေးနှုန်းမြင့်တက်လာတာတွေအပြင် တရုတ်ဘက်ကပါ ဝယ်ယူမှုတွေ ရှိနေတာကြောင့် ဈေးတွေကောင်းနေတာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဈေးကွက်သတင်း အေဂျင်စီ(AMIA) ရဲ့ သတင်းပေးပို့ထားချက်တွေအရ သိရပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုမျိုး
လွန်ခဲ့သော ၃ နှစ် ကမတ်ပဲစျေးကရှေ့ဆက်တက်ဖိုအလားလာရှိပါသလားခင်ဗျာ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026