ပဲဈေးအချို့ ပြန်တက်လာပြီး အိန္ဒိယပဲအထွက်နှုန်းလျော့နိုင်မှုများကြောင့် ထပ်တက်နိုင်ဖွယ်ရှိ၊ အာလူးဈေး အနည်းငယ်တက်
အိန္ဒိယနိုင်ငံမှာ ပဲပေါ်ချိန် မိုးအဆမတန်ရွာတဲ့အတွက် အထွက်နှုန်း လျော့နည်းနိုင်မယ်လို့ သုံးသပ်မှုများ ရှိနေပြီး ပဲတချို့ ဈေးပြန်တက်လာသလို အနည်းငယ်ထပ်တက်နိုင်ဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းမှုတွေ ရှိထားကြောင်း သိရပါတယ်။

မတ်ပဲ
မတ်ပဲကတော့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ငွေကြေးလဲလှယ်ဈေးနှုန်း အတက်အကျပေါ်မူတည်ပြီး ဈေးအပြောင်း အလဲ အတက်အကျတွေ ရှိနေပြီး ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် အတက်ဘက်ကို ရောက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ကျပ် ၁၈၄၁၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော် ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၇၀၀၀ ကနေ ၁၇၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မြင်းခြံဈေးကွက်၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို ၅၈၀၀၀ ကနေ ၅၉၀၀၀ ကြားပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ တစ်ပတ်လုံးနီးပါးဈေးအပြောင်းအလဲမရှိပဲ ဈေးငြိမ်နေပါတယ်။ အရောင်းအဝယ်ကလည်း ပဲလက်ကျန်မရှိသလောက်ဖြစ်နေတဲ့အတွက် ငြိမ်နေပြီး ငွေကြေးလဲလှယ်နှုန်းဈေး တည်ငြိမ်မှုမရှိတဲ့အတွက် စောင့်ကြည့်နေတဲ့ အနေအထားရှိနေတယ်လို့ ကုန်သည်အချို့က သုံးသပ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီ အထွက်နှုန်း လျော့နည်းနိုင်တဲ့အတွက် ဈေးတက်နိုင်ခြေတော့ ရှိတယ်လို့ခန့်မှန်းထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၉၇၅၀၀၀ နဲ့ ရက်အတန်ကြာဈေးငြိမ်နေခဲ့ပြီး ဒီတစ်ပတ် ဈေးအပိတ် သောကြာနေ့ (အောက်တိုဘာ ၁၄) မှာတော့ ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၈၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ခန့် ဈေးကျဆင်းသွားပါတယ်။
နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မြင်းခြံ နှင့်မုံရွာတို့မှာတော့ တစ်တင်းကို ၆၀၀၀၀ မှ ၆၂၀၀၀ လောက် ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၀၀၀ လောက်ဈေးတက်လာပါတယ်။
ကုလားပဲ
ကုလားပဲဈေးကတော့ နယ်ဈေးကွက်တွေမှာ ဈေးက ဆက်ပြီးကျဆင်းနေပေမယ့် ပဲလက်ကျန်တွေ ရှိနေသေးတဲ့ အတွက် ဖြည်းဖြည်းသာ ဈေးကျဆင်းနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အကျဈေးနဲ့ ဈေးငြိမ်နေပါတယ်။
ပဲပုတ်
ပဲပုတ်ဈေးက ရန်ကုန်ဈေးကွက်မှာတော့ ဈေးငြိမ်နေပါတယ်။ နယ်ဈေးကွက်မှာတော့ ပြည်ပအဝယ် လိုက်ပေမဲ့ ငွေကြေးဈေးကျဆင်းနေခြင်း၊ ဈေးကွက်အတွင်း အသစ်တွေလဲ ဝင်လာတဲ့ ပစ္စည်းများလာခြင်းတို့ကြောင့် ဈေးက ပြန်ကျဆင်းနေတာ ဖြစ်ပါတယ်။
အာလူး
အာလူးဈေးကတော့ အနည်းငယ်ဈေး ပြန်တက်လာပါတယ်။ ပွဲတော်ကာလ ပြည်တွင်းဝယ်ယူအား ကောင်းတဲ့ အပြင် အဝင်နည်းနေတဲ့အတွက် ဈေးက တက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာအာလူး(အောင်ပန်း)က တစ်ပိဿာကို ၁၆၅၀ ကနေ ၂၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ လောက် ဈေးမြင့်တက်လာပါတယ်။
တရုတ်အာလူးတွေကတော့ တစ်ပိဿာကို ၂၃၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါ တယ်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026