အိတ်စပို့ ပဲမျိုးစုံ ဈေးတက်၊ ကြက်သွန်နီလည်း ဈေးပြန်တက်လာ
ဒီတပတ်မှာတော့ ပြည်ပပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံဈေးတွေ အားလုံး ပြန်တက်လာတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ(AMIA) က ပေးပို့လာတဲ့ သီးနှံဈေးနှုန်းဖော်ပြချက်တွေအရ သိရပါတယ်။

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကစလို့ အကျဘက်ကို ဆက်တိုက်ဆင်းသွားတဲ့ မတ်ပဲဈေးတွေဟာ တစ်တန်ကို ကျပ် ၄၅၀၀၀ ကနေ ၅၀၀၀၀ ထိ ပြန်တက်လာတာပါ။
ဒီနေ့ဘုရင့်နောင်ဈေးကွက်ဈေးတွေကတော့ မတ်ပဲ(FAQ/RC - 2022) က တစ်တန်ကို ၁၅၈၂၅၀၀ ကျပ်၊ မတ်ပဲ(SQ/RC - 2021) က တစ်တန်ကို ၁၈၁၂၅၀၀၀ ကျပ် အသီးသီးရှိနေတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ မတ်ပဲဈေးတက်တာ၊ ပြည်တွင်းငွေလဲလှယ်နှုန်းတွေ မြင့်တက်တာတွေကြောင့် ဈေးက ပြန်မြင့်လာတာဖြစ်တယ်လို့ AMIA က သုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့အပတ်က အနည်းငယ်ကျရိပ်ပြန်ပြလာတဲ့ ပဲစင်းငုံနီ (RC - 2021) ဈေးဟာလည်း တစ်တန်ကို ၃၇၅၀၀ ဈေးပြန်တက်လာပြီး ဒီနေ့ဈေးနှုန်း တစ်တန်ကို ၁၄၆၂၅၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။
တရုတ်နိုင်ငံဘက်ကို အဓိကတင်ပို့နေတဲ့ ပဲတီစိမ်းဈေးကွက်ဟာလည်း မန္တလေးဈေး ကွက်မှာ ပိဿာ(၆၀) တစ်အိတ်ကို ကျပ် ၅၀၀၀ ကနေ ကျပ် ၁၀၀၀၀ ကြား တက်လာပြီး ၁၂၅၀၀၀ - ၁၄၀၀၀၀ ကြား ပေါက်ဈေးရှိနေတာပါ။
ကြက်သွန်နီဈေးတွေလည်း ဒီတစ်ပတ်အဖွင့်မှာတော့ ဈေးပြန်တက်လာပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာတော့ အမျိုးအစားကိုလိုက်လို့ တစ်ပိဿာကို ကျပ် ၁၀၀ ကနေ ၁၅၀ ခန့်အထိ ဈေးတွေ ပြန်တက်လာတာဖြစ်ပါတယ်။
တစ်ပိဿာအလိုက်ဈေးနှုန်းတွေကတော့..
ကြက်သွန်နီ (ဆိပ်ဖြူရှယ်(သစ်)) - ၁၇၅၀ ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး) - ၁၆၅၀ ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) - ၁၅၅၀ ကျပ်
ကြက်သွန်နီ (ဆိပ်ဖြူလတ်ချော) - ၁၂၅၀ ကျပ် တွေ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026