နှစ်သောင်းတန် ငွေစက္ကူဂယက်နဲ့ စပါး၊ မတ်ပဲ ဈေးကွက်အခြေအနေ
ဇူလိုင် ၃၁ ရက်မှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်မယ်ဆိုတဲ့ ဗဟိုဘဏ်သတင်းထုတ်ပြန်ချက်အပြီး ပြီးခဲ့တဲ့တစ်ပတ်အတွင်း စပါး၊ မတ်ပဲ ဈေးကွက်မှာ သက်ရောက်မှုတွေရှိခဲ့ပါတယ်။ ငွေကြေးဖောင်းပွနိုင်တယ်ဆိုပြီး ပြည်သူတွေက စိုးရိမ်မှုတွေရှိခဲ့ပြီး ဝယ်လိုအားအပေါ် သက်ရောက်မှုရှိခဲ့တာလို့ သိရပါတယ်။
ဘယ်လိုတွေသက်ရောက်မှုရှိခဲ့ပြီး ဈေးကွက်အခြေအနေ ဘယ်လိုရှိခဲ့လဲဆိုတာ လယ်ယာစိုက်ပျိုးရေး နှင့် ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) ရဲ့ တစ်ပတ်အတွင်း ဈေးကွက်သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
ဆန်၊ စပါး

ဝါးတန်းဈေးကွက်မှာတော့ ဆန်ဈေးတွေက မြင့်တက်လာပါတယ်။ ငွေကျပ် နှစ်သောင်းတန် ငွေစက္ကူ ထွက်ရှိမယ့် သတင်းထုတ်ပြန်ပြီးတဲ့နောက် ဈေးမြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။
ဈေးကွက်ထဲကိုလည်း ဆန်အဝင်နည်းသွားပြီး အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေတယ်လို့ သိရပါ တယ်။ ငွေဈေးအခြေအနေကြောင့် အရောင်းအဝယ်တွေ ရပ်တန့်သွားခဲ့ပြီး ဝယ်လိုအားများကာ ဈေး မြင့်တက်သွားခဲ့တာဖြစ်တယ်လို့ ဆန်ကုန်သည်အချို့က ဆိုပါတယ်။
ဆန်ဈေးတွေ မြင့်တက်လာပေမဲ့ စပါးလက်ကားဈေးကွက်မှာတော့ ပုံမှန်အတိုင်း ရှိနေပြီး ဈေးငြိမ်နေ ပါတယ်။ ဒါပေမဲ့ လက်လီဈေးကွက်မှာတော့ ဈေးတွေ မြင့်တက်လာခဲ့တယ်လို့ ဆန်ဝယ်ရောင်း လုပ်ကိုင်သူများက ပြောပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွေးနဲ့ ဒေးဒရဲပေါ်ဆန်းမွှေးတို့က တစ်အိတ်ကို ၉၁၀၀၀ ကနေ ၉၃၀၀၀ ထိပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းမွှေးကတော့ တစ်အိတ်ကို ၉၅၀၀၀ ကနေ ၉၇၀၀၀ ထိပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၉၀၀၀၀ မှ ၉၂၀၀၀ ထိ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၁၀၀၀၀၀ မှ ၁၁၅၀၀၀ ထိ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် အသီးသီး ဈေးတက်လာ ပါတယ်။
ဆန်ကြမ်း ဖြစ်တဲ့ ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၆၂၀၀၀ ကနေ ၆၅၀၀၀ ထိ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၅၀၀ ကျပ်၊ ဧည့်မထ ၂၅ မှတ်တန်ကတော့ တစ်အိတ်ကို ၅၈၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ငစိန်က တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၃၀၀၀ ထိ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ရက် ၉၀ ကတော့ တစ်အိတ်ကို ၇၁၀၀၀ ကနေ ၇၅၀၀၀ ထိ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် အသီးသီးဈေး မြင့်တက်လာပါတယ်။
စပါးလက်ကားဈေးတွေမှာတော့ ဧရာဝတီဈေးကွက်မှာ ပုသိမ်ပေါ်ဆန်စပါး၊ မြောင်းမြပေါ်ဆန်းစပါး၊ ဖျာပုံပေါ်ဆန်းစပါးနဲ့ ဒေးဒရဲပေါ် ဆန်းစပါးတို့က တင်း ၁၀၀ ကို ၁၉ သိန်းကနေ ၂၂ သိန်းနီးပါး ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။
မတ်ပဲ

မတ်ပဲကတော့ နှစ်ပတ်ဆက်တိုက်ဈေး မြင့်တက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဈေးကွက်ထဲကို အသစ်အဝင် အနည်းငယ်ရှိနေပြီး အဝင်ရှိသလောက် အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။
ငွေစက္ကူဂယက်ကြောင့် ကုန်သည်များက စောင့်ကြည့်နေကြတဲ့အတွက် အဝယ်ရှိနေပေမဲ့ အရောင်းကတော့ မရှိဘူးလို့ ကုန်သည်အချို့က ဆိုပါတယ်။ ဈေးကွက်အတွင်း ပဲလက်ကျန်လည်း သိပ်မရှိတဲ့အတွက် ဈေးအတက်အကျကတော့ အများကြီး မရှိပေမယ့် နေ့စဉ် ငွေလဲလှယ် ပေါက်ဈေး နှုန်းအတိုင်းတော့ ပြောင်းလဲနေတဲ့အခြေအနေ ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၂၂၉၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀၀ နီးပါးဈေး မြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၂၀၀၀၀ ကနေ ၂၂၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဗဟိုဘဏ်ဘက်ကတော့ အခုလို ‘ နှစ်သောင်းကျပ်တန်ငွေစက္ကူထုတ်ဝေခြင်းဟာ အမှတ်တရ အနေဖြင့် လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ် ပေးခြင်းဖြစ်၍ လည်းကောင်း ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း ဖော်ပြအပ်ပါသည်’ လို့ သတင်းထုတ်ပြန်ထားပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးကွက်သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026