သင်္ကြန်အပြီး ဆန်ဈေးအချို့တက်လာပြီး ပဲဈေးများလည်း မြင့်လာ
ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာ သင်္ကြန်ပိတ်ရက်မတိုင်ခင် ဧပြီ ၇ ရက်နဲ့ယှဉ်ရင် ဒီနေ့ ဧပြီ ၁၈ ရက်မှာ ဆန်အမျိုးအစားအချို့ ဈေးတွေ တက်လာတာဖြစ်ပါတယ်။
ဆန်(မြောင်းမြ၊ပုသိမ်ပေါ်ဆန်းမွှေး)(သစ်)၊ ဆန်(ရွှေဘိုပေါ်ဆန်း) (သစ်)၊ ဆန်(ဧည့်မထ ၂၅%)(သစ်)၊ ဆန်(ရက် ၉၀ ရှယ်)(သစ်)၊ ဆန်(သီးထပ်)(သစ်)၊ ကြားပျံရှယ်(သစ်) နဲ့ ပေါ်ဆန်းရှယ်(သစ်) တွေ ဈေးတက်သွားတာပါ။
ဘယ်ဆန်အမျိုးအစားတွေ ဘယ်လောက်ဈေးအပြောင်းအလဲဖြစ်သွားလဲ၊ ဘယ်ဆန်အမျိုး အစားတွေ အရင်ဈေးအတိုင်းငြိမ်နေလဲဆိုတာကိုတော့ အောက်ပါဇယားကွက်မှာ ကြည့်နိုင်ပါတယ်။
အပြောင်းအလဲဖြစ်သွားတဲ့အမျိုးအစားတွေကို အနီရောင်နဲ့ ဖော်ပြပေးထားပါတယ်။ (အချို့ ဆန်အမျိုးအစားတွေကတော့ ဈေးမဖွင့်ပါဘူး)

မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ ဈေးတွေလည်း သင်္ကြန်မတိုင်ခင်ကာလထက်စာရင် မြင့်တက်လာတာ ဖြစ်ပါတယ်။
ယနေ့ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ ဈေးနှုန်းများကတော့...
- မတ်ပဲ (FAQ/RC) တစ်တင်း - ၆၆၄၆၅ ကျပ်
- မတ်ပဲ(SQ/RC) တစ်တင်း - ၇၄၁၈၀ ကျပ်
- မတ်ပဲ(RAW) တစ်ပိဿာ - ၃၄၀၅ မှ ၃၄၄၅ ကျပ်
- ပဲစင်းငုံ(RC) တစ်တင်း - ၇၇၀၀၀ ကျပ်
- ကုလားပဲလုံးဖြူ တစ်ပိဿာ - ၃၆၃၀ မှ ၃၆၇၀ ကျပ်
- ကုလားပဲလုံးဖြူကြီး တစ်ပိဿာ - ၃၆၆၅ မှ ၃၇၂၀ ကျပ်
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026