ဆန်ဈေးနှုန်းများ တစ်ပတ်အတွင်း နှစ်ကြိမ်ဆက်တက်
ရန်ကုန်၊ ဝါးတန်းဆန်ဈေးကွက်မှာ အမြင့်ဈေးနဲ့အချိန်အတော်ကြာငြိမ်နေခဲ့တဲ့ ဆန်ဈေးတွေဟာ ပြီးခဲ့တဲ့အပတ် ဇန်နဝါရီ ၁၆ ရက်တုန်းက တစ်ကြိမ်တက်လာခဲ့သလို တစ်ပတ်အကြာ မနေ့က ဇန်နဝါရီ ၂၃ ရက်မှာလည်း နောက်ထပ်တစ်ကြိမ် ဈေးတွေထပ်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်သောကြာ ဇန်နဝါရီ ၂၀ ရက်အထိ ဆန်အမျိုးအစားအနည်းငယ်ကလွဲလို့ နောက်ထပ်ထူးထူးခြားခြား ဈေးအပြောင်းအလဲမျိုး မရှိတော့တာဖြစ်ပေမဲ့ ဒီတစ်ပတ်ဈေးကွက်အဖွင့်ဖြစ်တဲ့ မနေ့ကစပြီး ဆန်အမျိုးအစားအားလုံးဈေးထပ်တက်လာတာဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာတော့ ထပ်မတက်တော့ဘဲ မနေ့က ဈေးတွေအတိုင်းပဲ ဆက်ရှိနေပါတယ်။
ဇန်နဝါရီ ၁၆ ရက်ဈေးတက်တုန်းက ဧည့်မထဆန်(သစ်)နဲ့ ငစိန်ဆန်(သစ်) တွေက ဈေးမတက်တာ၊ တောင်ပျံ(ဖျာပုံ - သစ်) နဲ့ ပေါ်ကျွဲ (ဖျာပုံ - သစ်) တွေ ဈေးအနည်းငယ်စီကျတာ စသဖြင့် ခြွင်းချက်ရှိတာမျိုးတွေ ရှိခဲ့ပေမဲ့ မနေ့က ဈေးတက်မှုမှာတော့ ဆန်အမျိုးအစားအားလုံး ပါဝင်လာတာပါ။
ပြီးခဲ့တဲ့အပတ်အပိတ်ဈေး(ဇန်နဝါရီ ၂၀ ရက်ဈေး)နဲ့ယှဉ်ရင် ဘယ်လောက်အထိ ဈေးတွေတက်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်။ (တစ်တင်းခွဲတစ်အိတ် ဈေးနှုန်းတွေဖြစ်ပါတယ်)

နယ်စပ်စခန်းတွေပြန်ဖွင့်လာတာကြောင့် ဆန်တင်ပို့မှုမှာ ပိုမြင့်တက်လာနိုင်ပြီး ဈေးထပ်တက်နိုင်ဦးမယ်လို့ ဆန်ကုန်သည်တွေခန့်မှန်းထားမှုကတော့ ပြီးခဲ့တဲ့နှစ်ပတ်ခန့်ကကတည်းက ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026