အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု နိုဝင်ဘာလထက် တန်ချိန် ၃၅၀၀၀ ကျော်လျော့

ဒီဇင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှု နိုဝင်ဘာလထက် တန်ချိန် ၃၅၀၀၀ ကျော်လျော့

Green Way
Green Way • 04/01/2023

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုအနေနဲ့ ၂၂၈၄၄၅ တန်ရှိခဲ့ပြီး နိုဝင်ဘာ တင်ပို့မှု ထက်စာရင် တန်ချိန် ၃၅၀၀၀ ကျော်လျော့ကျသွားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုဝင်ဘာလအတွင်းကတော့ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၆၄၀၃၇.၆ မက်ထရစ်တန်ထိရှိခဲ့တာ ဖြစ်လို့ ဒီဇင်ဘာမှာတင်ပို့မှုဟာ ၃၅၅၉၂.၆ တန် လျော့ကျသွားတာပါ။ 

ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်နဲ့ဆန်ကွဲတင်ပို့တဲ့ကုမ္ပဏီ စုစုပေါင်း ၄၂ ခုရှိခဲ့ပြီး နိုဝင်ဘာလထက် ၁ ခုပိုတိုးခဲ့တယ်လို့ သိရပါတယ်။ ဆန်တင်ပို့မှု ၁၄၈၁၂၇ မက်ထရစ်တန်၊ ဆန်ကွဲတင်ပို့မှု ၈၀၃၁၈ မက်ထရစ်တန်ဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်ကနေတင်ပို့မှုအနေနဲ့ ၅၃၄၈၅ မက်ထရစ်တန်သာ ရှိခဲ့ပြီး နိုဝင်ဘာလနဲ့ယှဉ်ရင် နယ်စပ်တင်ပို့မှု တန်ချိန် ၃၀၀၀၀ ကျော် လျော့ကျသွားတာပါ။ ကျန်တဲ့ ၁၇၄၉၆၀ မက်ထရစ်တန်ကိုတော့ သင်္ဘောနဲ့ပင်လယ်ဖြတ်ကျော်တင်ပို့ခဲ့တာပါ။

ဒီဇင်ဘာလအတွင်း ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုကနေ ပြည်ပဝင်ငွေအနေနဲ့တော့ စုစုပေါင်း အမေ ရိကန်ဒေါ်လာ သန်း ၉၀ ရခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာနဲ့ယှဉ်ရင်တော့ ၁၆ သန်းလျော့သွားတာ ဖြစ်ပါတယ်။

ဆန်တင်ပို့မှုအနေနဲ့ အရင်လအတိုင်းပဲ စုစုပေါင်း ၂၄ နိုင်ငံကို တင်ပို့ခဲ့ပြီး အများဆုံးတင်ပို့ခဲ့တဲ့နိုင်ငံ ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စုစုပေါင်း ၅၄၅၅၀ မက်ထရစ်တန်သာ တင်ပို့ခဲ့ တာဖြစ်လို့ စုစုပေါင်းတန်ချိန် ၃၃၁၆၀ တန် လျော့သွားပါတယ်။ ဒါကြောင့် နိုဝင်ဘာလနဲ့ယှဉ်ရင် ဒီဇင်ဘာလမှာ ဆန်တင်ပို့မှု လျော့သွားတဲ့အဓိကအကြောင်းက ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်မှု လျော့ ခဲ့တာကြောင့်ဖြစ်တာ တွေ့ရပါတယ်။

နိုဝင်ဘာလအတွင်း စုစုပေါင်း ၄၉၆၈၅ မက်ထရစ်တန် တင်ပို့ခဲ့ရတဲ့ တရုတ်နိုင်ငံကိုလည်း ဒီဇင်ဘာလအတွင်း ၉၆၉၂ တန်လျော့ပြီး ၃၉၉၉၃ တန်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရုတ်သို့ ဆန်ကွဲတင်ပို့မှုကတော့ ၄၀၄၆၂ တန်ရှိခဲ့ပြီး နိုဝင်ဘာလနဲ့ယှဉ်ရင် ၁၆၇၁၂ တန် ပိုများခဲ့တာ ဖြစ်ပါတယ်။ 

ဥရောပတိုက်က ဘယ်လ်ဂျီယံကတော့ ဆန်ကွဲဝယ်ယူမှုလျော့ကျခဲ့ပြီး ၃၁၇၅၀ တန်သာရှိတော့ကာ နိုဝင်ဘာလနဲ့ယှဉ်ရင် ၂၄၅၉၅ တန် လျော့သွားတာဖြစ်ပါတယ်။ တင်ပို့ရတဲ့နိုင်ငံကတော့ ၁၁ နိုင်ငံဖြစ်လာပြီး နိုဝင်ဘာနဲ့ယှဉ်ရင် ၁ နိုင်ငံတိုးလာတာ တွေ့ရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလကစလို့ ဒီဇင်ဘာလအထိ ဆန်နဲ့ဆန်ကွဲပြည်ပတင်ပို့မှုမှာ နိုဝင်ဘာလအတွင်း အမြင့် ဆုံးဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုင်ငံတကာသတင်းတွေအရတော့ ကမ္ဘာ့ဆန်ဈေးကွက်မှာ အဓိကကျတဲ့ အိန္ဒိယနိုင်ငံက ပြည်ပ ဆန် တင်ပို့မှုအပေါ် တားဆီးကန့်သတ်မှုတွေပြုလုပ်လိုက်တဲ့အတွက် ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်တက်နေ သေးပြီး မြန်မာနိုင်ငံကနေ ဆန် တတိယအများဆုံးတင်ပို့နေရတဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း ၂၀၂၃ အတွင်း ဆန်တန်ချိန် ၃ ဒသမ ၄ သန်းလောက် တင်သွင်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။

Photos Crd_MRF

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။