မြို့နယ် ၁၁ မြို့နယ်တွင် ဆန်များထပ်ရောင်းပေးရန် စီစဉ်နေဟု MRF ဆို
ဩဂုတ် ၇ ရက် (ယမန်နေ့) ကစလို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးနေမှုမှာ စိတ်ဝင်စားဝယ်ယူသူများပြားပြီး အကြံပြုတောင်းဆိုမှုများအရ နောက်ထပ် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၁ မြို့နယ်မှာ ထပ်မံရောင်းချမှုတွေပြုလုပ်ပေးသွားဖို့စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF) က သတင်းထုတ်ပြန်ပါတယ်။
လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒလ၊ တွံတေး၊ မှော်ဘီ၊ မင်္ဂလာဒုံ စတဲ့ မြို့နယ်တွေမှာ ထပ်မံရောင်းချပေးသွားဖို့ စီစဉ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဘယ်လိုပုံစံနဲ့ ရောင်းချပေးသွားဖို့ စီစဉ်နေတာလဲဆိုတာကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။
ဩဂုတ်လအတွင်း ဧည့်မထ/ရက် (၉၀)နဲ့ ပေါ်ဆန်းမျိုးစုံ စုစုပေါင်း အိတ်ရေ ၁၇၀၀၀၀ အိတ်ကို ဈေးကွက်အတွင်း ထုတ်ရောင်းသွားဖို့ စီစဉ်ထားတာဖြစ်ပြီး လိုအပ်ရင်ထပ်မံထည့်သွင်းရောင်းချပေးသွားမယ်လို့တော့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒီလိုရောင်းချပေးရာမှာ လူတစ်ယောက်မှတ်ပုံတင် ၁ ခုလျှင် တစ်လကို ပေါ်ဆန်းအမျိုးအစား ဆန် ၁ အိတ်နဲ့ ဧည့်မထအမျိုးအစား ဆန် ၁ အိတ် လွတ်လပ်စွာဝယ်ယူသွားနိုင်မှာဖြစ်တယ်လို့ MRF က ထုတ်ပြန်ထားပါတယ်။
ဆန်ရောင်းချပေးရာမှာ ဧည့်မထဆန်တွေအတွက် အမျိုးအစားအလိုက် တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ နဲ့ ၆၅၀၀၀ နှစ်မျိုး၊ ဧရာဝတီပေါ်ဆန်းတစ်အိတ် ကျပ် ၉၄၀၀၀၊ ရွှေဘိုပေါ်ဆန်းရှယ် တစ်အိတ်လျှင် အမျိုးအစားအလိုက် ကျပ် ၁၁၀၀၀၀ နဲ့ ၁၂၀၀၀၀ နှစ်မျိုး စသဖြင့် ရောင်းချပေးတာဖြစ်တယ်လို့ သိရပါတယ်။
စတင်ရောင်းချပေးတဲ့ ယမန်နေ့ ဩဂုတ် ၇ ရက် ပြင်ပဆန်ဈေးကွက် ဝါးတန်းကုန်စည်ဒိုင်ဈေးကွက် ဈေးနှုန်းတွေမှာတော့ ရက် (၉၀) ရှယ်သစ်က ကျပ် ၇၅၀၀၀ ကနေ ၈၀၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းတွေက အမျိုးအစားအလိုက် ကျပ် ၉၅၀၀၀ ကနေ ၁၀၀၀၀၀ ကြား၊ ရွှေဘိုပေါ်ဆန်း က အမျိုးအစားအလိုက် ကျပ် ၁၂၅၀၀၀ ကနေ ၁၃၅၀၀၀ ကြား ပေါက်ဈေးရှိခဲ့တယ်လို့ လယ်ယာစိုက် ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာတဲ့ ဈေးကွက်ဈေးနှုန်းဇယားအရ သိရပါတယ်။
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးဈေးကွက် အချိတ်အဆက်
kokoaung
လွန်ခဲ့သော ၃ နှစ် ကနေ့တိုင်းတင်ပြပေးလို့ကျေးဇူတင်ပါခင်ဗျာ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....