အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
၀ဥစိုက်ပျိုးရေး စျေးကွက်ခိုင်မာမှုရှိနေ

၀ဥစိုက်ပျိုးရေး စျေးကွက်ခိုင်မာမှုရှိနေ

Green Way
Green Way • Greenovator • 24/01/2020

၀ဥစိုက်ပျိုးရေးမှာ ပြည်တွင်းပြည်ပ စျေးကွက်ခိုင်မာမှုရှိနေကြောင်း ၀ဥသီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချနေသူများက ပြောသည်။

ပြည်တွင်းမှာရှိတဲ့ ဝဥခြောက်ခံစက်ရုံတွေကို တင်ပို့ရောင်းချလို့ရပါတယ်။ လက်ရှိ စျေးကွက်အနေနဲ့ကတော့ စက်ရုံစျေးနှုန်းက တစ်ပိဿာကို (၂၀၀၀)ကျပ်စျေးနဲ့ ဝယ်ယူနေပါတယ်။ စျေးကွက်တင်ပို့ရာမှာတော့ အခက်အခဲမရှိပါဘူး။ ဝယ်လိုအားက များနေပါတယ်။ စိုက်ပျိုးတဲ့တောင်သူတွေနည်းပါးနေပါသေးတယ်ခင်ဗျာ

ဟု မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ တုံးကြီးရွာမှ ၀ဥသီးနှံစီးပွားဖြစ်စိုက်ပျိုးနေသူ ဦးကျော်ကိုကို က ပြောသည်။ 

ဝဥပင်သည် ပြည်တွင်း၌ဝယ်လိုအားကောင်းသည့်အပြင် သစ်တောသစ်ပင်နှင့် မြေဆီလွှာပြုန်းတီးမှုနည်းပါးခြင်းတို့ကြောင့် စိုက်ပျိုးရန် သင့်ကြောင်း သိရသည်။

ဝဥပင်ကို မေလ နောက်ဆုံးထားစိုက်ပျိုးနိုင်ပြီး၊ ဒီဇင်ဘာလအတွင်းလည်း စိုက်ပျိုးလို့ရပါတယ်။ အသီးတွေကို (၆)လပြည့်ရင်၊ ခူးဆွတ်နိုင်ပါတယ်။ ဥကိုတော့ (၈)လပြည့်ရင် တူးဖေါ်လို့ရပါပြီ။ စိုက်ကျင်းကို (၁) ပေပတ်လည် တူးပေးပြီး၊ ကျင်းရဲ့အနက်ကိုတော့ (၆) လက်မအနက်တူးပြီးနောက် မြေကိုဖွထားရပါတယ်။ မြေပြင်စဉ်မှာ နောက်ချေး၊ မြေဆွေးတို့ကို ရောနှောပြီး ထည့်ရပါတယ်။ ကြက်ချေး ထည့်ပေးနိုင်ရင်တော့ ပိုပြီးကောင်းပါတယ်။ စိုက်ပျိုးပြီး (၃)လအကြာမှာ ဆေးဖြန်းပုံးတစ်ပုံးကို ဆာခါး ဟင်းစားဇွန်းနဲ (၂) ဇွန်းနှုန်းနဲ့ပက်ဖျန်းပေးပါတယ်။  ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး လုံးဝမသုံးပါဘူး ခင်ဗျာ။

ဟု ဦးကျော်ကိုကိုက ဆက်လက်ပြောသည်။

ဝဥမျိုးအသီး တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝဥမျိုးဥ တစ်ပိဿာလျှင် (၅၀၀၀)ကျပ် ပေးရပြီး၊ တစ်ဧကစိုက်ပျိုးမှုအတွက် ဝဥ မျိုးဥ ပိဿာချိန် (၈၀၀)ဝန်းကျင် လိုအပ်ကြောင်း သိရသည်။

 နန်းထက်ထက်ချစ်(ABM)

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၆ နှစ် က

​နေပြည်​တော်မှာ နှစ်စဥ် ၀ဥ ၁ တန်ခန့်ထွက်ရှိ​နေ​သော ​ကျေးရွာ​လေး၁ရွာရှိပါတယ်။ ပြည်တွင်း အ​ခြောက်ခံစက်ရုံများကို မည်ကဲ့သို့ပို့​ဆောင်​ရောင်းချရနိုင်မည်ကို အကြံ​လေး​ပေးပါရှင့်

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။