အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒုတိယအကြိမ်မြောက် ခူးဆွတ်ရာသီချိန်အတွင်း ဂွေးချိုသီးဈေးကွက်ထူးခြားကောင်းမွန်နေ

ဒုတိယအကြိမ်မြောက် ခူးဆွတ်ရာသီချိန်အတွင်း ဂွေးချိုသီးဈေးကွက်ထူးခြားကောင်းမွန်နေ

တစ်နှစ်တာ၏ ဒုတိယအကြိမ်မြောက် ခူးဆွတ်ရာသီချိန်အတွင်း ဂွေးချိုသီးဈေးကွက် ထူးခြားကောင်းမွန်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။ 

"ဂွေးချိုသီးတွေကို အများအားဖြင့်ဆိုရင် ဩဂုတ်လမှာတစ်ကြိမ်၊ ဒီဇင်ဘာလလယ်မှာတစ်ကြိမ် တစ်နှစ်ကို ၂ ကြိမ်လောက် ခူးဆွတ်ရောင်းချကြပါတယ်။ ကျွန်တော်တို့ ပထမအကြိမ်(ဩဂုတ်လ) ခူးဆွတ်ရောင်းချခဲ့တုန်းက ဈေးနှုန်းနဲ့ အခုရနေတဲ့ဈေးနှုန်းနဲ့က အဆမတန်ကို ကွာခြားနေပါတယ်။ အခုကာလက ဈေးကောင်းအရဆုံး အချိန်လို့တောင် ပြောလို့ရပါတယ်။ ဩဂုတ်လတုန်းကဆို ဝယ်မယ့်လူမရှိလို့ ဈေးကွက်လိုက်ရှာခဲ့ရတယ်။ တချို့အသီးတွေဆို အပင်ပေါ်တင်မှည့်ကုန်တယ်။ အခုတော့ ကုန်သည်ပွဲစားတွေက ခြံအရောက် ဆင်းဝယ်နေကြပါတယ်။"

ဟု နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်၊ ပေါင်းလောင်း(၂)ရပ်ကွက်မှ ဂွေးချိုသီးပင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ဦးမောင်မောင်ဦးက ပြောသည်။

ဂွေးချိုပင်သည် နှစ်ရှည်အမျိုးအစားဖြစ်ပြီး၊ စိုက်ပျိုးပြီး ၃ နှစ်သားမှ ၅ နှစ်သားအရွယ်အတွင်း စတင်၍ နေ့စဉ်ဝင်ငွေ စတင်ရရှိနိုင်ကြောင်း သိရသည်။ 

"ဂွေးချိုသီးက စိုက်ပျိုးပြီး သုံးနှစ်မှာ အသီး စသီးတယ်ဗျ။ ဂွေးချိုသီး ဈေးကောင်းရတဲ့ကာလမျိုးမှာဆိုရင် သုံးနှစ်သားအရွယ်မှာ နေ့စဉ်ဝင်ငွေ အနည်းအကျဉ်းစရနိုင်ပြီး၊ အပင်သက်ငါးနှစ်မှာတော့ နေ့စဉ်ဝင်ငွေ ငါးသောင်းဖိုးကနေ၊ တစ်သိန်းဖိုးအထိ ရနိုင်ပါတယ်။ ဂွေးချိုမျိုးတွေဟာ နှစ်ရှည်ပင်အမျိုးအစားပါ။ တခြားသီးနှံတွေလို ပင်ပင်ပန်းပန်းမပြုစုရ၊ ဓာတ်မြေသြဇာတွေ မကျွေးရပါဘူး။ အပင်သက်တမ်းကတော့ အနှစ် ၃၀ လောက် ရှိပါတယ်။"

ဟု ၎င်းက ဆက်လက်ပြောသည်။ 

ဩဂုတ်လဝန်းကျင်က ဂွေးချိုသီး ၂ တင်းခွဲဝင် တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သော်လည်း၊ လက်ရှိဈေးကွက်အတွင်း ဂွေးချိုသီး ၂ တင်းခွဲဝင် တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေသည်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Aung Myo Oo • ဖြေကြားချက် 2 ခု

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

wai phyo naing • ဖြေကြားချက် 0 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 3 ခု

မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား

Sawsamson • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။