ပြည်ပသို့ စပါးတင်ပို့ရောင်းချရာတွင် သေချာစွာ စာချုပ်ချုပ်ဆိုရောင်းဝယ်ရန် ဆန်စပါးအသင်းချုပ် အသိပေး
ရန်ကုန်၊ အောင်တိုဘာ ၂၄ ရက်။
ပြည်ပသို့ စပါးတင်ပို့ရောင်းချရာတွင် ဝယ်သူနှင့် သေချာစွာစာချုပ်ချုပ်ဆိုရောင်းဝယ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၂ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီတို့၏ ပူးတွဲအစည်းအဝေး ဆုံးဖြတ်ချက်များအနက်မှ ကောက်နုတ်ချက်များကို ယခုလ ၂၃ ရက်က ထုတ်ပြန်သည့် အသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ စပါးတင်ပို့ရောင်းချလိုသူများနှင့် ပင်လယ်ရေကြောင်းမှ အခြားနိုင်ငံများထံသို့ စပါးရောင်းချလိုသူများအနေဖြင့် ဝယ်သူနှင့် သေချာစွာ စာချုပ်ချုပ်ဆို ရောင်းဝယ်ရန်နှင့် ပို့ကုန်လိုင်စင်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်ပြညှိနှိုင်းဆောင်ရွက်ရန် အသိပေးထုတ်ပြန် ထားသည်။
လာမည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ပြည်ပနိုင်ငံများသို့ ဆန်ဈေးကွက် ရှာဖွေရေးအတွက် တရုတ်၊ ဖိလစ်ပိုင်နှင့် အာဖရိကနိုင်ငံများသို့ အဖွဲ့များခွဲ၍ သွားရောက်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးတွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကိစ္စရပ်၊ အသင်းချုပ်၏ ဒေသကော်မတီများ ဖွဲ့စည်းရေးကိစ္စရပ်၊ ပြည်ပဈေးကွက်မြှင့်တင်ရေးခရီးစဉ်များ သွားရောက်ရေးကိစ္စ၊ စပါးပြည်ပတင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလီမိတက် (MAPCO)နှင့် (CITIC) တို့အကြား Cooperation Agreement ရေးထိုးရေးအား မှတ်တမ်းတင်ရန် စသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းသိရသည်။
အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာခြင်းသည် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ က ထုတ်ပြန်ခြင်းဖြစ်သဖြင့် ဆန်စက်လုပ်ငန်းရှင်များအပါအဝင် နိုင်ငံအတွင်းရှိ စပါးဝယ်ယူသူအားလုံးသည် အဆိုပါထုတ်ပြန်ချက်တွင်ပါဝင်သည့် အခြေခံရည်ညွန်းစပါးစျေးနှုန်း/ စံချိန်စံညွှန်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပြီး ဝယ်ယူခြင်းပြုလုပ်ပေးရေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒေသကော်မတီများဖွဲ့စည်းရေးကို ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် လာမည့် နို၀င်ဘာလ၊ ဒီဇင်ဘာလများအတွင်း ပြီးပြတ်အောင်ဆောင်ရွက်ရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဆက်လက်ဆောင်ရွက်နိုင်ရေးကို ဦးစားပေး စီစဉ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026