အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စားတော်ပဲတင်သွင်းခြင်းနဲ့ပတ်သက်ပြီး ဆိုင်းငံထားသင့်ကြောင်း ကြေငြာချက်ထုတ်ပြန်

စားတော်ပဲတင်သွင်းခြင်းနဲ့ပတ်သက်ပြီး ဆိုင်းငံထားသင့်ကြောင်း ကြေငြာချက်ထုတ်ပြန်

Green Way
Green Way • Greenovator • 05/07/2019

စားတော်ပဲတင်သွင်းခြင်းနဲ့ပတ်သက်၍ ဆိုင်းငံ့ထားသင့်ကြောင်းကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက ဒီကနေ့မှာကျင်းပပြုလုပ်တဲ့ အလုပ်အမှုဆောင်အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်အရ ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကုန်စည်ဒိုင်များအနေနဲ့ စားတော်ပဲတင်သွင်းမှုကို ကန့်ကွက်မှုများများလာတဲ့အတွက် ခေတ္တယာယီဆိုင်းငံ့သင့်ပါတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောပါတယ်။

“ လက်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနကို ဆိုင်းငံ့ထားပေးဖို့နဲ့ တင်သွင်းဖို့မတင်သွင်းဖို့အတွက် သုံး သပ်တဲ့သဘောပါ။ စားတော်ပဲတင်သွင်းမယ့်ကိစ္စကို ဆိုင်းငံ့ထားပေးဖို့အတွက် ဆွေးနွေးတာပါ။ ကုန်စည်ဒိုင်တွေကနေပြီးတော့ ကန့်ကွက်တာတွေများလာတော့ အာလုံးသုံးသပ်ပြီးတော့ မတင်သွင်းသင့်ဘူး။ ခေတ္တ ယာယီဆိုင်းငံ့သင့်ပါတယ်ဆိုပြီးတော့ ဆိုင်ငံ့အနေနဲ့ အခုလက်ရှိက ရပ်ပေးလိုက်တာပေါ့”

အဆိုပါဆွေးနွေးဆုံးဖြတ်ချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အကြံပြု တင်ပြထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့ပဲများဖြစ်တဲ့ ပဲတီစိမ်း၊ ပဲစဉ်းငုံနဲ့ မတ်ပဲများကို အိန္ဒိယနိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။