အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပင်မျိုးသစ်သီးနှံ (၁၇) မျိုးလျှောက်ထား

အပင်မျိုးသစ်သီးနှံ (၁၇) မျိုးလျှောက်ထား

Green Way
Green Way • Greenovator • 10/09/2019

   အပင်မျိုးသစ် သီးနှံမျိုးပေါင်း (၁၇)မျိုးကို လက်မှတ်ရရှိရေးအတွက် လျှောက်ထားလျက်ရှိ ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

   အပင်မျိုးသစ်ကာကွယ်ရေးဥပဒေ အတည်ပြုပြီးပါက သီးနှံ(၁၇)မျိုးကို စစ်ဆေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ပြောပါတယ်။

   “လျှောက်ထားတဲ့ အပင်မျိုးသစ်တွေကရှိတယ်။ စစ်ပေးလို့ရပေမယ့် ဥပဒေအတည်ပြုပြီးမှသာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဆုံးဖြတ်ပြီးသွားရင်တော့ လျှောက်ထားတဲ့ အပင်မျိုးသစ်တွေကို စစ်ဆေးပေးသွားမှာပါ”

   မျိုးသစ်အသိအမှတ်ပြုလက်မှတ် ရရှိရေးအတွက် လျှောက်ထားတဲ့ သီးနှံမျိုးများမှာ ပီလောပီနံ၊ စပါး၊ ပြောင်းချို၊ ငရုတ်၊ ဝါ၊ အစေ့စားနေကြာ၊ ဟင်းစားပဲပုပ်၊ ပဲနီ၊ ကြက်သွန်နီ၊ ကြက်ဟင်းခါး၊ ခရမ်း၊ နံနံ၊ မုန်လာဥနီ၊ မုန်လာရွက်၊ ရုံးပတီ၊ ခဝဲ၊ သခွား၊ ဖရုံသခွား၊ သကြားမုန်လာ၊ သင်္ဘော၊ အာလူး၊ တစ်သျှူးဌက်ပျော၊ ကြံ၊ စတီဗီယာရွက်၊ ဘူးသီး၊ စပါးမိဘလိုင်း၊ အစေ့ထုတ်ပြောင်းမိဘလိုင်း၊ ခရမ်းချဉ်မိဘလိုင်း၊ သခွားမိဘလိုင်း၊ ဖရဲမိဘလိုင်း၊ ကြက်ဟင်းခါးမိဘလိုင်း၊ ပဲတောင့်ရှည်မိဘလိုင်း၊ ရွှေဖရုံမိဘလိုင်းနဲ့ ရုံးပတီမိဘလိုင်း တို့ကို လျှောက်ထားကြောင်း အဆိုပါဌာနမှသိရပါတယ်။ 

   အပင်မျိုးသစ်ဥပဒေ အတည်ပြုထွက်ရှိနိုင်ရေးအတွက် မကြာခင်မှာ လွှတ်တော်မှာ အတည်ပြုဆုံးဖြတ်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။