ငှက်ပျောသီးဈေးနှုန်းများကျဆင်းနေသော်လည်း ပခုက္ကူခရိုင်ရှိ ဒေသတချို့၌ ဈေးကွက်မပြတ်လည်ပတ်နေ
ဒေသတော်တော်များများရှိ ငှက်ပျောစိုက်ပျိုးသူများ ဈေးကွက်ကျဆင်းသည့်ဒဏ်ကို အနည်းနှင့်အများဆိုသလို ခံစားနေရသော်လည်း မကွေးတိုင်း၊ ပခုက္ကူခရိုင်ရှိ ဒေသတချို့၌ ငှက်ပျောဈေးကွက်မပြတ် လည်ပတ်နေကြောင်း သိရသည်။
ကိုဗစ်ကာလဆိုတော့ ငှက်ပျောဈေးကွက် နည်းနည်းအေးတယ်ဆိုပေမယ့် ကျွန်တော်တို့ပခုက္ကူဒေသမှာတော့ ကျန်တဲ့ဒေသတွေထက် ဈေးကွက်ကောင်းတယ်ခင်ဗျ။ ကျွန်တော် ငှက်ပျော ငါးဧကစိုက်ထားပြီး အသီးထွက်နေတာက နှစ်ဧကခွဲ ရှိပါတယ်။ ကျွန်တော့်ခြံကတင်မလောက်လို့ ဘေးခြံတွေကနေ ယူရောင်းရတာမျိုးတောင်ရှိတယ်။ ခြံထဲတင် အရောက်လာဝယ်ကြတာပါ။ ပခုက္ကူမှာ ကိုဗစ်ကာလ မတိုင်ခင်က ငှက်ပျောသီးကို နတ်ပွဲတွေမှာ အသုံးများတယ်။ အခု ကိုဗစ်ရှိပြန်တော့လည်း ဝါတွင်းဆိုတော့ ပွဲထိုးတာ၊ ဘုန်းကြီးကျောင်းလှူတာ၊ ဥပုသ်သည်တွေအတွက် ဝယ်တာတွေ ရှိနေတယ်။ ဈေးကွက်ထွက်ပေါက်မရှိတဲ့ နေရာတချို့မှာတော့ ငှက်ပျောဈေးကွက် အေးနေတယ်လို့ သိရပါတယ်။
ဟု မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ လက်ပံရှည်ပေါ်ဒေသမှ ငှက်ပျောပင် စီးပွားဖြစ်စိုက်ပျိုးသူ ကိုကျော်စိုးနိုင် က ပြောသည်။
အဆိုပါဒေသတွင် ဖီးကြမ်းငှက်ပျော အောက်စတစ်ဖီးလျှင် (၇၅၀) (၈၀၀) ကျပ်၊ ဖီးကြမ်းငှက်ပျော ရှယ် တစ်ဖီးလျှင် (၉၀၀) ကျပ် ဈေးများဖြင့် ရောင်းချနေသည်။
တစ်ဖီးကိုးရာကျပ်ဆိုတာက အခုရက်မှာမှ နည်းနည်းလေးဈေးကျသွားတာ။ ပြီးခဲ့တဲ့ရက်ကဆို တစ်ထောင်ကျပ်အထိ ရပါတယ်။ မကွေးတိုင်းတစ်တိုင်းတည်းဆိုပေမယ့် မြိုင်နယ်၊ ရေစကြိုနယ်တို့လို အနီးအနားနယ်တွေက နည်းနည်းလည်းခေါင်တော့ ငှက်ပျောသီးအစားများတယ်။ အဲ့ဒီဒေသတွေမှာ ရေလည်းရှားတော့ ငှက်ပျောစိုက်ဖို့ အဆင်မပြေတာကြောင့် ကျွန်တော်တို့ဘက်က ငှက်ပျောကို အားထားနေရတယ်။ ထွက်တဲ့ငှက်ပျောသီးကို ဒိုင်ခံကို ဝယ်ကြတယ်။ ဒါ့ကြောင့် ငှက်ပျောဈေးကွက်က မပြတ်ဘဲ တွင်ကျယ်နေတာပါခင်ဗျ။
ဟု ကိုကျော်စိုးနိုင် က ဆက်လက်ပြောသည်။
မကွေးတိုင်းအတွင်း သဘာဝမိုးရေကိုသာ အဓိကအားထားရသည့် ဒေသတချို့တွင် ရေရှားပါးသဖြင့် ငှက်ပျောစိုက်ပျိုးမှု မဖြစ်ထွန်းသော်လည်း ဧရာဝတီမြစ်ရေတင်စီမံကိန်းရှိသည့် မကွေးတိုင်း၊ ပခုက္ကူခရိုင်နှင့် မန္တလေးတိုင်း၊ ညောင်ဦးနယ်ကြားရှိ လက်ပံရှည်ပေါ်ဒေသ အနီးတဝိုက်ဒေသများတွင်မူ ရေအခက်အခဲမရှိသဖြင့် ငှက်ပျောစိုက်ပျိုးမှု ဖြစ်ထွန်းကြောင်း သိရသည်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022